ကချင် ပြည်နယ် တွင် ဖြစ်ပွား နေသော
တိုက်ပွဲများ ရပ်တန့် စေရန် ရည်ရွယ်၍ ငြိမ်းချမ်း ရေးကို လိုလား သည့် လူ ငယ်များ စုပေါင်းကာ
မိုင် ၇၀၀ ကျော် ဝေး သည့် လိုင်ဇာသို့ လမ်းလျှောက် ချီတက် ခဲ့ကြသည်။ အဆို ပါ ခရီး
စဉ် သည် ဇန်န၀ါရီလ ၂၁ ရက် နံနက် ၇ နာရီ တွင် စတင်ခဲ့ပြီး ယနေ့တွင်တော့ ရက်ပေါင်း ၅၀
ခန့် ရှိပြီ ဖြစ် သည်။ မိုင်ပေါင်း ၇၀၀ ကို တစ်နေ့ ၇ မိုင် လမ်းလျှောက်ပါက ရက်ပေါင်း
၁၀၀ လျှောက်
ရမည်ဖြစ်ပြီး တစ်ေ န့ ၁၀ မိုင် လမ်းလျှောက်ပါက ရက်ပေါင်း ၇၀ လျှောက်ရမည်
ဖြစ်ကာ ယနေ့တွင် ရောက်မည် ဆိုပါ က တစ်နေ့လျှင် ၁၄ မိုင် လမ်းလျှောက်ရမည် ဖြစ်သည်။ ဒါတောင်
ကြားတွင် ပျော်ပွဲရွှင်ပွဲ အနားယူပွဲများ မပါမှသာ တစ်နေ့ ၁၄ မိုင်ဖြင့် ရက်ပေါင်း ၅၀
အတွင်း လိုင်ဇာရောက်မည်မို့ ယခု လမ်းလျှောက်ခရီးသည် မည်သို့ ရောက်ရှိသွားသလဲ ဆိုတာ
ကျွန်တော် မပြောလိုတော့ပေ။
လေးစား ချီးကျူးရမည်ကား တစ်လခွဲကျော်
မိသားစု ထောက်ပံ့ရန်မလို၊ ကိုယ်တိုင် စားဝတ်နေရေး လုပ်ေ ဆာင် ရန် မလို ပင်ကိုယ်ကြွယ်ဝသည့်
မြန်မာများ လမ်းလျှောက်နိုင်ကြခြင်းပင် ဖြစ်သည်။ ကတ္တီပါ ဖိနပ် စီးသော ဘုန်းကြီးများ၊
ခြေညှပ်ဖိနပ်၊ အားကစားဖိနပ် စီးသူများ၊ ဂျင်းဘောင်ဘီလေး များဖြင့် လမ်းေ လျှာက်ေ သာ
မမ များ အားလုံး တစ်ပြိုင်ထဲ ရောက်နိုင်မှု သည်ကား ပို၍ ချီးကျူးဖွယ်ဖြစ်သည်။ တပ်မတော်
၏ ခံနိုင် ရည် စံနှုန်း ထက်ပင် ကျော်လွန်သော စွမ်းရည်များ ပိုင်ဆိုင်သည့် အဖွဲ့ဖြစ်သဖြင့်
ချီးကျူးရမည်ကား အမှန် ပင်။
ငြိမ်းချမ်းရေး လမ်းလျှောက်သည့် အဖွဲ့များ
စတင်ထွက်ခွာပြီး တစ်ပတ် မပြည့်ခင် လိုင်ဇာ အနီးပတ်လည်သို့ တပ် မတော်က ၀ိုင်းရံထိန်းချုပ်ပြီး
ဖြစ်ခဲ့သည်။ ထိုအချိန်တွင် နေမျိုးဇင်တို့ အပြေးအလွှား လိုင်ဇာသို့ သွား ရန် ကားဖြင့်
ရောက်လာသော်လည်း မိုင်းကွဲသံကြောင့် နောက်ပြန်လှည့် သွားခဲ့ရသည်။ သိပ်မကြာမီ အပစ် အခတ်
ရပ်စဲပြီး နိုင်ငံတကာ အဖွဲ့များ သွားလာသည်ကို ကြားသည့်အခါ နေမျိုးဇင်တို့ အပြေးအလွှား
လိုင် ဇာ သို့ ပြန်လာ ပြီး မပေါက်ကွဲတတ်သည့် မိုင်းများကို ပြကာ ထမင်းမစားရသေးေ ကြာင်း၊
သောက်စရာ ရေ မရှိေ တာ့ကြောင်း သနားစဖွယ် ဗီဒီယိုဖိုင် ထုတ်ပြ ခဲ့သည်။ သို့သော် ဗီဒီယိုဖိုင်
