Sunday, February 10, 2013

သီရိလင်္ကာ နိုင်ငံတွင် ဥက္ကာခဲ အမှုန်များ ကျဆင်း လာမှုနှင့် စပ်လျဉ်း၍ စုံစမ်း စစ်ဆေးလျက် ရှိ

Posted by drmyochit Sunday, February 10, 2013, under | No comments


ကိုလံဘို ဖေဖော်ဝါရီ ၉

သီရိလင်္ကာ နိုင်ငံ ပါလီမန် လွှတ်တော် အနီးရှိ အိမ် တစ်အိမ်၏ ခြံဝင်း အတွင်းသို့ ဖေဖော်ဝါရီ ၈ ရက် အစော ပိုင်းက ဥက္ကာခဲ အမှုန်များ ကျဆင်း လာမှုနှင့် စပ်လျဉ်း၍ ၎င်း နိုင်ငံက စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်လျက် ရှိကြောင်း သဘာဝ ဘေးအန္တရာယ် စီမံ ခန့်ခွဲရေး ဌာနမှ တာဝန် ရှိသူ များက ပြောကြား ခဲ့သည်။

အဆိုပါ အမှုန်များကို သိပ္ပံ ပညာရှင် များက အစောပိုင်းတွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဥက္ကာခဲ အပိုင်း အစများ ဖြစ်နိုင်ဖွယ် ရှိသည်ဟု ယူဆ ခဲ့သည်။ အိမ် တစ်အိမ်၏ ခြံဝင်း အတွင်းသို့ ဥက္ကာခဲ အမှုန်များ ကျဆင်း လာသည် ဆိုသော သတင်းကို သီရိလင်္ကာ နိုင်ငံ သဘာဝ ဘေးအန္တရာယ် စီမံ ခန့်ခွဲမှု ဌာန (DMC) မှ တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြား ခဲ့သည်။

ထိုအမှုန်များနှင့် ပတ်သက်၍ စစ်ဆေးမှု များကို ထပ်မံ လုပ်ဆောင်ရန် လိုအပ်ကြောင်းနှင့် စစ်ဆေး တွေ့ရှိ သည့် အချက်အလက် များကို မကြာမီတွင် ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း ကိုလံဘို တက္ကသိုလ် ရူပဗေဒ ဌာနမှ ကထိကနှင့် ကိုလံဘို မြို့ရှိ Arthur C.Clarke နက္ခတ္တ ဗေဒနှင့် အာကာသ ဆိုင်ရာ အသုံးချရေး ဌာနမှ အတိုင်ပင်ခံ ဒေါက်တာ ချန်ဒနာ ဂျယာရတ်နီက ပြောကြားခဲ့သည်။

မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်