Thursday, February 07, 2013

လက်ရှိ အစိုးရ အနေဖြင့် ကချင် အရေးနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု ရှိရန်လိုဟု အေဘီအက်ဖ်ဒီအက် ဆို

Posted by drmyochit Thursday, February 07, 2013, under | No comments


မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး (ကျောင်းသား တပ်မတော်) ဗဟိုကော် မတီ စုံညီ အစည်းဝေးကို ဖေဖေါ်ဝါရီလ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ လွတ်အမြောက် နယ်မြေတစ် နေရာတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အတွင်း ရေးမှူး (၁) ရဲဘော်မြင့်ဦးမှ လက်ရှိ ကချင်နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေအဖွဲ့ ပူးတွဲ ထုတ်ပြန်ချက် အပေါ် “နှစ်ဦး နှစ်ဖက်သဘော တူညီများအပေါ် တိတိကျကျ လိုက်နာဘို့လိုသလို လက်တွေ့ကျကျ အကောင် အထည်ဖော် ဆောင်ရွက်ဘို့လည်းလိုပါတယ်” လို့ ပြောဆို ခဲ့သလို ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ် နိုင်ငံရေးအရဖြစ်ထွန်းနိုင်မှု ရှိ/မရှိပေါ်ကိုလည်း …

“၁။ လက်ရှိ ဦးသိန်းစိန် ဦးဆောင်နေတဲ့အစိုးရအနေဖြင့် တပြည်လုံးအသွင်ဆောင်တဲ့ အပစ် အခတ် ရပ်စဲရေး ကို တရားဝင်ထုတ်ပြန် ကြေ ညာပြီး တာဝန်ခံမှု၊ တာဝန်ယူမှု ရှိရှိဖြင့် ဆောင်ရွက်ဘို့ လိုအပ် သလို ပွင့်လင်းမှု၊ ထင်သာမြင်သာရှိမှုဖြင့် အကောင်အထည်ဖော် လုပ်ဆောင် မှသာလျှင် ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ်လိုမြင်ပါတယ်။

၂။ တိုင်းပြည်ရဲ့ ပဋိပက္ခထဲမှာ ပါဝင်ပတ်သက်နေတဲ့အင်အားစုအားလုံးပါဝင်တဲ့ နိုင်ငံရေး အရ တန်းတူ ရည်တူ ဆွေးနွေး နိုင်မဲ့ ဆွေးနွေပွဲ များ ကို အမြန်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှသာ ရေရှည် တည်တံ့ ခိုင်မြဲနိုင်မဲ့ ငြိမ်းချမ်းရေး ကိုဖော်ဆောင်နိုင်မယ်လို့မြင်ပါတယ်” လို့ သုံး သပ်ပြောဆိုခဲ့ပါတယ်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်