Saturday, February 02, 2013

ကာမိုင်းဒေသခံပြည်သူတို့၏ KIA အပေါ်နာကျည်းချက်များတစ်နေ့တစ်ခြားတိုးပွားလျက်ရှိ

ကချင်ပြည်နယ်၊ ကာမိုင်း ဒေသမှာ KIA နဲ့ အစိုးရ စစ်တပ်တွေ တိုက်ပွဲ မဖြစ်ခင် အချိန် က  ဒေသ ခံ ပြည် သူ တွေ ပျော်ရွှင် စွာ နေခဲ့ရ သလောက် အခု ခါမှာတော့ နေ့စဉ် စိတ်ဆင်းရဲ နေကြရ ပါတယ်။ ကာမိုင်း ဒေသကို KIA တပ်ဖွဲ့ ၀င်တွေ ၀င်ရောက်လာပြီး ရဲစခန်းကို မီးရှို့ တိုက်ခိုက်၊ ရဲ တပ်ဖွဲ့ဝင် တွေကို သတ်ဖြတ် ပြီး အမျိုး သမီးငယ် တွေကို အတင်း အဓမ္မ အနိုင် ကျင့်ခဲ့တဲ့ အပေါ် ကာမိုင်း ဒေသက လူ ထုတွေ အလွန် ပဲ ဒေါသထွက် နာကျည်း လျက် ရှိပါတယ်။ 
KIAဟာ ကချင်ပြည်နယ် အတွင်းမှာ ကချင် လူမျိုးက လွဲလို့ အခြားလူမျိုးတွေ နေထိုင် လုပ်ကိုင် စားသောက် လို့မရအောင်၊ အစိုးရ ၀န်ထမ်းတွေ မနေရဲအောင် နည်းလမ်း မျိုးစုံနဲ့ လုပ်ဆောင် နေပါတယ်။ ကာမိုင်း ရဲစခန်းက ရဲဝန်ထမ်း မိသားစုတွေဆိုရင် အလွန်ပဲ သနားစရာ ကောင်းပါတယ်။ သူတို့ အနေနဲ့ KIA တပ်ဖွဲ့တွေနဲ့ တည့်အောင် ပေါင်းသင်း နေတာတောင်မှ ဒီလိုမျိုး ရက်ရက် စက်စက် သတ်ဖြတ် သွားခဲ့ တာဖြစ်ပါတယ်။
ကာမိုင်း နေထိုင်ကြတဲ့ ကချင် လူမျိုး အဖိုးကြီး အဖွားကြီးတွေ ကိုယ်တိုင်က ``သူတို့ ကချင် တွေဟာ ဒီလိုမျိုး မရက်စက် တတ်ပါဘူး။ KIA ဟာ ကချင်လူမျိုး ဆိုပေမယ့် ကချင်တွေ အပေါ်မှာလဲ မကောင်းပါဘူး။ သူတို့မှာ ကချင် လူမျိုးကြီး ၀ါဒရှိတယ်။ သူတို့ ဂျိမ်းဖောမှ ကချင်လို့ သတ်မှတ် ထားကြတာ။ ကျန်တဲ့ ကချင် မျိုးနွယ်စုတွေ အပေါ်မှာ သူတို့ ခွဲခြားတယ်။ စစ်တိုက်ခိုင်းတာ တောင်မှ သူတို့ဂျိမ်းဖော တွေဆို နောက်ကပဲ လိုက်ရတယ်။ ရ၀မ်တို့၊ လီဆူး တို့၊ ရှမ်းတို့ ဆိုရင် ရှေ့ကနေ တိုက်ခိုင်းတယ်။`` လို့ပြောပါတယ်။ 

ကာမိုင်း ဒေသ အတွင်းမှာ နေထိုင်ကြတဲ့ လူအများစု ကတော့ ငြိမ်းငြိမ်း ချမ်းချမ်း သာသာယာယာ နေထိုင် ချင်ကြပါ တယ်။ သူတို့ ဒေသ အတွင်းမှာ တိုက်ပွဲတွေ ဖြစ်နေ တာကို သဘော မကျသလို  လက်နက်ကိုင်ပြီး အနိုင်ကျင့် နေတာ မျိုးကို သဘော မကျပါဘူး။ အမှန် တကယ်တော့ KIA ဆိုတာ ကချင် လူမျိုး အချင်းချင်း တောင်မှ မနှစ် သက်တဲ့ အဖွဲ့ အစည်း တစ်ခုဖြစ်တဲ့ အကြောင်း ကာမိုင်း ဒေသခံ ပြည်သူတို့၏ ရင်တွင်းမှာ ခံစား နေရကြောင်း သိရှိရ ပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်