Saturday, February 02, 2013

တရုတ်တွင် မီးရှူးမီးပန်းများ သယ်ဆောင်လာသည့် ကားတစ်စီး ပေါက်ကွဲမှုကြောင့် မိုးပျံလမ်းမ ပြိုကျပြီး လူ ၂၆ ဦးထက်မနည်း သေဆုံး

Posted by drmyochit Saturday, February 02, 2013, under | No comments

 
မီးရှူး မီးပန်းများ သယ်ဆောင် လာသည့် ကုန်တင်ကား တစ်စီးသည် တရုတ်နိုင်ငံ အလယ် ပိုင်းရှိ မိုးပျံ လမ်းမ တစ်ခုပေါ် တွင် ပေါက် ကွဲမှု ဖြစ်ပွားခြင်းကြောင့် ယီချန် တံတား ပြို ကျပြီး လူ ၂၆ ဦးထက် မနည်း
သေဆုံး ခဲ့သည်ဟု နိုင်ငံပိုင် အသံလွှင့်ဌာနက ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ယင်းပြိုကျ မှုကြောင့် တွန့်လိမ်ကောက်ကွေးသွားသော ကားများနှင့် အပျက်အစီးများကို နိုင်ငံပိုင် သတင်းဌာနက ထုတ်လွှင့် ခဲ့သည်။

ဟီနန်ပြည် နယ်ရှိ တရုတ်နိုင်ငံ၏ အရှည်ဆုံးလမ်းဖြစ်သော G 30 အမြန် လမ်းမပေါ် တွင် ပေါက် ကွဲမှု ဖြစ် ပွားခြင်းကြောင့် လမ်းပိုင်း အများ အပြား ပျက်စီး ခဲ့သည်။ ယင်းဖြစ် စဉ်ကြောင့် လူလေးဦး သေဆုံး ခဲ့သည် ဟုနိုင်ငံပိုင် ဆင်ဟွာ သတင်း ဌာနက ဖော်ပြခဲ့သည်။ သို့သော် တရုတ် အသံလွှင့် ဌာနကမူ ၂၆ ဦးထက် မနည်း သေဆုံး ခဲ့သည်ဟု ၎င်း၏ ၀က်ဘ်ဆိုက်တွင် ကနဦးတွင် ဖော်ပြခဲ့သော်လည်း နောက်ပိုင်းတွင် ထပ်မံဖော်ပြ မှု မရှိတော့ပေ။

ပြိုကျခဲ့သော ယီချန် တံတားအနီးမှ ဒေသခံများ၏ ပြောကြား ချက်အရ တံတားပြို ကျရသည့် အကြောင်း ရင်း ကို မသိရသေးသော် လည်း ကျယ်လောင်သော ပေါက်ကွဲသံကြားခဲ့ရပြီး ကုန်တင်ကားမှာ တံတား မပြို ကျမီ သို့မဟုတ် ပြိုကျပြီးမှ ပေါက်ကွဲသည်ကိုလည်း မသိရသေးကြောင်း နိုင်ငံပိုင်ရုပ်သံ စီစီ တီဗွီ က ဖော်ပြ ခဲ့သည်။

အမြန်လမ်း ပြိုကျမှုကြောင့် လမ်းမပေါ်မှ မော်တော်ယာဉ်များစွာ ပြုတ်ကျ ခဲ့သည်ဟု သတင်းများ တွင် ဖော်ပြ ခဲ့ သည်။ အရှိန်ဖြင့် ပေါက်ကွဲမှုကြောင့် ကားများစွာသည် လမ်းမပေါ်မှ လွင့်စင်ခဲ့သည်ဟု မျက်မြင် သက်သေများ က ပြောကြားခဲ့သည်။ တံတားအောက်တွင် မိုးပေါ်ဘီးထောင်နေသော ထရပ် ကားများ သုံးစီး အပါအ၀င် လိမ္မော်ရောင် ယူနီဖောင်း ၀တ်ထားသော ကယ်ဆယ်ရေးလုပ်သားများက ကယ်ဆယ် ရေး လုပ်နေ ပုံများကိုလည်း ထုတ်လွှင့်ပြသခဲ့သည်။

မော်တော်ယာဉ် ခြောက်စီးကို အပျက်အစီးများကြားမှ ပြန်လည်ဆယ်ယူခဲ့ပြီး အခင်းဖြစ်ပွားရာ နေရာတွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေဆဲဟု ဆင်ဟွာသတင်းဌာနတွင် ဖော်ပြခဲ့သည်။

တံတားပြိုကျမှု ဖြစ်ပွားခဲ့ပြီးနောက် ယင်းတံတားဘေးတွင် တံတားသစ်တစ်ခု စတင်ဆောက် လုပ်  
နေ ကြောင်း သိရ သည်။ ယခုပြိုကျခဲ့သော တံတားမှာ အရှည် ၄၄၀၀ ကီလိုမီတာ (မိုင် ၂၇၀၀) ရှည် လျားပြီး တရုတ် အနောက်ဖက် ကာဇက် စတန်နယ် စပ်မှ အရှေ့ဖက် ပင်လယ် ၀ါအထိ ရောက်ရှိနိုင်ကာ
မြေပြင်ပေါ်မှ အမြင့် မီတာ ၃၀ ရှိကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။

တရုတ်တွင် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ကျရောက်ဆင်နွှဲမည့် နှစ်သစ်ကူး ပွဲတော်အတွက် လူသန်းပေါင်း များစွာ သည် နေရပ်များသို့ ပြန်လာနေရာ နိုင်ငံတွင်းရှိ လမ်းအများစုမှာ ပြည့်ကျပ်နေပြီး ကမ္ဘာ့ အများ ဆုံး နှစ်စဉ်ရွှေ့ပြောင်းသွားလာမှု ဖြစ်သည်။ ယင်းအချိန်ကာလမှာ ပွဲတော်အတွက် မီးရှူးမီးပန်းများကို ၀ယ်ယူမှု များပြားနေရာ ယင်းလုပ်ငန်းရှင်များအတွက် စီးပွားရေး အကောင်းဆုံးရာသီ ဖြစ်သည်။

တရုတ်တွင် မကြာသေးမီ နှစ်များအတွင်း တံတားပြိုကျမှု ဖြစ်စဉ် အချို့ ဖြစ်ပွားခဲ့ပြီး လမ်းပေါ် မတော် တဆမှု များကြောင့် နှစ်စဉ် လူ ၇၀၀၀ ၀န်းကျင် သေဆုံးခဲ့ပြီး လူ ၃၀၀၀၀ ကျော် ဒဏ်ရာ ရခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။
======================================
Ref: BBC;AFP

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်