Friday, February 15, 2013

၆၂ ရက်ကြာကျင်းပမည့် မန်းရွှေစက်တော် ဘုရားပွဲတော် စတင်ဖွင့်လှစ်

Posted by drmyochit Friday, February 15, 2013, under | No comments

မကွေး တိုင်းဒေ သကြီး မင်းဘူး ခရိုင် အတွင်း နှစ်စဉ် တပို့တွဲ လဆန်း ငါးရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့ အထိ ကျင်းပလေ့ရှိသော မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်း က စတင်ဖွင့် လှစ်ခဲ့ပြီး ယခုနှစ်အတွက် ပွဲတော်ရက်မှာ ၆၂ ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရ သည်။

ပွဲတော် ဖွင့်ပွဲ ရက်တွင် မြန်မာနိုင်ငံ အနှံ့အပြားမှ ဘုရားဖူးများ လာရောက်မှုမှာ တစ်နှစ်ထက် တစ်နှစ် ပိုမို များပြား လာခဲ့ကြောင်း သိရသည်။ ပွဲတော်မှာ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ဘုရားဖူးများ ပိုမိုစည် ကားလေ့ ရှိပြီး တပေါင်းလပြည့်နေ့တွင် စေတုတ္တရာ၊ ငဖဲ၊ ပဒါန်းမြို့နယ်များအတွင်း ကျေးရွာများမှ ပေါင်းမိုး လှည်း များဖြင့် ဘုရားဖူးလာရောက်သူများလည်း ရှေးအစဉ်အလာမပျက် လာရောက်လေ့ ရှိကြောင်း သိရ သည်။

''ပွဲတော်က မြန်မာနိုင်ငံမှာ ရက်ရှည်ကျင်းပတဲ့ ပွဲတော်တစ်ခုဖြစ်တော့ တဲကျောင်း၊ ဆိုင်ခန်းနှင့် အခြား လုပ်ငန်း လုပ်ကိုင် မှုတွေ အတွက် လေလံချထားပေးမှုနဲ့ ပတ်သက်လို့ နှစ်စဉ်ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ အခုနှစ်က ၀ါထပ်တဲ့ နှစ်ဖြစ် ခဲ့တဲ့ အတွက် ပွဲတော်ရက်က ပုံမှန်နှစ်တွေထက် နည်းလို့ ဈေးသည်အချို့က အရှုံးပေါ် မှာ စိုးရိမ်နေကြပါတယ်။ ပွဲတော်ရဲ့ အထင်ကရနေရာ အားလုံးနီးပါးကို ကန်ထရိုက် ချပေးထား တာဆိုတော့ ဘုရားဖူးတွေအတွက်လည်း ကုန်ကျစရိတ် ပိုစေတာတွေ ရှိပါတယ်''ဟု ရွှေစက်တော် ပွဲတော် တွင် နှစ်စဉ်လာရောက်လေ့ရှိသော ဈေးသည်တစ်ဦးက ပြောကြားခဲ့သည်။

ရွှေစက်တော် ပွဲတော်ဝန်းအတွင်း အထက်စက်တော်ရာသို့ တက်ရောက်ရာ ကားလမ်းမှ အောက် စက်တော်ရာ အနီးသို့ ချိတ်ဆက်မည့် မန်းချောင်းတံတား တည်ဆောက်ရန် စီစဉ်လျက်ရှိပြီး အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍လည်း ဒေသခံများမှ ဝေဖန်မှုများ ရှိခဲ့ကြောင်း သိရသည်။

''အမှန်တကယ် ဒေသဖွံ့ဖြိုးဖို့ဆိုရင် ပဒါန်း၊ ငဖဲ လမ်းဘက်က မန်းချောင်းကို ကူးတဲ့နေရာမှာ တံတားကို ဆောက် သင့်ပါတယ်။ အခုတံတား ဆောက်မယ့်နေရာက ပွဲတော်ဝန်း အလယ်တည့်တည့် ဖြစ်နေတဲ့ အတွက် ပွဲတော်ဝန်းအလှကိုလည်း ပျက်စေပါတယ်။ မိုးတွင်းမှာ အောက်စက်တော်ရာဘက် ကူးနိုင်အောင် ဆိုပေမယ့် ဒေသခံတွေအတွက် အမှန်တစ်ကယ် အသုံးဝင်တာက လှေတင်တံတားနေရာမှာ တည်ဆောက် မှ အသုံးဝင် မှာပါ''ဟု စကုမြို့မှ ဦးနေမျိုးကျော်က ပြောကြားခဲ့သည်။ 

ယခုနှစ်တွင် ပဒါန်း-ရွှေစက်တော် လမ်းဆုံ အနီး GSM တာဝါတိုင် တည်ဆောက်ပြီး ခဲ့သောကြောင့် ရွှေစက်တော် ပွဲတော်ဝန်း အတွင်း GSM တယ်လီဖုန်းများ ပြောဆိုနိုင်ပြီဖြစ်ကြောင်း အဆိုပါလမ်းဆုံမှ ပုသိမ်- မုံရွာ ကားလမ်းသို့ ဆက်သွယ်သည့် သုံးမိုင်လမ်းကို ပြုပြင်ပြီးစီးခဲ့သော်လည်း ထိုလမ်းအတွက် လမ်းအသုံးပြုခ ကောက်ခံမှုမှာ များလွန်းသည်ဟု ဝေဖန်မှုများရှိခဲ့ကြောင်း ပွဲတော်အ၀င် လှေတင်တံတား ဖြတ်သန်းခကို ယခုနှစ်တွင် ရွှေစက်တော်ပွဲတော် ဂေါပကအဖွဲ့မှ တိုက်ရိုက် ကောက်ခံမည်ဖြစ်သော်လည်း ပွဲတော်ဝန်းအတွင်းသို့ ဆိုင်ကယ်ဝင်ရောက်ခမှာ ယခင်နှစ်က တစ်စီးလျင် ကျပ် ၁၅၀၀ အထိ ကောက်ခံခဲ့သောကြောင့် ဝေဖန်မှုများရှိခဲ့ကြောင်း သိရပါသည်။

Eleven

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်