Sunday, March 10, 2013

အင်းလေးဖောင်တော်ဦးဘုရားမှ ဒေသခံဘုရားဈေးသည်များ၏ဒုက္ခ

Posted by drmyochit Sunday, March 10, 2013, under | No comments



 ညောင်ရွှေ၊ မတ် ၁၀။


အင်းလေးဖောင်တော်ဦး ဘုရား ပတ်ဝန်း ကျင်မှ ဒေသခံဈေး သည်များသည် လွန်ခဲ့ သည့် နှစ်(၅၀)ကျော် မှ စတင်ကာ ဘုရားဈေး သည်များ အဖြစ် ရပ်တည် ကာဝမ်းရေး ရှာ
စားနေကြ ရ သည်။ အင်းလေးရေပြင် ခမ်းခြောက် မှု များကြောင့် စိုက်ပျိုးမြေရှား ပါးလာမှု အ တွက် ဒေသခံ တို့မှာ ကမ္ဘာလှည့်ခရီးသွားများ သွား လာမှု များသောနေ ရာများ၌ ၀မ်းရေးစားရရန် ဈေးရောင်းချခြင်းဖြင့် စားသောက်နေကြပါသည်။ အစဉ် အဆက် ဘုရားရွှေသင်္ကန်းရောင်းချခြင်းဖြင့် စားရရုံဖူလုံကြပါသည်။


ယခုလက်ရှိတွင် တစ်ဦးတစ်ယောက်တည်း လုပ်ပိုင်ခွင့်ရရှိရန် ဘုရားဂေါပကဖြင့်ပေါင်းကာ ဘုရားပေါ် တွင် လည်း ဒေသန္တရအမိန့်ထုတ်ပြန်ထားပြီး ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၁၈၈) ထုတ်ပြန်ထား ကာ ရွှေရောင်း ချခွင့်ကို တစ်ဦးတစ်ယောက်ပိုင်ရရှိရန် လုပ်ဆောင် ထားပြီး ဒေသခံဈေး သည် အမျိုးသ မီး များ ကို ကြိုး တုတ်၊ ထိပ်တုံးခတ်မှုများ၊ အသက် (၁၆) နှစ်ကျော် အမျိုးသမီးမှအစ အမျိုးသမီး (၇)ဦးအား လည်း ဖမ်းဆီး ထား ကာ ဘုရားပေါ်တွင်လည်း အသံချဲ့စက်မဖွင့်ရန် (၁.၃.၂၀၁၃) နေ့က ထုတ်ပြန် ထားသော်လည်း ယနေ့ထိ လိုက် နာခြင်းမရှိ၊ ၁၀တန်းစာမေးပွဲဖြေမည့် ကျောင်းသားများလည်း စာကျက် မရအောင် ဘုရားပေါ် တွင်ရွှေသင်္ကန်းနှင့် ပတ်သက်ပြီး နေ့စဉ်အော်ဟစ်နေသောကြောင့် ဘုရားနှင့် ပတ်သက်ပြီး ကမ္ဘာလှည့် ခရီးသွားများ အကြည်ညိုပျက်စေရန် နွမ်းပါးသူဈေးသည်များ ဂုဏ်သရေ ညိုးနွမ်းစေရန် တရားဝင် မှတ်ပုံတင်ဖြင့် မန္တလေးမှထုတ်လုပ်သည့် ရွှေဆိုင်းများကိုလည်း အတုအယောင် သဖွယ် အော်ဟစ်နေမှုများ ဒေသခံဆင်းရဲသူများ၏ ၀မ်းရေးထက် တစ်ဦးတစ်ယောက်၏ စီးပွားရေးကို ပူးပေါင်း ကူညီနေမှုများအား ဒေသခံဆင်းရဲနွမ်းပါသူဈေးသည်များမှ သမ္မတကြီးနှင့် သာသနာရေး ၀န်ကြီး သိ ရှိစေ ရန် တင်ပြအပ်ပါသည်။

Hinthata HumanRights

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်