Saturday, February 02, 2013

တာမွေ မေတ္တာညွန့်ရပ်ကွက်တွင် မီးလောင်မှု ဖြစ်ပွား

Posted by drmyochit Saturday, February 02, 2013, under , | No comments

တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် မာလာနွယ်လမ်း အမှတ် ၇၂၈ ခြောက်လွှာတိုက်ခန်းရှိ မီးခလုတ်ပေါ် တွင် မီးလုံးတင်ဆင်ရာမှ ဖေဖော်ဝါရီ ၂ ရက်က မီးလောင်မှု တစ်ခု ဖြစ်ပွားကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်သည် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ဖြစ်ပွားပြီး မီးသတ်ယာဉ် သုံးစီး၊ ကွပ်ကဲ မှု ယာဉ် နှစ်စီး၊ သန္ဓေမီးသတ် ၄၀၊ အရန်မီးသတ် ၁၀ ဦးတို့ဖြင့် သွားရောက် မီးငြှိမ်းသတ်ရာ မွန်းလွဲ ၁ နာရီ တွင် မီးငြိမ်း သွားကြောင်း သိရသည်။


ဝိုင်ယာကြိုး၊ စာအုပ်စင်၊ စာအုပ်အနည်းငယ်နဲ့ သစ်သားမီးခလုတ်ခုံတို့ မီးလောင်သွားတယ်။ ဆုံးရှုံးမှု တန်ဖိုး ကျပ် ၃၀၀၀ ဖြစ်တယ်”ဟု မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မီးလောင် မှု ဖြစ်စဉ်နှင့် ပက်သက်၍ ဒေါ်ဝေေ၀အား (ပ)၆၂/၂၀၁၃ ပုဒ်မ- ၂၈၅ ဖြင့် အရေးယူ ထားကြောင်း သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်