Friday, February 15, 2013

လက်ပံတောင်းတောင်သပိတ်စခန်းဖြိုခွင်းမှုတွင် ဖော့စ်စဖားရပ်စ် ပါဝင်သော မီးလောင်ဗုံးများဖြင့် နှိမ်နင်းခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်အခြေစိုက် Justice Trust အဖွဲ့မှ ပြောကြား

Posted by drmyochit Friday, February 15, 2013, under | No comments

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း အတွင်း ဖွင့်လှစ် ထားသည့် သပိတ် စခန်း များတွင် သံဃာတော် များနှင့် လူများအား နိုင်ငံတကာမှ ကန့်သတ်ထားသည့် မီးလောင်ဗုံးများဖြင့် နှိမ်နင်းခဲ့ခြင်းဖြစ်ပြီး စစ်ဘက်ရေး ရာနှင့် ဆက်နွယ်မှုမရှိသော ဒေသခံရဲတပ်ဖွဲ့အား အဆိုပါဗုံးများဖြင့် အကြမ်း ဖက်နှိမ်နင်း ရန်ခိုင်းစေမှုအား ဖော်ထုတ်ခြင်းဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီနိုင်ငံအဖြစ်သို့ အမှန်တကယ် ကူးပြောင်းနေကြောင်း သက်သေပြရန် လိုအပ်သည်ဟု အမေရိကန်နိုင်ငံအခြေစိုက် Justice Trust မှ ပါမော က္ခ Mr.Roger Normand က ပြောသည်။

အဆို ပါပြောကြား ချက်အားဖေဖော် ဝါရီလ ၁၄ရက်နေ့က ရန်ကုန်မြို့ ရှိတော်ဝင်နှင်း ဆီခန်း မတွင် မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်၊ မုံရွာမြို့ လက်ပံတောင်းတောင် ကယ်တင်ရေးကော် မတီနှင့်ဒေ သခံများ၊အမေရိ ကန်နိုင်ငံ အခြေစိုက် Justice Trustအဖွဲ့တို့မှလက်ပံတောင်းတောင်အရေး ပြည်သူ သို့ရှင်းလင်း တင်ပြချက် သတင်း စာရှင်းလင်း ပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ပံတောင်းတောင် စီမံ ကိန်းတွင် ဖြစ်ပွားခဲ့သော အချက်များ အားအသေး စိတ် စစ်ဆေး သိရှိနိုင်ရန် မြန်မာနိုင်ငံရှေ့နေ များ ကွန်ရက်၊နှင့်Justice Trust အဖွဲ့တို့မှ ဒေသ ခံများနှင့် တွေ့ဆုံမေးမြန်းခြင်း၊ ဗုံးခွဲခံ ရသည့် အပိုင်း အစများအား ဓာတ်ခွဲခန်းပို့ စစ်ဆေးခြင်း စသည့် ဖြစ်ရပ်များအပြင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်အား ယင်းတို့၏ တွေ့ရှိချက်များကို တင်ပြခဲ့ကြောင်းလည်း သိရှိရ သည်။

''အမျိုး သားပြန် လည် သင့်မြတ်ရေး အရ အရင် တုန်းက အဖြစ်တွေကို သက်ရောက်မှု မရှိတော့ ဘူးဆိုပေမဲ့ အစိုးရသစ် လက်ထပ်မှာ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီနိုင်ငံကို တကယ် သွားနေတယ် ဆိုတာ သက်သေပြဖို့ စစ်မြေပြင် မှာတောင် ကန့်သတ်ထားတဲ့ လက်နက်တွေကို ဘာကြောင့် သုံးစွဲနှိမ်နင်း ခဲ့လည်းဆိုတာ ဖော်ထုတ် သင့်ပါတယ်'' ဟု Mr.Roger Normand က ပြောသည်။

လက်ပံတောင်းတောင် အရေး အတွက် ပြည်သူများ အားအမှန် ကန်ဆုံး တင်ပြနိုင်ရန် အတွက် လွတ်လပ်သောပြင် ပအဖွဲ့အစည်းအဖြစ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။ အဆိုပါတွေ့ ရှိချက် များအပြင် ယင်းစီ မံကိန်းမှာ တရားမျှတသော စီမံကိန်းမဟုတ်ကြောင်း အချက်သုံးချက် တွေ့ရှိခဲ့သည်ဟု ရှေ့နေများ ကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။

