Thursday, March 07, 2013

အားကစားသမား(၃)ဦး နေပြည်တော် ၌ကားတိုက်ခံရ

Posted by drmyochit Thursday, March 07, 2013, under | No comments


ပြည်ထောင်စု ဖလား အားကစားပြိုင်ပွဲအတွက် ယှဉ်ပြိုင်ရန် နေပြည် တော် သို့ ရောက်ရှိနေသည့် မွန်ပြည်နယ်နှင့် မကွေးတိုင်းဒေ သကြီး တို့မှ ပိုက်ကျော်ခြင်း အားကစားသမား သုံးဦးတို့ မတ်လ ၂
ရက်နေ့  ညက ယာဉ်တိုက်ခံ ရသဖြင့် ဆွေးရုံတင် ကုသထားရသည်။
ဖြစ်စဉ် အရ အဆိုပါနေ့ ည ၁၀ နာရီ ၁၅ မိနစ်၌ ၀န်ကြီးဌာနတစ်ခု၏ ၀န်ကြီး ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးတစ်ဦး မောင်းနှင်လာသည့် ဗင်ကား က အဆိုပါ အားကစား သမားသုံးဦး စီးလာသည့် မော်တော် ဆိုင်ကယ်ကို ပျဉ်းမနား-တောင်ညို လမ်းမကြီး၊ ဆွာလမ်းဆုံအနီး မိုင်တိုင်အမှတ် ၈/၀ နှင့် ၈/၁ အကြား မြ၀တီ စက်သုံးဆီ အရောင်းဆိုင်ရှေ့၌ တိုက်မိခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်မိချိန်တွင် ယာဉ်မောင်းလာသူသည် အရက်သေစာ သောက်စားထားပြီး လမ်းပြောင်ပြန် မောင်းနှင်လာသည်ဟုလည်း ဆိုသည်။

၎င်းကို အမှတ်(၅)ရဲစခန်းတွင် မတ်လ ၃ ရက်နေ့က ပ-၁/၂၀၁၃ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့်  အမှုဖွင့် အရေးယူ ထားသည်ဟု ယာဉ်အမှုစစ်ဌာနမှ သိရသည်။

နေပြည်တော်ခုတင် ၁,၀၀၀ ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသည့် ပိုက်ကျော်ခြင်း ကစားသမားများတွင် မွန်ပြည်နယ် ကိုကိုလွင် ၂၁ နှစ်သည် ယာမျက်ခုံးကွဲ၊ နောက်စေ့ပွန်းပဲ့၊ တင်ပါးဆုံ နာကျင်၊ ညာဒူးကွဲနှင့် ဇော်ထက်အောင် ၂၉ နှစ်မှာ ညာမျက်ခုံးနှင့်ပါး ပွန်းပဲ့ဒဏ်၇ာ၊ အောက်နှုတ်ခမ်း မေးစေ့ ကွဲနှင့် ပွန်းပဲ့ဒဏ်ရာတို့ ရရှိထားသည်။

မကွေးတိုင်းဒေသကြီးမှ ပိုက်ကျော်ခြင်း အားကစားသမား ဇော်မင်းထွန်း ၃၁ နှစ်သည်ဝဲပါး ပွန်းပဲ့ ဒဏ်ရာတို့ ရရှိခဲ့ကြောင်း သိရသည်။

စုလှိုင်ထွန်း   ၊ မြန်မာတိုင်းမ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်