Thursday, February 07, 2013

ငွေရှိရင် ဘာမဆိုလုပ်လို့ရတယ်လို့ ခံယူထားသလား စက်ရုံမှူးရယ်

Posted by drmyochit Thursday, February 07, 2013, under | No comments


သိပံ္ပနှင့်နည်းပညာဝန်ကြီး ဌာနလက်အောက်ရှိ မြန်မာ့သိပံ္ပ နှင့် နည်းပညာသုတေသနဦးစီး ဌာန စမ်းသပ် စက်ရုံစု (မှော်ဘီ) ၏ တံတိုင်းဘေးရှိ မြေဧရိယာနှင့် ပတ်သက်၍ စက်ရုံမှူးက လူအင် အားသုံးကာ ပိုင်ရှင် များကို နှောင့်ယှက်ခြောက်လှန့်သည်ဟု ဆိုကာ ကာယကံရှင်များက ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့်လွှတ်တော် မြေ အသိမ်းခံရမှု စုံစမ်းရေး ကော်မရှင် သို့ တိုင်စာများပေးပို့ခဲ့ကြောင်း ကာယကံ ရှင်၏ ပြောပြ ချက်အရ သိရှိရသည်။

“ဒီမြေတွေက လွန်ခဲ့တဲ့ ၁၄ နှစ်တည်းက မြို့နယ်မြေစာရင်းဌာန ကနေ မြေစာရင်းပုံစံ(၁၀၅)ထုတ် ပြီး ချုံရိုင်း တွေရှင်း၊ ခြံစည်းရိုးတွေ ခတ်ပြီးတော့ လူနေအိမ်ခွင့်ပြု ချက်နဲ့ နေထိုင်ခဲ့တာပါ။ အဲဒါ ဘေးနား ကစက်ရုံက စက်ရုံမှူးက လူအင်အား ၂၀ လောက်နဲ့ ခြောက်လှန့်တဲ့သဘော မေးတာ မြန်းတာလုပ်တယ်။ ကျွန်တော် တို့ကလည်း ဒါဟာ မှော်ဘီ သန္ဓေပင်ကျေးရွာအုပ်ချုပ်ရေးမှူး နဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး က တာဝန် ရှိသူတွေ ကွင်းဆင်း ကြည့်ရှုပြီး စိုက်ပျိုးနေထိုင်ခွင့်ပြု တဲ့အတွက် လုပ်ကိုင်နေတာပါလို့ ရိုရို သေသေပဲ ပြန်ပြောပါတယ်။ ယခင် ဒီစက်ရုံရဲ့ စက်ရုံမှူးကိုယ် တိုင်ကလည်း ကျွန်တော်တို့မြေ တွေဟာ စက်ရုံ ပိုင်မြေထဲမှာ မပါ ဘူးလို့ ပြောခဲ့လို့ ဒီမြေလေးကို ချွေးနှဲစာနဲ့ ၀ယ်ယူခဲ့ရတာပါ။ ခု ဒီမြေမှာ စိုက်ပျိုး နေထိုင် တာကို ခြိမ်းခြောက်နေတဲ့အတွက် အရမ်း စိတ်ဆင်းရဲနေရပါတယ်”ဟု ကာယကံရှင်ဖြစ်သူ ဦးညို လှက ပြောကြားသွား သည်။

ကာယကံရှင်များမှ သက် ဆိုင်ရာသို့ တင်ပြသောစာ၌ စက် ရုံမှူးနှင့်အဖွဲ့အပြင် ထောက်ကြံ့ မြို့မြောက် ပိုင်းရပ်ကွက် အုပ်ချုပ် ရေးမှူးနှင့် ရပ်ကွက်ပြည်ခိုင်ဖြိုး ပါတီဝင်အချို့ကလည်း စည်ပင် သာယာ တာဝန်ရှိ သူများအား စက်ရုံပိုင်မြေအဖြစ် ထည့်သွင်း မြေပုံရေးဆွဲပေးရန် ပြောဆိုပြသ မှုများရှိနေကြောင်းလည်း ပါဝင် ကြောင်းသိရသည်။ စက်ရုံဘက် မှလည်း ၂၀၁၃ ဇန်န၀ါရီလ ၂၉ ရက် ရက်စွဲဖြင့် ကာယကံရှင်များ ကို ကျူးကျော် ၀င်ရောက်သည် ဟုဆိုကာ မြန်မာ့သိပံ္ပနှင့် နည်း ပညာသုတေသနဦးစီးဌာနသို့ အစီရင်ခံ တင်ပြခဲ့ကြောင်း သိရ သည်။

ကာယကံရှင် မိသားစုကနစ် နာသည်ဟုဆိုကာ ပြည်သူ့လွှတ် တော်တရားဥပဒေစိုးမိုးရေးကော် မတီဝင် ဒေါ်လဲ့လဲ့ဝင်းဆွေ ထံသို့ သွားရောက်တင်ပြခဲ့ရာတွင်လည်း ဒေါ်လဲ့လဲ့ဝင်းဆွေက တရားဝင် စာတင် ပေးရန်နှင့် နစ်နာသူဘက် က အပြည့်အ၀ ရပ်တည်ကူညီ သွားမည်ဖြစ်ကြောင်း အားပေး ပြောကြား ခဲ့ကြောင်း သိရ သည်။



ခန့်ခန့်(ဒဿနိက)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်