အိပ်ရေး မ၀သည့် အခါ သွေး ဖိအားတိုးလာပြီး
ဖိစီးမှုဟော်မုန်း များထွက်လာသောကြောင့် အချိုဓါတ် ခံနိုင် ရည်လျော့ ကျကာ အ၀လွန်လာ တတ်သည်။
နောက်ဆက်တွဲအားဖြင့် နှလုံးသွေးကြောကျဉ်းရောဂါခံစား ရနိုင် သည်။
တစ်ရက်ခြောက် နာရီထက် နည်း၍ အိပ်ရေးမ၀စွာအိပ်စက်သည့် အခါ C-reactive protein (CRP) ပမာဏမြင့် တက်လာပြီး သွေးကြော နံရံများ၌ ရောင်ရမ်း မှုဖြစ်စဉ် များ ဖြစ်ပေါ် ကာ သွေးကြော နံရံမာ ကျစ်ခြင်း (artherosclerosis) ဖြစ်ပေါ် စေနိုင် သည်။ နှလုံးကျန်း မာရေး ကို ထိခိုက် စေသော အခြားပြဿ နာ တစ်ခုမှာ အိပ်ပျော်စဉ် အသက်ရှူ ရပ်ခြင်း (sleep apnoea) ဖြစ်သည်။
အိပ် ပျော်စဉ်အသက်ရှူရပ်ခြင်းကြောင့်
နှာ ခေါင်းနှင့် ပါးစပ်မှ လေလုံ လောက်စွာ မ၀င်နိုင်ဘဲ သွေး တွင်း အောက် စီဂျင် ပမာဏကျ
ဆင်းလာ တတ်သည်။ ထို့ကြောင့် မကြာခဏလန့်နိုး၍ အိပ် ရေး ပျက်ပြီး သွေးဖိ အားတက်ခြင်း၊ ရုတ်တရက်နှလုံးဖောက်ပြန်ခြင်း၊
နှလုံးခုန်နှုန်း မမှန်ခြင်းနှင့် လေဖြတ် ခြင်း စ သည်ဖြင့် ခံစားလာ ရတတ် သည်။
ထို့ကြောင့် အိပ်ရေးမ၀ သူတိုင်း နီးစပ်ရာ ကျန်းမာရေး ဌာန များ၌ ဆရာဝန်နှင့် တိုင်ပင်ကာ ကုသမှုခံယူ သင့်ကြောင်း သုတေသီ များကဆို သည်။
သီဟ
Source:ANI
Health Updates Journal
Vol-2,No-10
Time in Rangoon


0 comments:
Post a Comment