Sunday, February 10, 2013

ဒါကာမြို့အနီး ကူးတို့ရေယာဉ်နစ်မြုပ် လူအများအပြား ပျောက်ဆုံး

Posted by drmyochit Sunday, February 10, 2013, under | No comments


ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာအနီးတွင် ဖေဖော်ဝါရီ ၈ ရက်က မက်နာအမည်ရှိ မြစ်တစ်မြစ်အတွင်း လူပေါင်း ၁၀၀ အား တင်ဆောင်လာသော ကူးတို့ရေယာဉ်တစ်စင်း နစ်မြုပ်မှုဖြစ်ပွားရာ လူများအပြား ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။ ဆိုပါ ကူးတို့ရေယာဉ် နစ်မြုပ်ပြီးနောက် ၂၅ ဦးခန့်မှာ မြစ်အတွင်း ခုန်ချပြီး အနီးအနားရှိ ကမ်းခြေသို့ ရေကူးသွားခဲ့ကြောင်း၊ သို့သော်လည်း ၅၀ ခန့်မှာ ပျောက်ဆုံးနေကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက ပြောကြားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အဆိုပါ မြစ်အတွင်းတွင် ကူးတို့ရေယာဉ် မတော်တဆမှုများ မကြာခဏ ဖြစ်ပေါ်မှုကြောင့် နှစ်စဉ် လူပေါင်းများစွာ သေဆုံးလျက်ရှိသည်ဟု ဆိုသည်။

(ဘီဘီစီ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်