Sunday, March 10, 2013

မြန်မာတွင် စစ်အစိုးရက ကျူးလွန်ခဲ့သော အမှုများကို အစိုးရနှင့် အတိုက်အခံ ဘက်က ပါ ဖေါ်ထုတ်ရန် ဆန္ဒ မရှိ သေးကြောင်း ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်ပြောကြား

Posted by drmyochit Sunday, March 10, 2013, under | No comments



ဂျီနီဗာ၊မတ်၉ ။

မြန်မာသည် ယခင် စစ် အစိုးရက ကျူးလွန် ခဲ့သော ရာဇဝတ်မှု များကို ရှာဖွေ ဖေါ်ထုတ် သွားရမည် ဖြစ်ကြောင်း၊ သို့သာ် လက်ရှိ အချိန် အထိ အရပ်သား တစ်ပိုင်း စစ် အစိုးရနှင့် ဒေါ်အောင်ဆန်း စုကြည် ခေါင်းဆောင်သော အတိုက် အခံ ဘက်တို့ ကမူ ထိုသို့ ဖေါ်ထုတ် ရန် စိတ် ဆန္ဒ မရှိ သေးကြောင်း ကုလ သမဂ္ဂ၏ မြန်မာ နိုင်ငံ ဆိုင်ရာ လူ့ အခွင့် အရေး ကိုယ်စားလှယ် တောမတ်စ် အိုဟေး ကွင်တား နားက ပြောကြား လိုက်သည်။
ဂျီနီဗာတွင် မြန်မာ၌ ယခင် စစ် အစိုးရ လက်ထက် လူ့ အခွင့် အရေး ချိုးဖေါက် ခံရမှု များအတွက် အမှန် တရား ဖေါ်ထုတ်ရေး ကော်မရှင် သို့ မဟုတ် တရား စွဲဆိုရေး ကိစ္စ များကို လုပ် နိုင်မည့် အလား အလာနှင့် ပတ်သက်၍ မေးမြန်း ခံရ ရာတွင် ကွင်တား နားက ထိုသို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။

၎င်းက “မြန်မာမှာ လက်ရှိ ဖြစ်နေတဲ့ အရှိ တရား ကတော့ ဒီ ကိစ္စဟာ ဘယ် နိုင်ငံရေး သမား တွေရဲ့ လုပ်ဆောင် စရာ အာဂျင်ဒါ စာရင်းထဲ မပါ သေးတာ တွေ့ ရပါတယ် ။ အစိုးရရဲ့ အာဂျင်ဒါ ထဲရော၊ အခြား နိုင်ငံရေး ပါတီတွေ နဲ့ လူနည်းစု တိုင်းရင်းသား အုပ်စုတွေ ထဲမှာတောင်မှ မပါသေး ပါဘူး” ဟု ပြောကြားသည်။

မစ္စတာ ကန်တား နားက “အချို့  အချက် တွေမှာ တော့ ကျွန်တော် ယုံကြည် တာကတော့ အတိတ်မှာ ဖြစ်ပျက်ခဲ့ တာတွေ ကို ကုစားဖို့ လို ပါတယ်။ ဒါဟာ အတိတ်က နေ သင်ခန်း စာယူပြီး ဘယ် အပြောင်း အလဲမှ မဆို အောင်မြင်မှု ရစေဖို့ အရေး ပါတဲ့ အချက် လည်းပဲ ဖြစ်ပါ တယ် ” ဟု ပြောကြား သည်။

မစ္စတာ ကန်တား နားသည် မြန်မာသို့ မကြာမီက လာရောက် ခဲ့ပြီးနောက် ကုလ သမဂ္ဂတွင် မြန်မာ့ လူ့ အခွင့် အရေး အခြေ အနေ ဆိုင်ရာ နှစ်ပတ်လည် အစီရင် ခံစာကို တင်သွင်း ခဲ့သည်။  အစီရင် ခံစာ၌ ၎င်းက ရခိုင်တွင် ဖြစ်ပေါ်နေသော လူမျိုးရေး ပဋိပက္ခ အကျပ် အတည်း သည် ပြန့် ပွားနိုင်ပြီး၊ လက်ရှိလုပ်
ဆောင် နေသော ဒီမို ကရေစီ ပြုပြင် ပြောင်းလဲ ရေးများ အတွက် အန္တရာယ် ရှိနိုင်ကြောင်း ထောက်ပြ ထားသည်။

Ref: Reuters

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်