Sunday, March 10, 2013

တစ်ဖက်နိုင်ငံတွင် တရားဝင်ဆေးကုသရင်း သေဆုံးသွားသူ၏ ရုပ်လောင်းကို ပြန်လည်သယ်ယူရန် ကိစ္စအား တာချီလိတ် မဲဆန္ဒနယ် ကျားဖြူပါတီမှ ဦးစိုင်းသိန်းအောင် က လွှတ်တော်တွင် မေးပြီ

Posted by drmyochit Sunday, March 10, 2013, under | No comments


တစ်ဖက် နိုင်ငံတွင် တရားဝင် ဆေးကု သရင်း သေဆုံး သူ၏ သက်မဲ့ ရုပ် ခန္ဓာအား မိမိ နိုင်ငံ အတွင်းသို့ လွယ်ကူစွာ ပြန်လည် သယ်ယူ နိုင်ရန်နှင့် စပ်လျဉ်းသည့် မေးခွန်း အား တာချီလိတ် မဲဆန္ဒ နယ်မှ ဦးစိုင်း သိန်းအောင် က မေးမြန်း ရာတွင်-


တာချီ လိတ်မြို့တွင် နေထိုင်ကြသော ဒေသခံ တိုင်းရင်းသား လူထု အားလုံးမှာ ကျန်းမာရေး နှင့်‌ ပတ်သက်ပြီး တစ်ဖက်သော နိုင်ငံသို့ သွားရောက် ဆေးဝါး ကုသကြ ရပါကြောင်း၊ ထိုကဲ့သို့ ဆေးဝါး ကုသ ချိန် အတွင်း အကြောင်း မျိုးမျိုးကြောင့် သေဆုံး သွားသည့် သက်မဲ့ ရုပ်ခန္ဓာ များကို မိမိ နိုင်ငံသို့ ပြန်လည် သယ်ယူ လာချင် ကြသော် လည်း အခက် အခဲ အမျိုးမျိုးနှင့် ရင်ဆိုင် ကြုံတွေ့ ကြရပါသည်။ ထို့ကြောင့် တာချီ လိတ်မြို့ တွင် သာမက ဒီနယ်စပ် ဒေသရှိ ပြည်သူ များ အားလုံး တစ်ဖက် နိုင်ငံသို့ ဆေးဝါး ကုသ ခံယူပြီး ကံ အကြောင်း ကြောင်းကြောင့် သေဆုံးသူ တွေရဲ့ သက်မဲ့ ရုပ်ခန္ဓာ များကို မိမိ နိုင်ငံကို ပြန်သယ် လာရန် အ တွက် သက်ဆိုင်ရာ ဝန်ကြီး ဌာနမှ တစ်ဖက် နိုင်ငံနဲ့ တရားဝင် ညှိနှိုင်း ဆောင် ရွက် ပေးရန် အစီ အစဉ်ရှိ/ မရှိ သိရှိ လိုပါကြောင်း မေးမြန်း သွားပါသည်။

တာချီလိတ် မဲဆန္ဒ နယ်မှ ဦးစိုင်းသိန်းအောင် မေးမြန်းသည့် “တစ်ဖက် နိုင်ငံတွင် တရား ဝင် ဆေးကု သရင်း သေဆုံး သူ၏ သက်မဲ့ ရုပ်ခန္ဓာအား မိမိနိုင်ငံ အတွင်းသို့ လွယ်ကူစွာ ပြန်လည် သယ်ယူ နိုင်ရန်နှင့် စပ်လျဉ်း သည့် မေးခွန်း” အား နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဇင်ယော် မှပြန်လည် ဖြေကြား ရာတွင်-

ပြည်ပ နိုင်ငံ များသို့ တရားဝင် သွားရောက် ဆေးကု သမှုခံ ယူရာမှ ကွယ်လွန် ခဲ့ရသူများ၏ ကြွင်း ကျန်သည့် ရုပ် အလောင်းအား မိမိနိုင်ငံ အတွင်းသို့ ပြန်လည် သယ်ဆောင် လိုသော ကိစ္စရပ် များတွင် ကျန်ရစ်သူ မိသားစုများက အကူအညီတောင်းခံခဲ့ပါက လွယ်ကူ အဆင်ပြေစေရန်အတွက် ပြည်ပနိုင်ငံနှင့် တရားဝင် ဆောင်ရွက် ပေးရ သည့် လုပ်ငန်း အား အရေးကြီး တာဝန် တစ်ရပ် အဖြစ် ခံယူပြီး ပြည်ပ ရှိမြန်မာ သံရုံး၊ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ ရုံးနှင့် ကောင်စစ် ဝန်ချုပ်ရုံး များက ချက်ချင်း ကူညီ ဆောင်ရွက် ပေးလျှက် ရှိပါကြောင်း၊ အထူးသဖြင့် ရုပ် အလောင်းအား ပြန်လည် ယူဆောင် နိုင်ရေး အတွက် လိုအပ်သည့် စာရွက် စာတမ်း အချက် အလက် များကိုလည်း မိမိတို့ သံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ် ဝန်ရုံး များက ချက်ချင်း ရရှိရန် ဆောင်ရွက် ပေးပါကြောင်း၊

