Sunday, March 10, 2013

မလေးရှား ဘောနီယို သူပုန် နှိမ်နင်းမှု ပြင်းထန်

Posted by drmyochit Sunday, March 10, 2013, under | No comments

မလေးရှား အာဏာပိုင်တွေက ဘောနီယို ကျွန်းပေါ်မှာ ရှိတဲ့ ဆာဘားပြည်နယ်အတွင်း လူပေါင်း ၈၀ နီးပါးကို ဖမ်းဆီးလိုက် တယ် လို့ ပြောပါ တယ်။ ပြီးခဲ့တဲ့ လအတွင်း သယံဇာ တ ပေါ်ကြွယ် ၀တဲ့ ကျေးရွာ တရွာကို ဖိလစ်ပိုင်
မူစလင် မျိုးနွယ် သူပုန်တွေက သိမ်းပိုက်ခဲ့ တာကို ပြန်လည် ရှင်းလင်း ခြေမှုန်းတဲ့ စစ်ဆင်ရေး အတွင်း အခုလို ကြေညာလိုက်တာပါ။

စစ်သွေးကြွတစ်ယောက်ကို စနေနေ့မှာ ပစ်သတ်လိုက်တဲ့ အကြောင်းလည်း ပြည်ထောင်စု ရဲတပ်ဖွဲ့ရဲ့ အကြီး အကဲ အစ္စမေးလ် အိုမာ ကပြောပါတယ်။ ဒါကြောင့် ကျူးကျော်သူတွေ ကို ချေမှုန်းနေ တဲ့၊ ပြု လုပ် နေဆဲ စစ်ဆင်ရေး ကာလအတွင်း သေဆုံးသူ ဦးရေ ၆၀ ကျော်သွားပြီ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တိုက်ခိုက်မှုတွေကို ရပ်စဲပြီး တွေ့ ဆုံ ဆွေးနွေးကြဖို့ တိုက်တွန်း နှိုးဆော် တဲ့ကြေငြာချက် ထုတ်ပြန်လိုက်ပြီးတဲ့နောက် သူ့ကိုယ်သူ ဒီဒေသရဲ့ ဘုရင် ဖြစ် တယ်လို့ ပြောဆိုတဲ့ မူစလင် အုပ်စုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဂျမာလူးကီရမ်က အပစ်အခတ် ရပ်စဲဖို့ ကြသပတေးနေ့ မှာ တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် မလေးရှား အာဏာပိုင် တွေကတော့ အခုလို အပစ်ရပ် ကမ်းလှမ်းချက်ကို ပယ်ချလိုက်ပြီး လုံးဝ လက်နက်ချတာကိုပဲ လက်ခံမယ့်လို့ ပြောပါတယ်။

VOA မြန်မာဌာန

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်