Thursday, March 07, 2013

နိုင်ငံတော်သမ္မတကို တရားစွဲဆိုရန် တရားရုံးတွင် ပထမဦးဆုံး အကြိမ် အမှုဖွင့်စာတင်

Posted by drmyochit Thursday, March 07, 2013, under | No comments


ရန်ကုန်၊ မတ် ၇။

ဒီဇင်ဘာလ ၂၉ရက်နေ့တွင် ဖြစ်ပွားခဲ့သော လက်ပံ တောင်း တောင် စီမံကိန်း အကြမ်းဖက်မှုနှင့် စပ် လျဉ်းပြီး တာဝန် အရှိဆုံး ပုဂ္ဂိုလ်မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဖြစ်သည်ဟုဆိုကာ လက်ပံတောင်းတောင် တုံရွာတွင် အသစ်ဖွင့်လှစ် ထားသော သပိတ်စခန်းမှ ရွာသူရွာသားများမှ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို တရားစွဲ ဆိုရန် ဆားလင်း ကြီးမြို့  နယ်တရားရုံးတွင် အမှုဖွင့်ရန် တင်ပြထားပြီဖြစ်ကြောင်း တုံရွာသားဖြစ်သူ ကိုသားကြီး ကပြောကြား သည်။


ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၁၂၇၊ ၁၂၈၊ ၁၂၉၊ ၁၃၀၊ ၁၃၁၊၁၃၂ တို့အရ လက်ပံတောင်းတောင် အကြမ်းဖက် မှုတွင်အဓိက တာဝန်ရှိသူမှာ နိုင်ငံတော် သမ္မတ ဦးသိန်း စိန်ဖြစ်ကြောင်း ပေါ်လွင်ထင်ရှားသဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ဆည်တည်ကျေးရွာနေ ဒေါ်ဝင်းဝင်းဌေး၊ ဒေါ်ရီရီ ၀င်း၊ မိုးကြိုးပစ် အလယ်ရွာနေ ကိုဇော်နိုင်တို့ သုံးဦးက တရားလိုပြုလုပ်၍မတ်လ ၄ ရက်နေ့တွင် ဆားလင်း ကြီးမြို့ နယ် တရားရုံးတွင် ဦးတိုက် လျှောက်ထားကြောင်း သိရသည်။

“လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သတ်ပြီး ဒီဇင်ဘာ၂၉ရက်နေ့က သပိတ်စခန်းတွေကို အကြမ်း ဖက်ပြီးဖြိုခွဲတယ်၊ သံယာတော်တွေနဲ့ ပြည်သူလူထုကို ရက်ရက်စက်စက် ဖြိုခွဲတာကို မကျေနပ် တဲ့အ တွက် ရန်ကုန် အပါအ၀င်မြို့အသီးသီးမှာ ဆန္ဒထုတ်ဖော်တဲ့သူတွေကိုသာ ပုဒ်မတွေအမျိုးမျိုးတပ်ပြီး အမှုဖွင့် တယ်။ အကြမ်းဖက်တဲ့သူတွေကိုခုချိန်ထိဘာမှ အရေးယူတာ မရှိသေးဘူး။ ပြစ်မှုဆိုင် ရာဥပဒေတွေ အရ တာဝန်အရှိဆုံးက နိုင်ငံတော်သမ္မတလို့ပေါ်လွင်တဲ့အတွက် အခုလို အမှုဖွင့်တာပါ။” ဟု အမှုဖွင့်ရာ တွင် ပါဝင်ခဲ့သူ ကိုသားကြီးက ပြောကြားသည်။

နိုင်ငံတော်သမ္မတ တစ်ဦးကို တရားစွဲဆိုခြင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး ထူးခြားဖြစ်စဉ် ဖြစ်သည့်အတွက် တရားစွဲ ဆိုသည်ကို လက်ခံဆောင်ရွက်ရန် သင့်မသင့် နှင့် ဆောင်ရွက်ပိုင်ခွင့် ရှိမရှိကို အထက်သို့ တင်ပြမေးမြန်းပြီး အမှုဖွင့်ခွင့် ရှိမရှိကို အကြောင်းပြန်ကြားမည် ဟုဆိုကာ ဆားလင်းကြီးမြို့နယ် တရားသူကြီး ဒေါ်ခင်ခင်ဆွေက မတ်လ ၁၁ရက်နေ့ကို ရုံးချိန်း ချိန်ဆိုလိုက်ကြောင်း သိရသည်။

“လွှတ်တော်မှာ ဒေါ်ခင်စန်းလှိုင် ပြောသွားတာကလည်း လက်ပံတောင်းတောင် အကြမ်းဖက်မှုနဲ့ ပတ် သတ်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်က တွေ့ရှိတဲ့အဖြေ အစီရင်ခံစာကို တင်ပြလို့ပဲရပြီး တကယ် တာဝန် ရှိတာ သမ္မတနဲ့ အစိုးရလို့ ဖော်ပြနေတယ်” ဟုကိုသားကြီးက ပြောကြားသည်။

မတ်လ ၁၁ရက်နေ့တွင် ထွက်ပေါ်လာသော အဖြေတွင်နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို တရားစွဲဆိုခွင့် မပြုပါ ကအ ဆင့်ဆင့် ဆက်လက် တင်ပြကာ တရားစွဲဆိုခွင့် ရရှိရန် တင်ပြသွားမည် ဖြစ်ကြောင်း သိရ သည်။

တုံရွာတွင် ဖွင့်လှစ်ထားသော သပိတ်စခန်းတွင် နေ့ပိုင်းတွင်လူအင်အား ၈၀ခန့်အမြဲ ရှိနေတတ်ပြီး ညပိုင်း တွင် လူအင်အား၁၅၀ခန့်နှင့် သံဃာ၅ပါးတို့က တာဝန်ယူထားကြောင်းသိရသည်။ ၎င်းသပိတ်စခန်းအား အစပိုင်း တွင် မြို့နယ်အဆင့် တာဝန်ရှိသူများက တားမြစ်မှုများ ရှိခဲ့သော်လည်းယခုအချိန်တွင် သပိတ်စ ခန်းအား လာရောက်တားမြစ်မှုများမပြုလုပ်ဘဲ ၀မ်ပေါင် ကုမ္ပဏီဖက်၌ ၄င်းတို့၏ လုပ်ငန်းဧရိယာတွင် လုံခြုံရေး အင် အားကို ယခင်ကထက် များစွာတိုးမြှင့်ထားကြောင်း သိရသည်။

ဆုဝေ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်