Saturday, February 02, 2013

လက်ပံတောင်းတောင် အစီရင်ခံစာ ဖေဖော်ဝါရီလကုန် ထုတ်ပြန်မည်

Posted by drmyochit Saturday, February 02, 2013, under | No comments


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော လက်ပံတောင်းတောင် စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို ဖေဖော်ဝါရီ လကုန်တွင် ထုတ်ပြန် မည်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။ လက်ပံတောင်းတောင် စီမံကိန်း ဆန့်ကျင် ဆန္ဒပြသူများကို အကြမ်းဖက် ဖြိုခွင်း ခဲ့မှုတွင် စစ်မြေပြင်၌ အသုံးပြုသော ဖော့စ်ဖရပ် အဖြူ (မီးစုန်းဖြူ) ပါဝင်သော လက်ပစ် ဗုံးများ အသုံးပြု ထားသည်ဟု ယင်း ကိစ္စရပ် ကို စုံစမ်း စစ်ဆေး နေသည့် မြန်မာ နိုင်ငံ ရှေ့နေများ ကွန်ရက်က ပြောဆို ခဲ့ကြောင်း ဖော်ပြ ထားသည်။



 မြန်မာ့ ရှေ့နေ ကွန်ရက်နှင့် အမေရိကန် လူ့ အခွင့် အရေး စောင့်ကြည့်မှု ရှေ့နေ များက အကြမ်းဖက် ဖြိုခွင်း ခံရသော နယ်မြေ အတွင်းရှိ ပစ္စည်း အချို့ကို စုဆောင်း၍ ဘန်ကောက် မြို့ရှိ ပုဂ္ဂလိက ဓာတ်ခွဲ ခန်းသို့ ယူဆောင် စစ်ဆေးရာ အဆိုပါပစ္စည်း အပိုင်း အစများတွင် ဖော့စ်ဖရပ်အဖြူ (မီးစုန်းဖြူ) ပမာဏ များပြား နေသည်ကို တွေ့ရခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ကိုးကား ဖော်ပြ ထားသည်။ တရုတ် ကုမ္ပဏီ ဝမ်ပေါင်နှင့် မြန်မာ အစိုးရ၊ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် တို့၏ အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ကန့်ကွက် ဆန္ဒဖော်ထုတ် သော မုံရွာ၊ ပခုက္ကူ၊ မန္တလေးတို့မှ သံဃာအပါး ၅၀၀ နှင့် လူပုဂ္ဂိုလ် ၂၀၀ ကျော်တို့ကို ပြီးခဲ့သည့် တန်ဆောင်မုန်း လပြည့် နံနက်စောစော ၂ နာရီခန့်တွင် အင်အားသုံး ဖြိုခွင်း ခဲ့ရာ သံဃာ အပါး ၁၀၀ ကျော်နှင့် လူပုဂ္ဂိုလ် ၂၀ ကျော် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ မီးစုန်းဖြူ လက်နက်များကို ၁၉၁၆ ခုနှစ်တွင် ဗြိတိန် တပ်မတော်က စတင် ထုတ်လုပ်ခဲ့ပြီး ဒုတိယ ကမ္ဘာစစ် အတွင်း ကျယ်ပြန့်စွာ အသုံးပြု ခဲ့ကြသည်။ 

အဆိုပါ လက်နက်ကို အပြည်ပြည် ဆိုင်ရာ သဘော တူညီချက် အရ တားမြစ် ထားခဲ့ သော်လည်း အမေရိကန် ပြည်ထောင် စုသည် အီရတ် သောင်းကျန်း သူများကို နှိမ်နင်းရန် ၂၀၀၅ ခုနှစ် နိုဝင်ဘာလအထိ အသုံးပြုခဲ့ ကြောင်း ကမ္ဘာလုံး ဆိုင်ရာ လုံခြုံရေး အစီရင် ခံစာတွင် ဖော်ပြထားသည်။ မီးစုန်းဖြူ လက်နက်၏ သဘာဝမှာ မီးခိုး အမြောက် အမြားထွက်၍ လေထဲတွင် ပို၍ ပေါက်ကွဲ လောင်ကျွမ်း စေတတ်ပြီး ယင်းဓာတ်ငွေ့ ထိခံရသူ လူ သို့မဟုတ် အရာဝတ္ထု တစ်ခုခုပေါ်သို့ လေထိလျှင် ထိသလို ဓာတ်ငွေ့မကုန်မချင်း လောင်ကျွမ်း တတ်သော သဘာဝရှိကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြ ထားသည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့ ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်