အဆုံးတွင် သိမ်းထားသည့် အအေး ဗူးများ၊ ရေသန့် ဗူးများပြခဲ့သည့် အတွက် အရှက်ဗြန်းဗြန်းကွဲရသည်။
ထို လိုင်ဇာခ ရီးတွင် ဘယ်အ ဖွဲ့နှင့်မှ ပေါင်းသင်းဆက်ဆံ၍ မရသည့် နေမျိုးဇင်တို့ အဖွဲ့သ
ည်ကား ငြိမ်းချမ်းရေးထက် တပ်မတော် အပုပ် ချရေး ကို ဦးတည်ခဲ့ သည်မှာ သိသာ ထင်ရှားခဲ့သည်။
တပ်မတော်ကို စော်ကား ပုတ်ခတ်ခြင်းနှင့် ငြိမ်း ချမ်းေ ရး ခရီး ခေါင်းစဉ်ကို စေတနာ မမှန်သည့်
နေမျိုးဇင် နားမလည်ခဲ့ပါ။
ရန်ကုန်မှ စတင်ပြီး ရဲဝံ့စွာထွက်ခွာခဲ့သည့်
အဖွဲ့မှာလည်း စထွက်ပြီး ပဲခူးမရောက်မီ အမှုဖွင့်ခံရသည်။ ထုံးစံ အ တိုင်း ဥပဒေအထက်တွင်
နေလိုသော ပြည်သူများ ဖြစ်သည့်အတွက် ဖြစ်သည်။ အံ့သြသင့်ဖွယ် မိုင် ၆၀ ကို တစ်ရက်ထဲ လမ်းလျှောက်သွားသည့်
အတွက် အံ့သြသင့်ဖွယ်များ ရှိသော်လည်း အတူလိုက်ပါသည့် အန် အယ်ဒီမှ အဖွဲ့ဝင်တစ်ဦး ဆိုင်ကယ်
တိုက်သဖြင့် အရေးပေါ်ဌာန ရောက်သွားသည့်အခါ သဘောပေါ က်ခဲ့ သည်။ မည်မျှ အရှိန် မြန်သနည်း
ဆိုသည်ကို ဖြစ်သည်။ ဆက်ပြီး ထွက်ခွာခဲ့သည့်နောက် ကိုယ့် မုံရွာအနီး တွင် လက်ပံတောင်း
မပြီးသေး သော်လည်း လိုင်ဇာသို့ လမ်းလျှောက်ရန် ပြင်ဆင်သည့် အဖွဲ့များ ထွက်ပေါ်လာသည်။
ဗကသများ ပါလာသည်။ အကွဲအပြဲ ဟာသနှောသည့် ပြဿနာများ ဖြစ်လာသည်။
ယခုတွင်တော့ ထိုအဖွဲ့များနှင့် ပြဿနာ
ဖြစ်ရသူများမှာ တပ်မတော်သာ ဖြစ်သည်။ စစ်ဆင်ရေးနယ်မြေ အတွင်း တားမြစ်မှုများကို ပြောင်ပြောင်
တင်းတင်း ချိုးဖောက်ကြသည်။ တရားဥပဒေလည်း မရှိ။ စစ်ဥပဒေ လည်း မသိ။ မြန်မာနိုင်ငံတွင်
လူညီပါက ဥပဒေကို မျက်ကွယ်ပြု၍ ရသည့်ခေတ်ကို ရောက်နေမှတော့ ကျွန်တော် တို့ ဥပဒေ စကားများ
ပြောရန် မလိုတော့ပါ။ တားမြစ်နယ်မြေ၊ ကန့်သန့်နယ်မြေများ လုပ်စရာ မလို ကာ အိမ်သာတက်ချင်
ပါက တက္ကသိုလ်ရိပ်သာလမ်းထဲ သွားကြည့်ရပေတော့မည်။
ကေအိုင်အေ များ အပြင်းအထန် ကြိုဆိုကြသည်။
လမ်းတစ်လျှောက်တွင် တာဝန်ရှိသူ များ ဖေး ကူကြ သည်။ ထောက် ပံ့ကြသည်။ အဆုံးတွင်တော့ တစ်နေ့
၁၄ မိုင် နားရက်မရှိ လျှောက်နှုန်းစံချိန်ဖြင့် လိုင်ဇာ ရောက် ကြ သည်။ ငြိမ်းချမ်းရေး
ဆွေးနွေးစေရန် တာဝန်ရှိ ခေါင်းဆောင်များ အကြိမ်ကြိမ် တိုက် တွန်းသော် လည်း နား မ၀င် သည့်