အဆိုပါ အချက် များအနက် ပထမဆုံး အချက်မှာ ရွာသူ ရွာသား များ၏ ဆန္ဒ မပါဝင်ဘဲ ခြိမ်းခြောက်ကာ လျော်ကြေးပေး ခဲ့ခြင်း၊ ရရှိလျော်ကြေး များတွင် ပေးချေသည့် ကျပ်၅ဝဝဝ တန်များ အတွင်း ကျပ် ၅ဝဝ တန်များ ထည့်သွင်းပေးချေခြင်း၊ စီမံကိန်းအား ဒေသခံများထံ တင်ပြပြီးမှသာ လုပ်မည်ဆိုသော်လည်း ပြောဆို သည့်အ တိုင်း အကောင်အထည်မဖော်ခြင်း၊ဒုတိယအချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက် များအား ဒေသ ခံများ ခံစား ခွင့်မ ရရှိ ခဲ့ခြင်းနှင့် နံပါတ်သုံး အချက်မှာ သပိတ် စခန်း အတွင်း ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ် သူ များအား ပြည်တွင်းနှင့် နိုင်ငံတကာ လိုက်နာရမည့် ဥပဒေများအား လိုက်နာမှုမရှိဘဲ အကြမ်း ဖက်ချေမှုန်း ခဲ့ခြင်း စသည့် အချက်များဖြစ်ကြောင်း သိရသည်။

''နှစ်ဦး သဘောတူ စာချုပ်မှာ လက်မှတ် ထိုးတယ် ဆိုပေမဲ့ ရွာသူ ရွာသားတွေ ဆီမှာ လျော်ကြေးရ တဲ့စာ ချုပ် မိတ္တူမရှိတဲ့အပြင် စီမံကိန်းကြောင့် ဒေသခံအများစု နစ်နာရတဲ့အတွက် မြန်မာနိုင်ငံရဲ့ တည်ဆဲ ပဋိညာဉ် ဥပဒေ အရ တရားမဝင်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံသားအခွင့်အရေးတွေ ပြည့် အဝပေး ထားပြီး ဒီလိုအခွင့်အရေးကို သမ္မတတောင် ပယ်ဖျက်ခွင့်မရှိပေမဲ့ ဖွဲ့စည်းပုံဥပဒေအထက်က မြို့နယ် ရဲတပ် ဖွဲ့မှုးကြောင့် ပေးထားတဲ့အခွင့်အရေးတွေ မရခဲ့သလိုအကြမ်းဖက်နှိမ်နင်းခံရမှုကလည်း ဒေသခံတွေ အပေါ် ဥပဒေနဲ့အညီ မဆက်ဆံခဲ့တာကို ဖော်ပြနေပါတယ်'' ဟု ဦးသိန်းသန်းဦးက ဆိုသည်။

ထိုသို့သံဃာတော်များနှင့် ဒေသခံများအား အကြမ်းဖက်နှိမ်နင်းခဲ့ပြီး ဒုတိယအကြိမ် စုံစမ်းရေးကော် မရှင်အား ပြန်လည်ဖွဲ့စည်းရာတွင် ဒဏ်ရာရရှိသူများအား မည်သို့ အကြမ်းဖက်နှိမ်နင်းခဲ့ကြောင်း စုံစမ်းရ မည့် အချက်အား ပြန်လည်ပယ်ဖျက်ခဲ့ခြင်းမှာ ပြည်သူများသိရှိချင်သော မေးခွန်းအား ပယ်ဖျက်ခြင်းသာ ဖြစ်ကြောင်း လည်း Mr.Roger Normand က ပြောပါသည်။

''လက်ရှိ ဒီစီမံ ကိန်းကို လုပ်နေ တဲ့ဝမ်ပေါင် ကုမ္ပဏီရော ဦးပိုင်ကု မ္ပဏီပါ စစ်တပ်နောက်ခံ ကုမ္ပဏီတွေပါ။နောက်ပြီး ဒီဖော့စ်စဖားရပ်ပါတဲ့ဗုံးကို ဂျီနီဗာကွန်ဗန်းရှင်းအရ ကန့်သတ်ထားပြီး စစ်ဖြစ်နေချိန်မှာတောင် လူအုပ်ကို ဦးတည်မပစ်ရဘူးလို့ ကန့်သတ်ခဲ့တဲ့ လက်နက်ပါ။ဒီလိုစစ်ဘက်ဆိုင်ရာ လက်နက်က ရဲတပ်ဖွဲ့ဆီ ဘယ်လိုရောက်နေ လည်း၊ ဘယ်သူ ပစ်မိန့်ပေးခဲ့တာလည်း''ဟု Mr.Roger Normandက ဆက်လက်ပြော သည်။

အဆိုပါ စစ်ဆေးတွေ့ရှိချက်များအား ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ကော်မရှင်အား တင်ပြ ထားသော် လည်း လက်ရှိကာလအထိ စုံစမ်းစစ်ဆေးရေးကော်မရှင်မှ တုန့်ပြန်မှု မရရှိခဲ့ကြောင်း သိရသည်။ စုံစမ်းစစ်ဆေးရေးကော်မရှင်အနေဖြင့် လက်ပံတောင်းတောင်အရေးနှင့်ပက်သတ် သည့်အ ချက်များ အား အပြီး သတ် အစီရင်ခံစာတွင်ဖော်ပြမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလအတွင်းထုတ်ပြန်ခဲ့ သည့် ဒုတိယ အကြိမ် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Eleven

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်