Saturday, February 02, 2013

မုဒိမ်း ကျင့်ရန် ကြိုးပမ်းသူ တစ်ဦးအား ခရိုင် တရား သူကြီးမ ဒေါ်အေးသိန်းမှ လာဘ်စားကာ အပြစ်မဲ့ တရားသေ လွှတ်

Posted by drmyochit Saturday, February 02, 2013, under , | 1 comment



ရခိုင်ပြည် စစ်တွေမြို့နယ် အမြင့်ကျွန်း ကျေးရွာနေ (ဘ) ဦးမောင် သိန်းညွန့် (မိ) ဒေါ်မကျိုင်အေး တို့၏ သမီး မစောပွင့် (၄၅)အား ၄င်းကျေးရွာနေ ဦးမောင် ထွန်းလှိုင်က မုဒိမ်းကျင့်ရန် ကြိုးပမ်း ခဲ့သောကြောင့် ၄င်းအ မှုကို တရား လိုဖက်မှ မြို့နယ်က တစ်ဆင့် ခရိုင် တရားရုံးကို တိုင်ကြား ခဲ့သော်လည်း ခရိုင် တရား သူကြီးမ ဒေါ်အေး သိန်းမှ လာဘ်စားကာ တရား ခံအား အရေးယူ ပြစ်ဒဏ် ချမှတ်ခြင်း မရှိဘဲ ပြီးခဲ့သည့် အပတ် က အပြစ်မဲ့ တရားသေ လွှတ်ပေး လိုက်ကြောင်း သိရသည်။ 


မုဒိမ်းကျင့် ခံရသော မစောပွင့်က " ကျမတို့က မိန်ကလေး တစ်ယောက်ကို အကြမ်းဖက် တာဟာ တော်တော် အကြံပတ် စက်တဲ့သူ ဆိုပြီးတော့ မြို့နယ်နဲ့ မကျေနပ်လို့ ခရိုင်ကို သွားပြီးတော့ တိုင်တယ်။ ကျမတို့ ထင်ထား တာက ဒီလူဟာ (၂)နှစ်က (၃)နှစ်ကြားမှာ ထောင်ကျ နိုင်တယ် ဆိုပြီးတော့ ထင်ထား ကြတာ။ အဲဒီတော့ သူဟာ ထောင်လည်း မကျဘူး ဘာ အပြစ်မှ မရှိဘဲနဲ့ ပြန်လွတ် လာတယ်။ ဒါဟာ တရား သူကြီးမ ဒေါ်အေးသိန်းက တရားခံ ဆီကနေ ငွေကြေး စားပြီးတော့ လွှတ်လိုက် တာဖြစ်တယ်။ ဒီလို လုပ်တာဟာ မတရား ပါဘူး။ တရား သူကြီးမလို့ နာမည် တပ်ထား ပေမယ့် မတရား တာတွေကို လုပ်နေ တာဟာ ဆင်းရဲ နွမ်းပါး စွာနဲ့ ရင်ဆိုင်နေရတဲ့ အမှုသည် တွေအတွက် ဒုက္ခ အများကြီး ရောက်စေ ပါတယ်။ " ဟု အာရ်ကန်တိုင်းမ်စ် အား ပြောကြားသည်။

၂၀၁၂ ခုနှစ် သြဂုတ်လ(၁)ရက်နေ့ နံနက် ၅ နာရီဝန်းကျင်မှာ မစောပွင့်အား ယခင် အမြင့်ကျွန်း ကျေးရွာ အုပ်ချုပ် ရေးမှူးဟောင်း ဦးမောင်ထွန်းလှိုင်က မုဒိမ်းကျင့်ရန် ကြိုးပမ်း ခဲ့ခြင်း ဖြစ်သည်။ ၄င်း မုဒိမ်းကျင့်ရန် ကြိုးပမ်းခြင်း ခံရမှုကို အမြင့်ကျွန်း စခန်းမှူး ဦးမောင်တင်အောင်ထံ တိုင်းကြားခဲ့ပြီး ကျေနပ်မှု မရှိသဖြင့် ခရိုင်ကို တိုင်းကြားရာ ကနေ ခရိုင်မှ တရား သူကြီးမက လာဘ်ငွေ ယူ၍ တရားခံအား အပြစ်မဲ့ တရားသေ လွှတ်လိုက်ကြောင်း သိရသည်။

အဆိုပါ မုဒိမ်းကျင့် ခံရသည်နှင့် ပတ်သက်၍ အကြောင်း စုံကို မစောပွင့်က အာရ်ကန်တိုင်းမ်စ်အား ရှင်းလင်း ပြောကြား ခဲ့သည်။ " ကျမတို့အိမ်နဲ့ အဲဒီ ဦးမောင်ထွန်းလှိုင်အိမ်နဲ့ ခြံချင်းကပ်လို့ပါ။ သူတို့အိမ်က ကျမတို့ အိမ်ရဲ့နောက် ကဖြစ်ပါတယ်။ သူ့အိမ်နဲ့ သူ့တာ (ငါးမွေးမြူရေး ကန်) နဲ့နီးနီး လေးပဲ။ သူ့တာမှာ ကျမမှာ ငါးကြီး တစ်ကောင် လှောင်ထား ပါတယ်။ အဲဒါကို ကျမက သွားတောင်းတယ်။ သူ့က အခု မယူပါနဲ့ မနက်မိုး လင်းအာရုံမှာ လာပြီးတော့ ယူပါလို့ပြောပါတယ်။ ကျမလည်း သူပြောတဲ့ အတိုင်း သွားတာပေါ့။

 ဒီလိုမျိုး အနိုင်ကျင့် ခံရမှာမ သိဘူးလေ။ ဆိုတော့ ကျမငါး ကိုယူနေတဲ့ အချိန်မှာ အဲဒီ ဦးမောင်ထွန်းလှိုင်က နေပြီးတော့ ကျမရဲ့အင်္ကျီကို ဆွဲပါတယ်။ ပြီးတော့ ကျမကို အဓမ္မ ပြုကျင့်ဖို့ ကြိုးပမ်းပါတယ်။ ကျမလည်း ကြောက်ပြီးတော့ အော်လိုက် ပါတယ်။ အော်လိုက်တာနဲ့ သူက ကျမကို ပြန်လွှတ် လိုက်ပါတယ်။ ကျမလည်း ချက်ချင်း ရဲစခန်းကို တိုင်ကြား ပါတယ်။ အဲဒီ စခန်းကနေ တဆင့် ခရိုင်ရုံးကို ရောက်သွား ပါတယ်။ ခရိုင်ရုံးမှာ လတွေ အများကြီး ကြာအောင် စစ်ဆေးပြီး တော့မှ တရား သူကြီးမ ကနေပြီး အပြစ်မရှိဘူးဆိုကာ လွှတ်လိုက်တာဖြစ်ပါတယ်။ " ဟု ပြော သည်။

အဆိုပါ တရားသူကြီးမသည် ခရိုင် တရားရုံးကို မကြာ သေးခင်က ပြောင်းရွှေ့ လာခြင်း ဖြစ်ပြီး ယခုတရား ရုံးတွင် အဂတိ လိုက်စားမှုကို အလွန် အကျွံ ပြုလုပ် နေကြောင်း ဒေသခံများက ပြောဆိုကြသည်။


1 comments:

ရှေ့နေဖင်ထောင်လိုးပတ်လိုက်လီးပဲ

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်