Friday, February 15, 2013

ဘိုင်ယန်သို့ ပြောင်းရန် ဘရာဇီး အသင်းဖော် ဒန်တီနှင့် ပြောဆိုခဲ့သည်ဟု ဆိုခြင်း နေမာ ငြင်းဆန်

Posted by drmyochit Friday, February 15, 2013, under | No comments


ဘရာဇီး တိုက်စစ်မှူး နေမာက ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့ရန် ဆွေးနွေး ပြောဆို နေသည်ဟု ဖော်ပြမှု အပေါ် ငြင်းဆို ပယ်ချလိုက်သည်။ နေမာသည် ဘိုင်ယန်မြူးနစ်မှ ဘရာဇီး လက်ရွေးစင် နောက် ခံလူ ဒန်တီနှင့် အတူ ဘိုင်ယန်သို့ ပြောင်းရွှေ့ရန် ဆွေးနွေးခဲ့သည်ဟု သတင်း ထွက်ပေါ်ခဲ့သည်။ ဂျာမန် အားကစား

မီဒီယာ ကစ်ကာနှင့် တွေ့ဆုံရာ၌ နေမာက ''ကျွန်တော်တို့ ဘာမှ ပြောဆိုခဲ့တာ မရှိပါဘူး''ဟု ပြောကြား လိုက်သည်။ လာမည့်ရာသီတွင် ဘိုင်ယန်မြူးနစ် အသင်းအား နာမည်ကြီး နည်းပြ ဂွါဒီယိုလာ ကိုင်တွယ် မည် ဖြစ်ပြီး အပြောင်းအရွှေ့၌ ငွေသုံးကြမ်းဖွယ် ရှိသည်ဟု သတင်း များ ကြီးနေသည်။


မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်