အင်းစိမ်းသား(မြစ်မခ)
နောင်ချိုမြို.နယ် လောက်ဖန်းကျေး ရွာရှိ ငွေရည်ပုလဲ ဘိလပ်မြေစက်ရုံမှ ထိပ်ပိုင်းအဆင့် အရာရှိ နှစ်ဦးအား ပြန်ပေးဆွဲ ခံရပြီးနောက် နောက်နေ့၌ ကောင်းကောင်းမွန်မွန်ပြန်လွှတ်ပေးခဲ့ကြောင်း ဘိလပ်မြေ စက်ရုံ ၀န်ထမ်း များထံမှ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သော လောက်ဖန်းကျေးရွာ ငွေရည်ပုလဲဘိလပ်မြေစက်ရုံမှ တာဝန်ခံနှင့်စက်ရုံမှူးအား ရှမ်းပြည်နယ်အတွင်းရှိ လက်နက်ကိုင် အဖွဲ့(ဒေသခံများအဆို-SSA)မှ လူအင်အား ၂၀၀ဖြင့် ၀င်ရောက်၍ ကျပ်သိန်းငါးထောင်ဖြင့် ပြန်ပေးဆွဲသွားကြောင်း နောင်ချိုမြို့နယ်အတွင်း၌သတင်းများ ထွက်ပေါ် ခဲ့ခြင်း ဖြစ်သည်။
“ငွေရည်ပုလဲကို လက်နက်ကိုင်အဖွဲ့က ၀င်စီးပြီး တောင်းတဲ့ငွေမရလို့ စက်ရုံမှူးကို ပြန်ပေးဆွဲသွားခဲ့ တယ်လို့ သိရတယ်၊ နောက်ဘာဆက်ဖြစ်လဲတော့ မသိဘူး”ဟု နောင်ချိုဒေသခံကိုအောင်က ပြောသည်။
လက်နက်ကိုင်အဖွဲ့အစည်းအတွက် အဆိုပါစက်ရုံမှ ဒေသရံပုံငွေထည်သွင်းပြီးသည်ကို သိရှိခြင်းမရှိပဲ လက်အောက်ငယ်များမှ ပြန်ပေးဆွဲခြင်းဖြစ်ပြီး ပြန်ပေးဆွဲပြီး နောက်တစ်နေ့တွင် ကောင်းမွန်စွာ ပြန် လွှတ်ပေးခဲ့ကြောင်းကိုလည်း စက်ရုံဆောက်လုပ်ရေးပိုင်းတာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီလ(၁၄) ရက်နေ့က ပြောကြားခဲ့သည်။
“လူကြီးချင်းနားလည်မှုရပြီးတာကို မသိလို့ ပြန်ပေးဆွဲသွားတာ၊ သိတော့ ပြန်လွှတ်လိုက်တဲ့ သဘောပါ”ဟု စက်ရုံတည်ဆောက်ရေးပိုင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ပြန်ပေးမှုဖြစ်ပွားခဲ့သည်မှ ပြီးခဲ့သည့်ဇန်န၀ါရီလကုန်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီအနေဖြင့် မည်သည့် ရံပုံငွေ ထည့်ဝင်ခဲ့ရသည်ကို မသိရှိသဖြင့် ကျပ်သိန်း(၅၀၀)၀န်းကျင်ခန့် ပေးဆောင် ခဲ့ရကြောင်း ဒေသခံများက ခန့်မှန်းပြောဆိုနေကြသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ နောင်ချိုမြို့နယ်ရဲစခန်းသို့ ဆက်သွယ်ရာ သတင်းတစုံတရာမရရှိခဲ့ပေ။
မြစ်မခ
Time in Rangoon
.jpg)

0 comments:
Post a Comment