Sunday, March 10, 2013

ဆန္ဒပြမှုဖြစ်ပွားအပြီး ဂျော်ဒန် အထည်ချုပ်စက်ရုံရှိ မြန်မာအလုပ်သမားအချင်းချင်း ခိုက်ရန်ဖြစ်ပွားရာ အမျိုးသမီးလေး ဦး ဒဏ်ရာရရှိမှုအပေါ် အလုပ်သမားရေးရာ အတွေ့အကြုံရှိသူ များကို မြန်မာ ဘက်မှ စေလွှတ်ဖြေရှင်းသွားမည်

Posted by drmyochit Sunday, March 10, 2013, under | No comments



ပြီးခဲ့သည့် ရက်ပိုင်းက ဂျော်ဒန်နိုင်ငံ Ramtha မြို့ Century Miracle Apparel Mfg.Co.,Ltd အထည်ချုပ် စက်ရုံတွင် မြန်မာအလုပ်သမားများ ဆန္ဒပြမှု ဖြစ်ပွားပြီးနောက် အလုပ်ရှင် အလုပ်သမား ပြေလည်မှု မရသေး သည့် အချိန်မှာပင် မတ် ၂ ရက်က မြန်မာအလုပ်သမား အချင်းချင်း ခိုက်ရန်ဖြစ်ပွားကာ အမျိုး သမီးလေး ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 
အဆိုပါ အခြေအနေကြောင့် အလုပ်သမားရေးရာကိစ္စ အတွေ့အကြုံ ရှိသူများကို ထိုနိုင်ငံသို့ စေလွှတ်ကာ အမြန် ဆုံး ပြေလည်အောင် ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူ လုံရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။

"အလုပ် သမား ဆန္ဒပြမှုကို ဂျော်ဒန်နိုင်ငံရဲ့ ဥပဒေအရ ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။ အဲဒီအတွက် အလုပ် သမားရေးရာ ကိစ္စတွေကို ဆောင်ရွက်တဲ့နေရာမှာ အတွေ့အကြုံရှိတဲ့ ဒုတိယညွန်ကြားရေးမှူးနဲ့ ညွှန်ကြားရေး မှူးတစ်ဦး စေလွှတ်သွားမှာပါ။ သူတို့ကနေမှ အလုပ်ပြန်ဆင်းချင်တဲ့ အလုပ် သမားတွေ ကို ပြန်ဆင်းလို့ရအောင်၊ ပြန်လာချင်တဲ့ အလုပ်သမားတွေကို ပြန်လာလို့ရအောင် အလုပ်ရှင်နဲ့ ညှိနှိုင်းဖြေ ရှင်းပေး သွားမှာ ဖြစ်ပါတယ်" ဟု  အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးက ပြောသည်။

ဂျော်ဒန်နိုင်ငံ၏ အဆိုပါ အထည်ချုပ်စက်ရုံတွင် မြန်မာအလုပ်သမား ၁၃၀၀ ကျော် ရှိသည့်အနက် ၁၂၀၀ ကျော် သည် ဖေဖော်ဝါရီ ၁၄ ရက်မှစ၍ ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။

ယင်းနောက် လုပ်ငန်းခွင် ပြန်ဝင်လိုသော မြန်မာအလုပ်သမားများကို သဘောထား တင်းမာနေသည့် အလုပ် သမားများက မတ် ၂ ရက်က ၀င်ရောက်ရိုက်နှက်ခဲ့ရာမှ ယခုလို အမျိုးသမီးလေးဦး ဒဏ်ရာရ ရှိခဲ့ခြင်းလည်း ဖြစ်သည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ဂျော်ဒန်နိုင်ငံသို့ အလုပ်သမား တရား ၀င် စေလွှတ်ခွင့် ပြုမထားသော်လည်း မြန်မာသံရုံး၏ စေ့စပ်ညှိနှိုင်းပေးမှုဖြင့် အဆိုပါ အလုပ်သမားများကို တာဝန် ခံ စေလွှတ်သည့် New Convenant ကုမ္ပဏီအနေဖြင့် လုပ်ခလစာ တိုးမြှင့်ပေးရေးမှအပ ကျန်အ ချက် များ ပြေလည်မှု ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ လေ့လာတွေ့ရှိချက်အရ  ဂျော်ဒန်နိုင်ငံသည် အစ္စ လာမ်နိုင် ငံဖြစ်သော်လည်း  အလုပ်သမားအခွင့်အရေးကို အပြည့်အ၀ ပေးထားကြောင်း၊ အလုပ်ခန့်ထားခြင်းဆိုင်ရာ သဘော တူညီမှုစာချုပ်တွင် ပါရှိသည့် အချက်များအတိုင်း အလုပ် ရှင်မှ ဆောင်ရွက်ပေးနေ သည့်အ တွက် ဂျော်ဒန်နိုင်ငံ၏ တည်ဆဲဥပဒေအရသာ အရေးယူ ဖြေရှင်းနိုင် မည်ဖြစ်ကြောင်း အလုပ်သမား ၀န်ကြီး ဌာန မှ ထုတ်ပြန်ထားသည်။      
  
လက်ရှိတွင် မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနသည် အဆိုပါ ဆန္ဒပြ မှု ဖြစ် စဉ်ကို ဂျော်ဒန်နိုင်ငံနှင့် အနီးစပ်ဆုံးဖြစ်သည့် အစ္စရေး သံရုံးမှ တစ်ဆင့် ဖြေရှင်း လျက်ရှိ ပြီး ဂျော် ဒန်နိုင်ငံ သို့ အလုပ်သမား ၁၃၀၀ တရားမ၀င်စေလွှတ်ခဲ့သည် New Convenant အေဂျင်စီကို ဥပဒေအရ အရေး ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
 Eleven

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်