Friday, February 15, 2013

ကမ္ဘာမြေလေ့လာရေး လန်းဆက်ဂြိုဟ်တုလွှတ်တင် ရာသီဥတုပြောင်းလဲမှုများကို လေ့လာမည်

Posted by drmyochit Friday, February 15, 2013, under | No comments


ကမ္ဘာဂြိုဟ်လေ့လာရေးဆိုင်ရာ ဂြိုဟ်တုတစ်လုံးကို နာဆာမှ ဖေဖော်ဝါရီ ၁၁ ရက်က လွှတ်တင် လိုက်ပြီဖြစ် ရာ ကမ္ဘာဂြိုဟ်မျက်နှာပြင်ကို လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း နာဆာက သတင်း ထုတ်ပြန် သည်။ နာဆာ၏ လန်းဆက်ဒေတာကွန်တင်နူကီမစ်ရှင်က နောက်ဆုံး လွှတ်တင်လိုက်သည့် ဂြိုဟ်တုဖြစ်ပြီး ကမ္ဘာဂြိုဟ်အား ဆယ်စုနှစ်လေးစုကြာမျှ စီမံကိန်းချမှတ် လေ့လာရေးလုပ်ငန်းများ ဆောင်ရွက် သွားမည်ဖြစ် သည်။ 

လန်းဆက်ဟု အမည်ပေးထားသော ၄င်းဂြိုဟ်တုသည် ကမ္ဘာမြေ၏ ထူးခြားဖြစ်စဉ်များကို အသေးစိတ် ရယူကာ ပုံရိပ်များ ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။ ကမ္ဘာမြေ၌ ရေခဲမြစ်များ စီးဆင်းမှု၊ အန္တာတိက ရေခဲပြင် များ ကျုံ့လာမှု၊ တောမီးများ တဖြည်းဖြည်း ပိုမိုလောင်ကျွမ်းလာမှုနှင့် အခြားထူးခြားသော အဖြစ် အပျက် များ ကမ္ဘာမြေပေါ်တွင် ဖြစ်ပေါ်လာမှုများကို အသေးစိတ် ရယူကာ သတင်းအချက်အလက်နှင့် ပုံရိပ် များ ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။ 

တစ်ဖန် ကမ္ဘာတစ်ဝန်း လူသားတို့ အခြေချ နေထိုင်မှု ဧရိယာ ကျယ်ပြန့်လာမှုနှင့် သဘာဝပတ်ဝန်းကျင် အခြေ အနေပေါ် ရိုက်ခတ်လာမှု၊ လူသားတို့၏ ပြုမူမှုများကြောင့် ကမ္ဘာ့ရာသီဥတုအပေါ် ရိုက်ခတ် လာမှု အတိုင်း အဆများကို လေ့လာရယူကာ သတင်းဓာတ်ပုံများ ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။ လန်းဆက်ဂြိုဟ် တုသည် နည်းပညာနှင့် နည်းစနစ်ပိုင်း ကောင်းမွန်အောင် ပြုလုပ်ထားသော နောက်ဆုံး ထုတ်ဂြိုဟ် တုတစ်လုံးဖြစ်ရာ ကမ္ဘာမြေနှင့် ကမ္ဘာဂြိုဟ်၏ ပြောင်းလဲမှုဖြစ်စဉ်များကို အချိန်၊ နေ့ရက်များ အလိုက် ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။ 

ကမ္ဘာဂြိုဟ်၏ မျက်နှာပြင် အနေအထားနှင့် ပြောင်းလဲမှုများကို ၁၉၆ဝ ခုနှစ်ခန့်ကပင် သတင်း အချက် အလက် များ ရယူထုတ်ပြန်ခဲ့ရာ ယခုအခါ အချက်အလက်များကို ပိုမိုပြည့်စုံသော ကမ္ဘာမြေဓာတ်ပုံများ ထုတ်ပြန်ပေးနိုင်တော့ မည်ဖြစ်သည်။ ထိုသို့ သတင်းအချက်အလက်နှင့် ဓာတ်ပုံများ ထုတ်ပြန်ပေးပါက အာကာ သရေးရာနှင့် ကမ္ဘာမြေပြင်တို့ ချိတ်ဆက်မှု မပြတ်ဘဲ အာကာသယာဉ်မှူးများ အတွက်လည်း အထောက် အကူပြု ပေးနိုင်မည်ဖြစ်သည်။ 

ယခု လန်းဆက် အစီအစဉ်သည် နာဆာနှင့် အမေရိကန် ဘူမိလေ့လာရေး အဖွဲ့တို့က ပူးတွဲဆောင် ရွက်ခြင်းဖြစ်ပြီး ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များကို စဉ်ဆက်မပြတ် လေ့လာမှုများ ဆက်တိုက်ပြု လုပ်သွားမည် ဖြစ်သည်။ ကမ္ဘာမြေလေ့လာရေး စီမံကိန်းကို နာဆာမှ ၁၉၆၆ ခုနှစ်က စတင်ခဲ့ပြီး ကမ္ဘာမြေနှင့် ရာသီဥတုဆိုင်ရာ လေ့လာရေးအတွက် ၁၉၇၂ ခုနှစ်ကပင် လန်းဆက် အမျိုး အစားဂြိုဟ် တုဖြင့် လွှတ်တင်ကာ သတင်းအချက်အလက်နှင့် ဓာတ်ပုံများ ရယူရေး ဆောင်ရွက်ခဲ့သည်။ ယခုလွှတ် တင်လိုက် သည့် ဂြိုဟ်တုကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဗန်ဒန်ဘတ် လေတပ် အခြေစိုက်စခန်းမှ လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး လန်းဆက် အမျိုးအစား ရှစ်လုံးမြောက် ဂြိုဟ်တုလည်း ဖြစ်သည်။ 

(ရိုက်တာ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်