Thursday, March 07, 2013

အရပ်သားများ တိုင်းပြည် ကို အုပ်ချုပ်နိုင်ပါ့မလား

Posted by drmyochit Thursday, March 07, 2013, under | No comments

ယခုတစ်လောရေ ပန်းစားဆွေးနွေး ဝေဖန် နေကြ တဲ့ အကြောင်းအရာတစ်ခု ကတော့ ဟ“အမေ စု” သမ္မတဖြစ် မဖြစ် NLD ပါတီသည် အစိုးရ ဖွဲ့နိုင် မနိုင်စသဖြင့် နိုင်ငံရေးလေ့ လာဝေ ဖန် သုံးသပ်သူများ အကြား ကျယ် ကျယ်ပြန့်ပြန့်ကြားနေ ရပါ တယ်။ အရပ်သားများ တိုင်းပြည် ကို အုပ်ချုပ်နိုင်စွမ်းရှိ မရှိ အငြင်းပွား မှုများ လည်းရှိနေပါတယ်။

အရင်ဆုံး စစ်ဗိုလ်ကြီးများ ရပ်ချုပ်ခဲ့ တဲ့ နှစ် (၅၀) ကာလအတွင်း တိုင်းပြည် ရဲ့ အခြေအနေကို ကြည့်ရအောင် “အနှုတ် လက္ခဏာ” များကိုသာ တွေ့ရပါတယ်။ စစ်သားဆိုတာ စစ်တိုက်ရာမှာ ကျွမ်းကျင် သလို အမိန့်ကို အတိအကျလေးစားလိုက် နာတတ်သူများဖြစ်လို့ လေးစားစရာပါ။ ဒါပေမဲ့ ပြည်သူကို စစ်တပ်လို အုပ်ချုပ်၍ မရသလို ကျွမ်းကျင်ရာလိမ္မာဆိုသလို ၎င်း တို့မကျွမ်းကျင်တဲ့ အတတ်ပညာပိုင်းနဲ့ မဆိုင်တဲ့ ဌာနဆိုင်ရာများကို အုပ်ချုပ်ခဲ့ ကြ၍ တိုင်းပြည်ဟာ အနုတ်လက္ခဏာ ပြခဲ့တာဖြစ်ပါတယ်။ ကျွမ်းကျင်ပညာရှင် အရပ်သားဝန်ထမ်းများကို နေရာမပေး၊ ချောင်ထိုးပြီးပါတကောကောခဲ့ကြတာယာ ဖြင့် ကျဆုံးသွားသော ၀န်ကြီးဌာနအတော် များများက သက်သေပြခဲ့ကြပါတယ်။

သာဓကတစ်ခုအနေနဲ့ သက်ရှိသတ္တ ၀ါနဲ့ အလုပ်လုပ်ရတဲ့ မွေးမြူရေးနဲ့ ရေလုပ် ငန်းဝန်ကြီးဌာန (ယခင်မွေးမြူရေးကော် ပိုရေး ရှင်း) အကြောင်း ပြောပြချင်ပါတယ်။ ဒီဌာနကြီးဟာ တစ်ချိန်က ဂျပန်နိုင်ငံ IICA PROJECT မှာလာရောက်အကူအညီ ပေးမှုနဲ့ လွန်စွာအောင်မြင်ခဲ့တဲ့ ဌာနတစ် ခုပါ။ ဂျပန်မှ ကျွမ်းကျင် ပညာ ရှင်များနဲ့ မြန်မာနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ နေ့မအိပ်အညမအိပ်ရေးဆွဲအကောင် အထည် ဖော်ခဲ့လို့ လျှမ်းလျှမ်းတောက်ဖြစ် ခဲ့တာကို ဘယ်သူမှမငြင်းနိုင်ခဲ့ပါ။

