Sunday, March 10, 2013

တက်တူးထိုးသည်ကို ဆုံးမလို့ ကျောင်းသားများ၏ ခြိမ်းခြောက်မှု ခံရသည့် ဆရာမ

Posted by drmyochit Sunday, March 10, 2013, under | No comments

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှ အသက် ၂၈ နှစ်အရွယ် ဘာသာရေး ဆရာမတစ်ဦးဟာ ၁၄ နှစ် အရွယ် ကျောင်း သား နှစ်ဦးကို တက်တူး ထိုးသည့် အတွက် ဆုံးမမိသည့် အ တွက် ခြိန်း ခြောက်ခြင်း ခံ ခဲ့ ရပါ တယ်။

 
ပြီးခဲ့သည့် အပတ် ကြာသပတေးနေ့ တွင် ဖြစ်ပွားခဲ့ သည့် အဆိုပါ ကိစ္စတွင် ဆရာမမှ တက်တူး ထိုးခြင်း သည် ကျောင်း ရဲ့ စည်းကမ်း ကို ဖောက် ဖျက်ခြင်း ဖြစ်ကြောင်း ပြောဆိုဆုံးမရာ တစ်ယောက် က သူမ ကို သတ်ပစ် မည် ဟု ခြိမ်းခြောက် ခဲ့ခြင်း ဖြစ်ပါသည်။

ထိန်းသိမ်းဖျောင်းဖျလို့ မရမှန်း သိသည့်အခါ ဆရာမမှ စည်းကမ်းထိန်းသိမ်းရေးကို တိုင်ခဲ့ပြီး ၄င်းမှ တစ် ဆင့် Salak Selatan ရဲစခန်းကို တိုင်ခဲ့ကြောင်း သိရပါသည်။ နောက်ပိုင်းတွင်တော့ အဆိုပါဖြစ် စဉ်မှ ကျောင်း သား တစ်ဦးမှာ အခြား ရာဇ ၀တ်မှု တစ်ခု အတွက် ရဲတပ်ဖွဲ့မှ စစ်ဆေးစုံ စမ်းနေသူ တစ် ဦးဖြစ်ေ ကြာင်း သိရပါသည်။

ဒါကတော့ နိုင်ငံတိုင်းမှာ ကျောင်းသားအရွယ် ကလေးငယ်တွေရဲ့ ဆိုးသွမ်းမှုတွေပါ။ မနေ့ကလဲ စင်္ကာ ပူက ကျောင်း သူလေး ၅ ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ အယုံသွင်းလုပ်ခဲ့သူ တစ်ဦး အကြောင်း ဖော်ပြခဲ့ ပါ တယ်။ မြန်မာနိုင်ငံမှာ အတတ် လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာ အပ်ဖို့ ဆရာတို့ ကျင့်ဖို့ ၀တ်ငါးဖြာ ဆိုပြီး ရှိခဲ့ပေမယ့် ယခုအခါမှာတော့ အတတ်လည်းသင် တစ်ခုလောက် နဲ့ပဲ ရပ်ဖို့ အားလုံး တောင်းဆိုနေကြပါတယ်။

ဆရာမရိုက်လို့ ၀ါခြမ်းပြားရာ ထင်ရာမှ ဆရာမကို တရားစွဲတဲ့ ကျောင်းသားမိဘ၊ ကျောင်းအုပ် ဆရာမကြီး က စည်းကမ်း မရှိလို့ ရိုက်မိသည်ကို ရုံးတင်တရားစွဲသည့် ကျောင်းသူ၊ ထိုမှ တစ်ဖန် မရိုးနိုင်သော ပြစ်မှု အမျိုး မျိုးကို ကျူးလွန်ပြီး ဆရာများ လက်ရှောင်ရတဲ့ ကလေးများ ဖြစ်လာစေဖို့ ဆောင်ရွက်နေကြပါတယ်။ ဗက သ များကလည်း စာမေးပွဲကျ ကျောင်းသားများကို အားပေး၊ ကျောင်းသားများ ကျောင်းစာသင်ခန်းမှ ထွက် ဖို့ တွန်း အားပေးနေသည်ကိုလည်း လက်ပိုက်ကြည့်ခြင်း ခံနေရပါတယ်။ 

တစ်နေ့မှာ ဒီမလေးက ပြစ်မှုလို ဆရာမရဲ့ အသက်အန္တရာယ်ကို ပြန်ခြိမ်းခြောက်တဲ့ ကျောင်းသားများ မဖြစ် လာ စေဖို့..

ဓာတ်ပုံ။ စာမေးပွဲကျ ကျောင်းစည်းကမ်း မလိုက်နာပြီးနောက် ကျောင်းထုတ် ခံရပြီးနောက် ဗကသများနှင့် ပူးပေါင်းပြီး ဆရာများကို အပြစ်ဆိုနေသည့် မိန်းကလေး

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်