Sunday, February 10, 2013

လျှပ်စစ်မီးသွယ်တန်းရာမှ ကျောက်ပန်းတောင်းမြို့နယ်တွင် ပဋိပက္ခဖြစ်ပွား

Posted by drmyochit Sunday, February 10, 2013, under | 1 comment

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်တောင်းမြို့နယ်နှစ်ကျပ် ခွဲကျေးရွာတွင် လျှပ်မီးလင်းရေး အတွက် လျှပ်စစ် ၀န်ကြီးဌာနမှ လျှပ်စစ်သွယ်တန်းရာတွင် ယခင် က ကိုယ်ထူကိုယ်ထငွေအကုန်ခံ ပြီး ပြုလုပ်ထား သည့်လျှပ် စစ်ဓာတ် ကြိုးများ ကျေးရွာသားတို့၏ခွင်ပြု ချက်မယူပဲအတင်းအဓမ္မ၀င်ရောက် သွယ်တန်းရာမှ နှစ်ကျပ် ခွဲကျေးရွာ မှ ပြည်သူများနှင့် လွှတ်တော် ကိုယ်စားလှယ်၊ ကျောက်ပန်း တောင်းမြို့နယ်ရဲများ လျှပ်စစ်ဝန် ကြီးဌာနမှတာဝန်ရှိသူများမှာ ပဋိ ပက္ခအသွင်ဆောင်သည့်ဖြစ်ရပ် တစ်ခုဖြစ်ပွားခဲ့ကြောင်း MJN ရုံး ခန်းတွင်ကျင်းပသည့်သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

အဆိုပါသတင်းစာရှင်းလင်း ပွဲတွင် ကိုယ်ထူကိုယ်ထလျှပ်စစ် မီးလင်းအောင်ပြုလုပ်ထားပြီးမှ ယခု အစိုးရ သစ်လက် ထက်တွင် ကျေးရွာများမီးလင်းရေးအတွက် ဆောင်ရွက်ရာ၌ ယခင်က မိမိတို့ အကုန် ကျခံသွယ် တန်းထားသည့် လျှပ်စစ်မီးများကို မိမိတို့အား မညှိနှိုင်းပဲ အတင်းအဓမ္မသွယ်တန်း ကြကြောင်း သတင်းစာ ရှင်းလင်း ပွဲသို့ကြွရောက်လာသည်ဆရာ တော်တစ်ပါးကမိန့်ကြားသည်။

“၂၉.၁.၂၀၁၃ ရက်နေ့ နံနက် (၁၀း၄၅) မှာ မန္တလေး တိုင်းဒေသကြီး (စက်မှုနှင့် လျှပ်စစ်) ၀န်ကြီး ဒေါက်တာ မြင့်ကြူနှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးကြီး၊ တိုင်းလျှပ်စစ်အင်ဂျင်နီယာ ဒေါ်အေးအေးမင်း၊ တိုင်းသာ သနာ ရေးမှူး၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်သာသနာ ရေးမှူး၊ မြို့နယ် အုပ် ချုပ်ရေးမှူး၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၊ မြို့နယ်သာသနာရေးမှူးအပါအ၀င် ကျောက်ပန်းတောင်း မြို့နယ် တိုင်း လွှတ်တော်ကိုယ်စားလှယ်ဦးတိုင်း အေး (ကြံ့ခိုင်ရေး) တို့နှင့် အတူ ရဲတပ်ဖွဲ့ဝင်အင်အား (၁၀၀) ကျော်၊ လျှပ်စစ်ဝန်ထမ်း (၃၀) ကျော်က အတင်းအဓမ္မ၀င်ရောက်ပြီးတော့ ဘုန်းဘုန်း တို့ကိုယ် ထူကိုယ်ထ လုပ် ဆောင်ထားတဲ့ လျှပ်စစ်မီးတွေကို ၀င်ရောက်လုယူကြပါတယ်”ဟု ကျောက်ပန်း တောင်းမြို့နယ်နှစ်ကျ ခွဲကျေးရွာကိုယ်ထူကိုယ်ထမီးလင်း ရေးကော်မတီစာနယ်ဇင်ရှင်းလင်း ပွဲသို့တက် ရောက်လာ သည် နှစ်ကျပ်ခွဲရွာဘုန်တော်ကြီးကျောင်း မှဆရာတော်တစ်ပါးက မိန့်ကြား ခဲ့သည်။


အဆိုပါလျှပ်စစ်မီလင်းရေး နှင့် ပတ်သက်ပြီး အစိုးရအာဏာ ပိုင်များနှင့် ဒေသခံပြည်သူတို့ ပြဿသနာ ဖြစ်ပွားခဲ့ ရခြင်းမှာ အစိုးရဘက်မှ မီးလင်းရေးစီမံချက် ဖြင့်လုပ်ဆောင်ခြင်းဖြစ်သော်လည်း ကိုယ်ထူ ကိုယ်ထ ပြုလုပ် ထားသည့် ဓာတ်တိုင်များမှာ အလွယ်တကူး သွယ်တန်းရာတွင် ပြည်သူများ အား ညှိနှိုင်းမှု မပြုလုပ်ပဲ အင်အား သုံးပြီးလုပ်ဆောင်ခြင်းကြောင့် အသေးစားပြဿနာအဆင့်မှ ပဋိပက္ခ အသွင် အထိ ပြောင်းလဲ သွားခဲ့ ရခြင်းဖြစ်ကြောင်း သိရ သည်။

မျိုးမြင့်

1 comments:

ဒီကိစ္စ ဘုန်းကြီးမှားတာပါ ။ အရင် က ကျေးရွာအတွက်လှူခဲ့တဲ့
ထရန် စဖာ ကို ဘုန်းကြီးကအပိုင်စီးပြီး ရွာတခြမ်းကိုပဲ မီးပေးထားလို့ တရွာလုံး မီးရဖို့ ဌာနဆိုင်ရာက လာပြီး မီးသွယ်တာပါ။ ဒီလိုမီးသွယ်လို့ ဘုန်းကြီးမှာဘာအကျိုးမှ
မထိခိုက်တဲ့အပြင်ကုသိုလ်လဲရ ကူညီရာလဲ ရောက်ပါတယ်။
ဒါကိုဝန်တိုစိတ်နဲ့ တားမြစ်ရင်း ဘုန်းကြီးလူတွေကတဖက်
ရွာသားနဲ့လျှပ်စစ်ကတဖက် ပြသနာ တက်တာ။
ဘုန်းကြီးတန်မဲ့ဒီလိုစိတ်ထားမျိုးရှိပြီး အခုလို လိမ်ညာပြီး
သတင်းစာရှင်းလင်းပွဲ ဆိုပြီးလုပ်တာတော်တော်လွန်ပြီ

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်