နောက်ပိုင်းမှာ ပညာရှင်များအပေါ် မှာ စစ်တပ်မှကူးပြောင်းလာတဲ့ စစ်ဗိုလ် ကြီးများက အုပ်ချုပ် ခဲ့ကြပါ တယ်။ အဲဒီ နောက်ဌာနကြီးဟာ တအိအိနဲ့ ပြိုလဲခဲ့ရ ပါတယ်။ နားလည်အလွယ်ဆုံးဥပမာ တစ်ခုကို ပေးရမယ် ဆိုရင် တိရစ္ဆာန်များ က အရည်အသွေးကောင်းမွန်တဲ့ စပ်စာ များနဲ့ ထိုးဆေးများအသုံးပြုမှသာ လုပ်ငန်း အောင်မြင်မှာဖြစ်လို့ ပညာရှင်များဟာ အရည်အသွေးကို အထူးထိန်းကွပ်ခဲ့ကြ ပါတယ်။ ဒါပေမဲ့ စစ်ဗိုလ်ကြီး များရဲ့ ပတ်သက်ရာပတ်သက်ကြောင်းများက အရည်အသွေးမပြည့်တဲ့ အစာများနဲ့ ထိုး ဆေးများ တင်သွင်းခဲ့ကြပါတယ်။ ပညာ ရှင်များက ထောက်ပြဝေဖန်ခဲ့ကြပေမဲ့ ထောက်ပြဝေဖန်တဲ့ ပညာရှင် မှန်သမျှကို အမှုဆင်လုပ်ကြံတရားစွဲ၊ ပြဿနာရှာ၊ နယ်ဝေးရွှေ့ပြောင်းချောင်ထိုးစသဖြင့် နည်းမျိုး စုံနဲ့ နှိပ်ကွပ်ခဲ့ကြပါတယ်။ ပညာ ရှင်များက အလုပ်ပြုတ်သူပြုတ်၊ နိုင်ငံခြား ထွက်သူထွက်၊ ပင်စင်တင် တဲ့သူတင်နဲ့ ဌာနကြီးက စစ်ဗိုလ်များရဲ့ လွှမ်းမိုးမှုနဲ့ ချီတက်လာရာမှာ ကိုယ်တိုင်က ဘာမှနား မလည်၊ နားလည် တဲ့ ပညာရှင်များရဲ့ အကြံဉဏ်များကို ပယ်ချ၊ မိမိအကျိုး အမြတ်တစ်ခုတည်းကိုသာ ကြည့်ခဲ့ကြ တဲ့ ကောင်းမှုကြောင့် ယခုအချိန်မှာ ချွတ်ခြုံ ကျပြီး ကယ်တင်၍မရနိုင်လောက်အောင် ဖြစ်ခဲ့တာဟာ မွေးမြူရေးကော် ပိုရေးရှင်း ၀န်ထမ်းဟောင်းများအသိပင်ဖြစ်ပါတယ်။


မြန်မာပြည်မှာ မြေဈေး၊ အိမ်ဈေး တွေ မတရားမြင့်နေမှုက ဘာကြောင့်ပါ လဲ။ဥပမာမြို့သစ်တစ် ခုဖော်ပြီဆို ပါတော့။ ကုမ္ပဏီတစ်ခုကို စီမံကိန်းချပေးတဲ့အခါ သက်ဆိုင်ရာလူကြီးမင်းများအတွက် ဘယ်နှစ်ကွက်ဆိုပြီး ဖယ်ထားရပါတယ်။ ကျန်တာကိုမှ ရောင်းကြရပါတယ်။ အိမ် ရာစီမံကိန်း (လုံးချင်း) တွေဆိုရင်လည်း သက်ဆိုင်ရာလူကြီးမင်းများအတွက် ဘယ်နှစ်လုံးစသဖြင့် လာဘ်ထိုးရတော့ စီးပွားရေးသမားဆိုတာ ကိုယ့်အိတ်ထဲက ဘယ်စိုက်လိမ့်မလဲ၊ ကျန်တဲ့အကွက်တွေ ပေါ်မှာ (အလကားမတ်တင်းအတွက်ပါ) ဈေးတင်ရောင်းတော့ အိမ်ဈေး၊ မြေဈေး တွေ အဆမတန်မြင့်ပြီပေါ့။ စာရေးသူ အတွေ့အကြုံတစ်ခုပြောပြရဦးမယ်။ မင်းဓမ္မလမ်းပေါ်က အိမ်ရာစီမံကိန်းမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းအင်ဂျင်နီ ယာဆီအလည်သွားတဲ့အချိန်မှာ ရှေ့ပြေး ယာဉ်တန်းနဲ့ ကြွလာတဲ့ဗိုလ်ချုပ်ကြီးတစ် ယောက်ဟာ သူ့အိမ်ဘယ်ဟာမှန်းမသိလို့ လိုက်ရှာနေတာကို တွေ့ခဲ့ရပါတယ်။ အလကားရထားတဲ့ အိမ်ယာတွေကများ နေတော့ လိပ်တမေ့နေတယ်ထင်ပါရဲ့။

