Friday, February 15, 2013

ရန်ကုန်ဆေးရုံကြီးကို ယူလာရသည့် အကြမ်းဖက်ခံ မောင်တောဒေသခံ၏ ခန္ဓာကိုယ် တစ်ခြမ်း မလူပ်ရှားနိုင်သေး

Posted by drmyochit Friday, February 15, 2013, under | No comments

ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က ဒဏ်ရာ ပြင်းထန်သဖြင့် စစ်တွေဆေး ရုံကြီးမှ ရန်ကုန် ဆေးရုံကြီး သို့ ပြောင်းရွှေ့ ယူဆောင် လာရသူ အကြမ်း တိုက်ခံ ရသူ ဦးဘတင်၏ ခန္ဓာကိုယ် တစ်ခြမ်းမှာ ယခု အချိန် ထိ မလူပ် ရှားနိုင်ဘဲ ဖြစ်နေကြောင်း ရန်ကုန် တိုင်း ရခိုင်ရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က ပြောသည်။

စစ်တွေမှ ယူဆောင်လာသော ဦးဘတင်အား လေယာဉ်ပေါ်တွင် တွေ့ရစဉ်။

“ ဒီကနေ့ နံနက်က ကျွန်တော် လူနာကို သွားကြည့် ပါတယ်။ သူရဲ့ ညာဘက် ခန္ဓာကိုယ် တစ်ခြမ်းက အခု အချိန်ထိ မလူပ်နိုင်သေးဘူး။ ဦခေါင်းကို ဓါးနဲ့ ခုတ်တဲ့ အတွက် အာရုံကြောတွေပါသွားတာကြောင့် ခန္ဓာ ကိုယ် ညာ ဘက်ခြမ်း မလူပ်နိုင်ဘဲ ဖြစ်နေ တယ်လို့ ဆရာ ၀န်တွေက ပြောပါတယ်” ဟု ဦးဇော်အေးမောင်က ပြော သည်။

ဆရာ ၀န်တွေ ကလည်း ဂရု တစိုက် ကုသပေးနေပြီး ယမန်နေ့က ခန္ဓာကိုယ် ထဲတွင် စိုက် ၀င်နေသော ကျည် ဆံများကို ခွဲထုတ် ခဲ့သည်ဟု ပြောသည်။

“ အကြမ်း ဖက်သမားတွေက နှစ်လုံးပြူး သေနတ်နဲ့ ပစ်ခတ်တဲ့ အတွက် တင်ပါးမှာ ကျည်ဆံ (စရိတ်) အလုံး ၃၀ လောက် ၀င်နေတယ်။ ဒါကို မနေ့ကတော့ ခုနှစ် လုံးလောက်ခွဲ ထုတ်ခဲ့တယ်။ လူနာရဲ့ ဦးခေါင်းကိုတော့ ခွဲစိတ်တာ ကိုတော့ မလုပ်ဘူး။ လုပ်ရင် အသက် အန္တရာယ်ဖြစ်နိုင်တဲ့ အတွက် ဖြစ်ပါ တယ်” ဟု ဆိုသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် (၁) နာရီခန့်တွင် ဦးဘတင်သည် မောင်တောမြို့နယ် တောင်ပိုင်း မြို့သစ်ရွာ နေအိမ်တွင် ဘင်္ဂါလီ အကြမ်းဖက် သမားများ၏ ၀င်ရောက် တိုက်ခိုက်မူကို ခံခဲ့ရသည်။

အဆိုပါ တိုက်ခိုက်မူ အတွင်း သူ၏ နေအိမ်တွင် လာရောက်လည်ပတ်နေသူ စစ်တွေမြို့မှ ဦးမောင်အေး (၅၄) နှစ်မှာ ပွဲချင်းပြီး သေဆုံးခဲ့သည်။

ဦးဘတင် အပါအ၀င် စောမြင့်အောင် (၃၉) နှစ်နှင့် နေလင်းအောင် (၂၃) နှစ်တို့ တွင်လည်း ဒဏ်ရာ ရရှိခဲ့သည်။

ဦးဘတင်မှာ ဒဏ်ရာ ပြင်းထန်သဖြင့် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က စစ်တွေမှ တဆင့် ရန်ကုန် ဆေးရုံကြီး သို့ ယူဆောင်သွားခဲ့သည်။

“ ဦးဘတင်က အဲဒီရွာကို မစွန့်ခွာဘဲ နေထိုင်နေတဲ့ အတွက် သူကို အသေသတ်ဖို့ ကြိုးစားတာ ဖြစ်ပါ တယ်။ သူသေရင် ရခိုင်တွေ အဲဒီရွာမှာ မနေထိုင်ရဲဘူး။ ထွက်ပြေးသွားကြမယ်။ ရှိနေတဲ့ ပုဇွန်ကန်တွေ၊ လယ်တွေ ကို သူတို့ ယူကြမယ်။ ဒီသဘောနဲ့ ဦးဘတင်ကို အသေသတ်ဖို့ ကြိုးစားကြတာ” ဟု ဦးဇော်အေးမောင် က ပြောသည်။

မောင်တောမြို့နယ် အတွင်း နေထိုင်နေကြသည့် ရခိုင် အမျိုးသားများမှာ နယ်မြေဒေသများ သူတပါး လက်သို့ ရောက်မ သွားရန် ကာကွယ် စောင့်ရှောက် နေကြသူများ ဖြစ်သဖြင့် သူတို့အား ရုပ်ပိုင်းဆိုင်ရာ အရ ဖြစ်စေ၊ စိတ်ပိုင်း ဆိုင်ရာ အရ ဖြစ်စေ ပြည်တွင်း ပြည်ပရှိ ရခိုင်အမျိုးသားများ အနေဖြင့် ကူညီကြရန် လိုအပ်ကြောင်း ရခိုင်ရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က ပြောသည်။

နိရဉ္စရာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်