ကျန်းမာ ရေး ဝန်ကြီး ဌာန အပိုင်း အနေဖြင့် မြန်မာ နိုင်ငံသို့ ရုပ် အလောင်း ရောက်ရှိ လာသည့် အခါ မှသာ ဆောင်ရွက် ရန်ရှိကြောင်း၊ ပြည်ပတွင် ကွယ်လွန် ခဲ့သည့် ရုပ် အလောင်းအား လွယ်ကူစွာ သင်္ဂြိုဟ်နိုင်ရေး အတွက် သေဆုံး ရသည့် အကြောင်း အရင်း (Cause of Death) မှန်/မမှန်ကိုသာ မှုခင်းဆရာဝန် ရှိသည့် ဆေးရုံကြီး များတွင် အဆိုပါ မှုခင်းဆရာဝန်က စစ်ဆေးအတည်ပြုရကြောင်း၊ မှုခင်းဆရာဝန် မရှိပါက သက်ဆိုင်ရာ ဆေး ရုံရှိ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးက စစ်ဆေး အတည်ပြုရပါကြောင်း၊ ဤသို့စစ်ဆေး အတည်ပြု ပြီးလျှင် သင်္ဂြိုဟ်ရန် အတွက် လက်မှတ် ထုတ်ပေး ရပါကြောင်း၊ ခရိုင်ဆေးရုံ များတွင်မူ ခရိုင် ကျန်းမာရေး ဦးစီး ဌာန မှူး၏ တာဝန်ခ မှုနှင့် ထပ်ဆင့် တာဝန် လွှဲအပ် သော သူက စစ်ဆေးပြီး သင်္ဂြိုဟ် လက်မှတ် ထုတ်ပေး ရပါကြောင်း ကျန်းမာရေး ဝန်ကြီး ဌာနနှင့် ညှိနှိုင်းပြီး ဖြေကြား အပ်ပါသည်။

ဖြည့်စွက် ဖြေကြား လိုသည့် အချက်မှာ အခြေ အနေ အရပ် ရပ်ကြောင့် သေဆုံး သွားခဲ့သော
မြန်မာ နိုင်ငံ သား ရုပ် အလောင်းကို ပြန်လည် ယူဆောင် နိုင်ခြင်း မရှိတဲ့ အတွက် အကူ အညီ တောင်းခံ လာတဲ့ အခါမှာ လိုအပ်တဲ့ စာရွက် စာတမ်းများ ထုတ်ပေးခြင်း၊ မိသားစု ဆန္ဒအရ သရဏဂုံ တင်လိုပါက သံဃာတော် များ ပင့်လျှောက် ပေးခြင်း၊ မိသားစု ဝင်များ မရှိပါက မီး သင်္ဂြိုဟ် ပေးခြင်း၊ ကြွင်း ကျန်သော အရိုးပြာ များအား မိမိနိုင်ငံသို့ ပြန်လည် ယူဆောင်လို သည် ဆိုပါက ယူဆောင် သွားနိုင်ရန် ကူညီ ပေးခြင်း၊ ရေမျှောလို သည်ဆို ပါက ကူညီ၍ မျှော ပေးခြင်းများ အထိ မြန်မာသံရုံး၊ အဖွဲ့ ရုံး၊ ကောင် စစ် ဝန်ရုံး များ က ကူညီ ဆောင်ရွက် ပေးလျက် ရှိပါကြောင်း ဖြေကြား ခဲ့ပါသည်။

မှတ်ချက်။ ။ ပြည်သူ့ လွှတ်တော် တွင် ဖော်ပြ ထားသော မေးမြန်း/ ဖြေကြား ချက်အား မူရင်း အတိုင်း ပြန် လည် ဖော်ပြ လိုက် ပါသည်။

တာချီလိတ်အွန်လိုင်းစာမျက်နှာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်