စစ်အစိုးရရဲ့ ကြွေးကြော်သံတစ်ခုက “ပြည်ပအားကိုပုဆိန်ရိုး”တဲ့ ဒေါ်အောင်ဆန်း စုကြည်နဲ့ အမေရိကန်သံရုံးဝန်ထမ်းတွေ့ ဆုံတာက ဘယ်နှစ်ကြိမ်၊ ဗြိတိသျှသံရုံး ၀န်ထမ်းနဲ့ တွေ့တာ ကဘယ်နှစ်ကြိမ် NLD ပါတီနဲ့ စာပေးစာယူလုပ်တာက ဘယ်နှစ် ကြိမ်စသဖြင့် အ၀င်အထွက်ကိုထိုက်မှတ် ပြီး အ ပုပ်ချခဲ့ကြတယ်။ တကယ်တမ်း ပြည်ပအားကိုးနေတဲ့ ပုဆိန်ရိုးက ဘယ်သူ လဲဆိုတာ ၀န်ကြီးတစ် ပါးရဲ့ “တရုတ်က တပည့်တော်တို့ရဲ့ ကျေးဇူးရှင်ပါ၊ တရုတ် ကို တပည့်တော်တို့က ကြောက်ရပါတယ် ဘုရား” ဆိုတဲ့စကားက သက်သေပြ၀န်ခံခဲ့ ပါပြီ။ေ

ဒေါ်အာင်ဆန်းစုကြည် ဦးဆောင် တဲ့ NLD ပါတီကို “တိုင်းပြည်ကို လက်ညှိုး ထိုးရောင်းစားမည့်သူများ”လို့ စွပ်စွဲ ခဲ့ကြပါ တယ်။ အခု တိုင်းပြည်မှာ ရှိရှိသမျှ ပြည်သူပိုင်ပစ္စည်းများ သဘာဝသယံဇာတ များနဲ့ တွင်းထွက် ပစ္စည်းများ အားလုံးနီး ပါးရောင်းစားနေတာ ဘယ်သူတွေလဲ။ တိုင်းပြည်အတွက် နေ့မအား ညမနား အလုပ်လုပ်နေပါတယ်ဆိုတဲ့ ခေါင်းဆောင် ကြီးများဟာ အမြော်အမြင်ကြီးမားစွာနဲ့ စီးပွားရေးကော် ပိုရေးရှင်းကြီးတစ်ခုထူထောင် ပြီး တိုင်းပြည်ရဲ့ စီးပွားရေးမှန်သမျှ၊ စက်ရုံ မှန်သမျှ လုပ်ငန်းအတော်များများက အဲဒီ စီးပွားရေးကော်ပိုရေးရှင်းကြီးရဲ့ သိမ်းပိုက် ၀ါးမြိုခြင်းကို ခံခဲ့ရပါတယ်။ အဲဒီ စီးပွားရေး ကော်ပိုရေးရှင်းကြီးရဲ့ အကျိုးအမြတ်များ မည်သူတို့ခွဲဝေယူနေကြပါသလဲ။ ပြည်သူ့ ပိုင်စက်ရုံ၊ အလုပ်ရုံ၊ မြေယာများသိမ်းပိုက် ပြီး လုပ်နေတဲ့လုပ်ငန်းရဲ့ အကျိုးအမြတ် များထဲမှ ပြည်သူတွေ အတွက် ဘာတွေ အသုံးပြုပြီးပါပြီလဲ။

