KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့
အနေဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သတင်း ထုတ်ပြန်ရေး အဖွဲ့၏ သတင်း ထုတ်ပြန်ချက်
(၃/၂၀၁၃) ထုတ်ပြန် ကြေညာပြီး နောက် စစ်ရေး နှင့် မသက်ဆိုင်သော ပစ်မှတ် များအား တိုက်ခိုက်လျက်
ရှိရာ ဇန်န၀ါရီ ၃၀ ရက် နံနက်ပိုင်းက မုံးကိုး မြို့နယ်ခွဲ မန်ဂျာရွာ ၌ KIA အကြမ်းဖက်
သောင်းကျန်းသူ အဖွဲ့မှ ပြောက်ကျား ယူနီဖောင်း ၀တ်ဆင် ထားသူ ၂ ဦးသည် ဒေသခံ ပြည်သူ ၂
ဦးအား အကြောင်းမဲ့ လက်နက်ငယ် ဖြင့် ပတ်ခတ် ခြင်းကြောင့် ဦးဖောင်း ချိန်ဖောင်း ၂၄
နှစ် (ဘ) ဦးဖိန်စမ်း ၊ ဦးတီစမ်းဝေ (ခ) ချိန်းစင်းဝွေ့ ၂၃ နှစ် (ဘ) ဦးရီစမ်း တို့မှာ
အခင်း ဖြစ်ပွား ရာ တွင် ရရှိဒဏ်ရာ များဖြင့် သေဆုံး ခဲ့ကြောင်း နှင့် နယ်မြေခံ တပ်မတော်
စစ်ကြောင်း နှင့် ကွတ် ခိုင် ပြည်သူ့စစ် အဖွဲ့တို့က လိုက်လံ ရှင်းလင်း လျက် ရှိကြောင်း
သိရှိရသည်။
Time in Rangoon





0 comments:
Post a Comment