Sunday, February 10, 2013

တမူးမြို့တံတားတခုကို ကသည်းသူပုန်တွေ ဖျက်ဆီး

Posted by drmyochit Sunday, February 10, 2013, under , | No comments


စစ်ကိုင်းတိုင်း တမူးမြို့နယ်ထဲက တံတားတခုကို မိုင်းခွဲဖျက်ဆီးခဲ့တာ နယ်စပ်အခြေစိုက် ကသည်း သူပုန်တွေ ဖြစ်တယ်လို့ ဒီကနေ့ထုတ် အစိုးရသတင်းစာမှာ ရေးထားပါတယ်။

ဖောက်ခွဲသူတွေ ချန်ထားခဲ့တယ်လို့ ယူဆရတဲ့ စာရွက်မှာ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့စာက - ကဘော် ချိုင့်ဝှမ်းဒေသဟာ မဏိပူပြည်နယ်နဲ့ပဲ သက်ဆိုင်တယ် လို့ အဓိပ္ပာယ်ရကြောင်း သိရပါတယ်။ စာထဲမှာ မြန်မာ တွေကို ဆဲဆို ရေးသားထားတယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုအမျိုးသား လွတ်မြောက်ရေးတပ်ဦး ဆိုတဲ့ ကသည်းသူပုန်တွေရဲ့ လက်နက်မျိုးစုံ ၉၆ လက် ယခင် တပတ်က တမူးမြို့ထဲ အသိမ်းခံရတာကို "မကျေနပ်သဖြင့် တံတားကို ဖောက်ခွဲ ဖျက်ဆီးခြင်းဖြစ်ကြောင်း သိရှိသည်" လို့ သတင်းက ဆိုပါတယ်။

Google ဂြိုဟ်တုဓာတ်ပုံမှာ တွေ့ရတဲ့ တမူးမြို့ဝန်းကျင်

မြန်မာ့အလင်းမှာ ဖော်ပြထားတဲ့ သတင်း အပြည့်အစုံကို


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်