Thursday, February 07, 2013

တရုတ်နှစ်သစ်ကူးဂီတပွဲ ဖျက်သိမ်းရန် PSY ကို မလေးရှားပရိသတ် တိုက်တွန်း

Posted by drmyochit Thursday, February 07, 2013, under | No comments



မလေးရှားနိုင်ငံတွင် လာရောက်သီဆိုမည့် တရုတ်နှစ်သစ်ကူးကာလ ဂီတဖျော်ဖြေပွဲ အစီအစဉ်ကို ဖျက်သိမ်း ရန် ကိုရီးယားရက်ပ်အဆိုတော် PSY အား ၎င်း၏ မလေးရှားပရိသတ်များက Facebook မှတစ် ဆင့် တိုက်တွန်း တောင်းဆိုမှုများ ပြုလုပ်လျက်ရှိသည်။

Gangnam Style သီချင်းဗီဒီယိုနှင့်အတူ ကမ္ဘာကျော်ဖြစ်လာသည့် PSY ကို မလေးရှားတွင်လည်း နှစ်ခြိုက် အားပေးကြသည်။ အထူးသဖြင့် PSY ၏ သီချင်းနှင့်အကဟန်မှာ မလေးရှားလူငယ်ထုကြား ရေပန်းစား လျက်ရှိသည်။

သို့သော် တရုတ်နှစ်သစ်ကူးကာလ အထိမ်းအမှတ်အဖြစ် ပီနန်တွင်ပြုလုပ်မည့် ဂီတဖျော်ဖြေပွဲကို မလေးရှား အာဏာ ရပါတီ Barisan Nasional (BN) က စီစဉ်ခြင်းဖြစ်ရာ PSY ပရိသတ်များက ထိုအချက် ကို လက်မခံနိုင်ကြချေ။

Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်