Thursday, February 07, 2013

ဟက်ကာဆိုတာ အဖျက်သမားလား

Posted by drmyochit Thursday, February 07, 2013, under | No comments


ပြီးခဲ့တဲ့ ရက်တွေက နိုင်ငံတော်သမ္မတရုံး ဝက်ဘ်ဆိုက်အပါအဝင် သတင်းထုတ်ပြန်ပေးနေတဲ့ သတင်းဌာန တော်တော် များများ ရဲ့ စာမျက်နှာတွေတိုက်ခိုက်ခံခဲ့ရပါတယ်။နိုင်ငံတော် သမ္မတရုံးက ဦးမှူးဇော်ရဲ့ facebook စာမျက်နှာမှာတော့ DDoS နဲ့အတိုက်ခိုက်ခံရတယ်လို့ ဖော်ပြထားပါတယ်။

DDoS ဆိုတာကတော့ ဝက်ဘ်ဆိုက်တခု(သို့)နက်ဝပ်တခုကို request တွေအများကြီးပို့ပြီး user တွေ အများကြီး ဝင်သုံး သလိုနဲ့ ဝက်ဘ်ဆိုက်(သို့)နက်ဝပ်တခုကို နှေးကွေးလေးလံသွားအောင်ပြုလုပ်တာပါ။ တနည်း အားဖြင့် ပြောရရင် ပုံမှန်ဝင်ဖတ်သူတွေ ဖတ်လို့မရအောင် အဖျက်သက်သက်လုပ် တာသာဖြစ် ပါတယ်။ပြီးတော့ အများပြည်သူအတွက် သတင်းထုတ်ပြန်ပေးနေတဲ့ နေရာတွေကို တိုက်ခိုက်တယ်ဆိုတော့ ဒါဟာ အဖျက်လုပ်ရပ်သက်သက်ပါပဲ။

ဟက်ကာ ( hacker ) ကိုဒီလို အဓိပ္ပါယ်ဖွင့်ပါတယ်။သူတပါးရဲ့ ကွန်ပြူတာစစ်စတမ် (သို့) ကွန်ပြူတာ နက်ဝပ် အတွင်းသို့ ထိုးဖောက်ဝင်ရောက်၍ သတင်းအချက်အလက်ရယူသူ တဲ့။

WikiLeaks ကိုစတင် တည်ထောင်ခဲ့တဲ့ ဟက်ကာ ဂျူလီယံအက်ဆန်းဂ်ျ ဆိုရင် အများတကာက လေးစားကြ ပါတယ် ။ဘာကြောင့်လဲဆိုတော့ အမေရိကန်အစိုးရရဲ့ လျှို့ဝှက်တဲ့ သတင်း အချက် အလက် တွေကို အများပြည်သူ သိနိုင်အောင် တင်ပြ ပေးခဲ့လို့ပါ။ အက်ဆန်းဂ်ျဟာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ယုံကြည်သူ တဦး လဲဖြစ်ပါတယ်။

အက်ဆန်းဂ်ျကို ဒီဇင်ဘာ ၂၀၁၀ ကတည်းက ဥရောပမှာ ဖမ်းဖို့ ဝရမ်းထုတ်ထားတာဖြစ်ပါတယ်။၂၀၁၂ ဂျွန်လ အတွင်း မှာတော့ သူ့ရဲ့ နောက်ဆုံးအယူခံ အဂ်လန်မှာ ပယ်ချခံရပြီးတဲ့နောက် သူဟာ အီကွေ ဒေါသံရုံး အတွင်းမှာသာ ခိုလှုံခွင့်တောင်းပြီး ယနေ့အထိ နေထိုင်လျက်ရှိပါတော့တယ်။သူ အီကွေဒေါ သံရုံး အပြင်ကို ခြေတလှမ်း လှမ်းတာနဲ့ အဖမ်းခံရမှာပါပဲ။

ဒီနေ့တွေ့နေရတဲ့ ဟက်ကာတွေကတော့ အဖျက်အစီးသက်သက်လို ဖြစ်နေပါတယ်။ငါလုပ်နိုင်တယ် ငါလုပ်ပြလိုက်တယ် ဆိုတဲ့ အဆင့်အပြင်မပိုပါဘူး။

သူတပါးရဲ့သတင်းအချက်အလက်ကို ရယူတယ်ဆိုတာ ကျင့်ဝတ်နဲ့တော့ မညီပါဘူး။ဒါပေမယ့် အက်ဆန်းဂ်ျလိုမျိုး ကောင်းတဲ့ဖက်က ကောင်းသောအကြံအစည်နဲ့လုပ်ခဲ့တယ်ဆိုရင်တော့ လက်ခုပ်တီးပေးရမှာပါ။အခုလိုမျိုး အဖျက်အမှောင့်သက်သက်ဆိုရင်တော့ ဘယ်လိုမှအားမပေးနိုင်တဲ့ လုပ်ရပ်ပါပဲ။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်