ကေအိုင်အေများသည် အမှန်တကယ် ငြိမ်းချမ်းစေချင်ပါသလား။ ယခုတွင် ပင် လမ်းခရီး တွင် လူသစ်
စု ဆောင်းမှုများ ထိုလမ်းလျှောက်အဖွဲ့တို့ မြင်ရကြားရမည် ဖြစ်သည်။ ထိုအရာများကို မျက်
ကွယ်ပြု ကာ အဆုံးတွင်တော့ တစ်ဖက်သတ် စကားလုံး များဖြင့် ငြိမ်းချမ်းရေး ခရီးကို ခေါင်းစဉ် တပ်ကာ
တပ်မတော်ကို အပုပ်ချပေမည်။
ကျွန်တော်မြင်သော ငြိမ်းချမ်းရေးလမ်းလျှောက်
ခရီးသည်ကား တကယ်ငြိမ်းချမ်းခဲ့ပါသည်။ အလုပ်လုပ်စရာ မလို လမ်းလျှောက်လျှင် ထမင်းဝသူများ
အေးဆေးစွာဖြင့် တစ်လခွဲ ထမင်း မငတ်ကြပေ။ သံယောင်များ အေ ထာက် အပံ့ကောင်းကောင်းရကာ ထမင်းဝကြသည်။
ဗကသများ ရန်ပုံငွေ ရကြသည်။ နေမျိုးဇင်တို့ တွက် ခြေကိုက်ခဲ့သည်။ မြစ်ကြီးနား တစ်ဝိုက်မှ
ဒုက္ခသည်များကို ကျော်ကာ ကေအိုင်အေ အုပ်ချုပ်သည့် ဒုက္ခ သည် ၊ ကေအိုင်အေတို့၏ ဆွေမျိုးများမှ
ဒုက္ခသည် အစစ်များ ဖြစ်ကြသဖြင့် ယခုတော့ အမှန် ငြိမ်း ချမ်း ကြပေ မည်။
အငြိမ်းချမ်းတကာ့ အငြိမ်းချမ်းဆုံးမှာ
ကေအိုင်အေများ ဖြစ်ပြီး ၄င်းတို့၏ ဆွေမျိုးများအတွက် စားနပ် ရိက္ခာ ဆေး ၀ါး အထောက် အပံ့များ
ရရှိလာမည်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ အခိုင်အမာ စခန်း တစ်ခုမှ မရှိေ တာ့ သည့် အချိန်တွင်
ငြိမ်းချမ်းရေး အမှန်တကယ်လိုချင်သည်မှာတော့ အဆန်း မဟုတ်ပေ။ ကေ အိုင်အေ တို့ ၏ လက် နက်
များကို စွန့်၊ လူသစ်စုဆောင်းခြင်းများ ရပ်လိုက်ပါက ပို၍ ငြိမ်း ချမ်းမည် ဖြစ် သည်။ မည်သို့
ပင် ဆိုစေ.. တစ်လခွဲ ရက်ပေါင်း ၅၀ ကျော်တော့ အားလုံး ငြိမ်းချမ်းခဲ့လေသည်။ လမ်းလျှောက် သူများ၊
လမ်းလျှောက် သူများနှင့် ကပ် မြှောင်များ များ ငြိမ်းချမ်း ကြပြီးနောက် ကေ အိုင်အေနှင့်
၎င်း တို့ ဆွေ မျိုးများ ဆက် လက် ငြိမ်းချမ်းကြပေ အုံးမည်။
ထိုအချိန်တွင် နေ့ပူ ညချမ်း လိုင်ဇာလမ်းတစ်လျှောက်မှ
ကျောပိုးအိတ် တစ်လုံးစာ ၀တ်စရာများဖြင့် လုံခြုံရေး ယူနေသည့် စစ်သားများ၊ စားသောက်
ဖွယ် အပြည့် ရိက္ခာတန်းကြီးကို ဆန်ပြုတ်စားရင်း လက်ြ ပနှု တ် ဆက် နေသည့် သည့် စစ်သားများ၊
လိုင်ဇာလမ်းတစ်လျှောက်တွင် အသက်ပေးခဲ့ရသော တပ်မေ တာ် သားတို့ ၏ ၀ိဥာဉ် များ ကတော့ အမှန်တကယ်
ငြိမ်းချမ်းချင်မှ ငြိမ်းချမ်းလိမ့်မည်သာ။။။
0 comments:
Post a Comment