ဥပဒေအထက်မှာ မည်သူမျှမရှိစေ ရဟုပြောပြီး လူကြီးသားသမီးများ၊ ယာဉ် တိုက်မှုဖြစ်လျှင် လူစားထိုးဖြေရှင်းတာ တွေ၊ တိုင်းပြည်မှာရှိတဲ့ အလှပြင်ဆိုင်နာ မည်ခံအနှိပ်ခန်းတွေ၊ တည်းခိုခန်းအမည် ခံဖာခန်းတွေ ရဲ့ ပိုင်ရှင်အစစ်အမှန်က စစ်တပ်နဲ့ ရဲခေါင်းဆောင်ပိုင်းဖြစ်နေတာ တွေ၊ စီမံကိန်းအ တွက်ဟုဆိုကာ လယ် သမားများထံမှ လယ်ယာမြေတွေ မတရား သိမ်းယူပြီးအတွက်ရိုက်ကာ ပြန်လည် ရောင်း စားနေတာတွေဟာ အရပ်သားများ ကျူးလွန်ခဲ့ကြတာ။ ဟုတ်ပါ။ စစ်ဗိုလ်ချုပ် ကြီးများ အုပ်ချုပ်ခဲ့ တဲ့ကာလ တစ်လျှောက် မှာ “ရွှေနိုင်ငံ” လို့တင်စားခဲ့ရတဲ့ တိုင်းပြည် ဟာ ကမ္ဘာ့အပွဲ ဆုံးစာရင်း ၀င်ခဲ့တာဟာ စစ်ဗိုလ်ချုပ်ကြီးများရဲ့ တိုင်းပြည်ကို တာဝန်ယူနိုင်မှုအစွမ်းများဖြစ်ပါတယ်။

စစ်အာဏာရှင်များ ချောင်ထိုးနှိပ် ကွက်ခဲ့တဲ့ ပညာရှင်အမြောက်အများ ပြည်တွင်း၊ ပြည်ပမှာ မြောက် များစွာရှိနေ ပါသေးတယ်။ တိုင်းပြည်ကို တကယ်ချစ် ခဲ့။ တကယ်အလုပ်လုပ်ခဲ့ကြတဲ့ စေတနာ ရှင်ပညာတတ် များဟာ စစ်အာဏာရှင် များရဲ့ ဖိနှိပ်မှုဒဏ်ကို မခံနိုင်တဲ့အတွက် အလုပ်ထွက်ခဲ့ကြရပြီ။ အသက်အရွယ် အားဖြင့် အိုမင်းနေပြီဖြစ်ပေမဲ့ ဉဏ်စွမ်း အားနဲ့ ၂၀၁၅ နောက်ပိုင်းမှာ အမေစုနဲ့ လက်တွဲပြီး တိုင်းပြည်ကို ကယ်တင်ပေး ကြပါလို့မေတ္တာရပ်ခံချင်ပါတယ်။

ပညာရှင်များကို ၎င်းတို့တက်ကျွမ်း တဲ့ပညာရပ်နဲ့ ကိုက်ညီမဲ့နေရာများမှာ လူမှန်နေရာမှန်ထားရှိပြီး တက်ညီလက်ညီ လက်တွဲပူးပေါင်းဆောင်ရွက်ကြမည်ဆိုပါ က အရပ်သားများတိုင်းပြည်ကို အုပ်ချုပ် နိုင်စွမ်းရှိပါမလားဆိုတဲ့ သံသယမပွားကြ ဖို့နဲ့ အရပ်သားများတိုင်းပြည်ကိုကောင်းစွာ အုပ်ချုပ်နိုင်ပါကြောင်း ပစ်တိုင်မှ ပစ်လိုက် ပါရစေ။ 

ခင်ဘုန်း (ရွှေဘို)
Hot News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်