Saturday, February 02, 2013

အစိုးရကကေအိုင်အို ကေအိုင်အေနှင့်ဆွေးနွေးပွဲများ စတင်နိုင်ရန် ညှိနှိုင်းလျက်ရှိ

Posted by drmyochit Saturday, February 02, 2013, under | No comments

အစိုးရကကေအိုင်အို ကေအိုင်အေနှင့်ဆွေးနွေးပွဲများစတင်နိုင်ရန်ညှိနှိုင်းဆောင် ရွက်လျှက်ရှိကြောင်း အစိုး ရ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ကဖေဖော်ဝါရီ ၁ရက်တွင် သတင်းထုတ်ပြန်သည်။ 

အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အခြားသော အဖွဲ့အစည်းများ ကပြည်ထောင် စုငြိမ်း ချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အို ကေအိုင်အေတို့ ဆွေးနွေး ညှိနှိုင်းမှုများဆောင်ရွက်နိုင်ရန်ကူညီကြိုးပမ်းနေမှုများကို အသိအမှတ်ပြုကြို ဆိုပြီး၊ယင်း အဖွဲ့အ စည်း တို့နှင့်လက်တွဲ၍ ကေအိုင်အို ကေအိုင်အေနှင့်ဆွေးနွေးပွဲများ စတင်နိုင် ရန်ညှိနှိုင်းဆောင် ရွက်နေကြောင်း အထက်ပါ အဖွဲ့ကသတင်းထုတ်ပြန်သည်။

ကေအိုင်အိုဗဟိုကော်မတီ၏ ဖေဖ၀ါရီ၁ရက်ထုတ်ပြန်ကြေငြာချက်ကို သိရှိပြီး အစိုးရ အဖွဲ့ကလည်းပြည်သူ များလိုလားသော စစ်မှန်သည့်ငြိမ်းချမ်းရေး ကိုဆွေးနွေးညှိနှိုင်း သည့်နည်းလမ်းဖြင့်သာ ပဋိပက္ခများ ကိုဖြေရှင်းနိုင် မည်ဟု အလေးအနက် ယုံကြည်ကြောင်း အချက်၃ချက် ပါဝင်သော ထုတ်ပြန်ချက် တွင်ဖော် ပြထားသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်