Sunday, March 10, 2013

ငတ်မွတ်မှုနှင့် ဆင်းရဲနွမ်းပါးမှု

Posted by drmyochit Sunday, March 10, 2013, under | No comments



တစ်ချို့ တိုင်းပြည်တွေ မှာ အစာရေ စာပြတ်လပ် ငတ်မွတ် မှုကြောင့် လူတွေသေ ဆုံးနေရ တာတွေ ရှိနေသေးပေ မဲ့ လက်ရှိ ကမ္ဘာ့ အစား အစာ ထုတ်လုပ်မှုနှုန်းဟာ လူသား အားလုံး အတွက်
လုံလောက်နေ ပါတယ်... တကယ် လို့သာ အစား အစာတွေ ကို ကယ်လိုရီနဲ့ တွက်ပြီး ညီညီ မျှမျှဖြန့်ဝေပေးနိုင် မယ်ဆိုရင် ကမ္ဘာပေါ် မှာရှိတဲ့ လူသား တိုင်းဟာ တစ်နေ့ ကို ၂၇၂၀ ကယ် လိုရီ စီ ရရှိ မှာဖြစ် ပါတယ်...
 
၂၀၁၀ ပြည့်နှစ်မှာ အစာရေစာပြတ်လပ်ငတ်မွတ်နေတဲ့ လူပေါင်း ၉၂၅ သန်း ရှိနေခဲ့ပါတယ်... အများစု ကတော့ အာရှ နဲ့ ပစိဖိတ်ဒေ သ ကဖြစ်ပြီး နောက်ထပ် အများဆုံး အနေနဲ့ လိုက် လာတာကတော့ အာဖရိ က ဆာဟာရဒေ သမှာ ဖြစ်ပါတယ်... ဒီအချက် အလက်တွေ အရ ကမ္ဘာ့ လူဦးရေရဲ့ ၁၃.၁ ရာခိုင်နှုန်း ဒါမှမဟုတ် လူ ၇ ယောက်မှာ ၁ ယောက်ဟာ အစာအရေစာပြတ်လပ်ငတ်မွတ်မှုဘေးသင့်နေတယ်လို့ ဆိုနိုင် ပါတယ်...

ဒီနေ့အချိန် အထိ နေ့စဉ်နေ့တိုင်း ကလေးငယ် ၁၆၀၀၀ နီးပါးဟာ ငတ်မွတ်မှုနဲ့ဆက်စပ်တဲ့ အခြေ အနေတွေကြောင့် သေဆုံးနေရပါတယ်... ဒါဟာ ငါးစက္ကန့်ကြာတိုင်း ကလေးတစ်ယောက် ငတ်မွတ် မှုကြောင့် သေဆုံးနေရ တဲ့သဘောပါပဲ...

အခုအချိန်မှာ ကမ္ဘာ့စိုက်ပျိုးထုတ်လုပ်မှုက လူတစ်ယောက်အတွက် လိုအပ်တဲ့ ကယ်လိုရီရဲ့ ၁၇ ရာခိုင်နှုန်းကို ပိုပြီးထုတ် လုပ်နိုင်နေပြီဖြစ်ပါတယ်.. ဒီလိုထုတ်လုပ်လာနိုင်ခဲ့တာလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်လောက် ကတည်းကပါပဲ... ဒီအချက်အလက်တွေအရ လူတစ်ယောက်ချင်းစီကို ပုံမှန်အတိုင်း တစ်နေ့ ၂၇၂၀ ကယ်လိုရီစီ ထောက်ပံ့နိုင်တဲ့အပြင် နေ့စဉ် လူတစ်ယောက်ချင်းစီရဲ့ လိုအပ်ချက် ထက် ပိုပြီး ထောက်ပံ့ပေးနိုင်တဲ့ အခြေအနေမှာရှိနေတယ်လို့ ဆိုနိုင်ပါတယ်...

ဒီလို အစားအစာတွေပိုလျှံနေပါလျက်နဲ့ အစာရေစာပြတ်လပ်ငတ်မွတ်နေတဲ့သူတွေ ဘာကြောင့် ရှိနေရတာ လဲဆိုတာ့ သူတို့မှာ စိုက်ပျိုးဖို့ မြေမရှိသလို အစားအစာအတွက် ပေးချေဖို့ ဝင်ငွေမရှိကြလို့ပါပဲ... ဆင်းရဲနွမ်းပါး မှုဟာ ဆာလောင်ငတ်မွတ်မှုကိုဖြစ်စေတဲ့ အဓိကအကြောင်းရင်းတစ်ရပ်ပဲဖြစ်ပါတယ်...

၂၀၁၂ ခုနှစ်ရဲ့ ဆင်းရဲနွမ်းပါးမှုနဲ့ ငတ်မွတ်မှုအခြေအနေတွေကို ဒီမှာဖတ်နိုင်ပါတယ်...

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်