Friday, February 15, 2013

မစ္စစ္စပီပြည်နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်

Posted by drmyochit Friday, February 15, 2013, under | No comments


အမေရိကန်နိုင်ငံ မစ္စစ္စပီပြည်နယ်တွင် လေဆင်နှာမောင်းတစ်ခု တိုက်ခတ်ခဲ့မှုကြောင့် အဆောက် အအုံ များစွာ ပျက်စီးပြီး လူတစ်ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အရာရှိများ၏ ပြောကြားချက်ကို ဖေဖော် ဝါရီ ၁၂ ရက်က ပရက်စ်တီဗွီ သတင်းတစ်ရပ်တွင် ဖော်ပြသည်။ 

အဆိုပါ လေဆင်နှာမောင်းသည် ဖေဖော်ဝါရီ ၁ဝ ရက်က တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး မစ္စစ္စပီတောင်ပိုင်းရှိ ဟတ်တီ စဘတ်မြို့တွင် အဆိုးရွားဆုံး ခံခဲ့ရကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များ၏ ပြောကြားချက်အရ သိရ သည်။ အဓိကလမ်းမကြီးများ အပါအဝင် မစ္စစ္စပီတောင်ပိုင်း တက္ကသိုလ် နယ်မြေအတွင်း ဖွဲ့စည်း တည်ဆောက် ထားသော အဆောက်အအုံများ၊ ကုန်သွယ်ရေးဆိုင်ရာ အဆောက်အအုံများနှင့် နေအိမ် အဆောက် အအုံပေါင်း ၁ဝဝ ခန့် ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။ ''ကျွန်တော် ပြတင်းပေါက် အပြင်ဘက် ကို လှမ်းကြည့်လိုက်တော့ မိုးခြိမ်းသံကြီးကို ကြားရပါတယ်။

 အဲဒီအသံကြီးက ရထားခုတ်မောင်းသံကြီးနဲ့ တူပါတယ်။ ကျွန်တော်တို့ အိမ်အခန်းတွင်း ပြေးသွား တဲ့အ ချိန်မှာ မီးဖိုချောင် ပြတင်းပေါက်များနှင့် အိပ်ခန်းပြတင်းပေါက်များ ပွင့်ထွက်သွားခဲ့ပါတယ်''ဟု အိမ်ပိုင်ရှင် တစ်ဦးက ပြောကြားခဲ့သည်။ သစ်ပင်များ ပြိုလဲခြင်းနှင့် အဆောက်အအုံများ ပျက်စီးခြင်းကြောင့် တက္ကသိုလ် နယ်မြေဧရိယာအတွင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က အရေးပေါ် အခြေအနေတစ်ရပ် ထုတ်ပြန်ကြေ ညာ ထားသည်ဟု ဆိုသည်။ လေဆင်နှာမောင်းကြောင့် ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံး သူများ ထုတ်ပြန်ခြင်း မရှိကြောင်း သိရသည်။ 

(ပရက်စ်တီဗွီ)

Credit : Khit Lu Nge

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်