Thursday, March 07, 2013

ရေကြို မြို့နယ်မှ တောင်သူများအား မတရား ဖမ်းဆီး အပြစ်ပေးနေ

Posted by drmyochit Thursday, March 07, 2013, under | No comments

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဘုန်းတော်ပြည့် ကျေးရွာ အုပ်စု၊ ကျောက်ဖူး ကျေးရွာနေ တောင်သူများကို ဦးတင်မောင်မြင့် (ဘုန်းတော်ပြည့် ကျေးလက် အုပ်ချုပ်ရေးမှူးဟောင်း)နှင့် ဦးမြင့်စိန် တို့ နှစ် ဦးမှ မြို့နယ် အာဏာပိုင်များနှင့် ပူပေါင်းခါ အမှုဆင် ဖမ်းဆီး နေ မှုများ ရှိနေပါတယ်။ 

စွပ်စွဲ အမှုဆင်လိုက်တဲ့ ပုဒ်မကလည်း ကြောက်စရာပါ ပုဒ်မ ၁၈၆ တဲ့ ခြိမ်းခြောက် လုယက်မှု ကျောက်ဖူး ရွာသူ အသက်ကြီး အမျိုးသမီးများနှင့်အမျိုးသားများ ရေစကြိုမြို့ပေါ် တက်လာသမျှ အကုန် ဖမ်းနေပါတယ်။ ရွာထဲက ရွာထဲမှာ ကျီးလန့်စာစား ဆိုသလို ဖြစ်နေကြပါတယ်။ ဖြစ်စဉ်က ကျေးလက် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲက စတယ် ဆိုရမယ်။ကျောက်ဖူးရွာနဲ့ ခြောက်မူးရွာ နှစ်ရွာက ကျွဲကူ ကျေးရွာနဲ့ အပြိုင် ဖြစ်လာရတယ် ဒါကလည်း နှစ် ချင်းတွင်းမြစ်ရဲ့ မြေနုကျွန်းပေါ်တိုင်း တဧကကို ငါးသောင်းကနေ တစ်သိန်းခွဲ အထိ ဟက နှစ်ရာနီးပါး တောင်းလာတဲ့ ရံပုံငွေတွေ အုပ်ချုပ်ရေးမှူးဟောင်း ဦးတင်မောင်မြင့် စာရင်း ဇယား မရှိ သုံးချင်သလို သုံးခဲ့ပါတယ်။ 

ရရှိတဲ့ ရံပုံငွေတွေ ကျေးရွာအတွက် မသုံးခဲ့ပါဖူး။ လုပ်ချင်ရာ လုပ်ခဲ့ပါတယ် အလွဲသုံးစား နှစ်ဆယ်နှစ် နီးပါး ပါပဲ ဒီတော့ ရွာအတွက် အကျိုးမဲ့ လုပ်ဆောင်မှုက ရွေးကောက်ပွဲ ရလာဒ် ကျွဲကူ မရစေချင် ဖြစ်လာရ ပါတယ်။ ဒါကို ဦးတင်မောင်မြင့်က မြို့နယ်က လူကြီးတွေနဲ့ပေါင်းပြီး ညစ်လာပါတယ်။ ကျွဲကူး ကလူ ရမှ ဦးတင်မောင်မြင့် အလွဲသုံးစားတွေ မပေါ်မှာ မဖေါ်မှာပါ သူတင်ပေးတဲ့ ရုပ်သေးရုပ်ဆိုတော့ သူခိုင်း တာ ကမှာပါ။ ။ အဲဒီမှာ ရွေးကောက် တင်မြှောက်ပွဲ လုပ်ကြံသတင်းလေးနဲ့ ရိုက်ပွဲ ဖြစ်ပါတယ်လို့ သတင်း မှားပေးပြီး စာစောင်မှာ ထည့်ခိုင်းပါတယ်။ ။ ကျောက်ဖူးနဲ့ ခြောက်မူးက လူတွေ ရုန်းရင်းဆန်ခတ် မလုပ် တတ်ပါဖူး။ ရိုးသားတဲ့ တောင်သူတွေပါ အဲရွာကို သွားကြည့်ပေးပါ ထင်ထင် ရှားရှား သိစေပါ လိမ့်မယ်။ ။ 

ဦးမြင့်စိန်နဲ့ ဦးတင်မောင်မြင့်တို့ရဲ့ လူတွေ ကျောက်ဖူး ကျေးရွာထိပ်က ကျေးရွာပိုင် အင်းထဲ ငါးလာ ခိုးပါတယ်။ ။ ကျေးရွာပိုင်ဆိုတော့ ၀ိုင်း တားဆီးကြတာပေါ့.။ ။ ခိုးတဲ့လူတွေက ကျောက်ဖုးက လှေနဲ့ သူတို့ပိုက်နဲ့ ခိုးတာပါ ထွက်ပြေးတော့ကျောက်ဖူးက လှေ ပါသွားပါတယ်။ ဒါကို ပြောင်ပြန်လုပ် အမှု ဆင်ပါတယ်။ ကျွဲကူးက ငါးလာခိုးတာက ပိုက် လုပါတယ် ဖြစ်သွားပါတယ် ။ ခုပေါ်နေပါပြီ ကျောက်ဖူးလှေ ကျွဲကူးက လူတွေဆီမှာ တွေ့ပါတယ် ရဲစခန်းက ခိုးမှု မဖွင့်ပေးသေးပါ.။ 
မြေနုကျွန်းပေါ်ကိုလဲ ဝေပေးရမှာ မျှမျှ တတ မရှိသေးပါဖူး ဒါတွေကို မြ၀တီ ဆရာတော်ဆီ ရွားသားတွေက အကူ အညီတောင် ထားပါတယ်။ ဆရာတော်လဲ တတ်နိုင်သလောက် စောင့်ရှောက်ပေးပေမဲ့ ဆက်ဖမ်းနေ ဆဲပါပဲ။ ဒီသတင်းလေးက အမှန်တရားဖက်ကနေ ရပ်ပေး ကူညီပေးစေချင်လို့ရေးပြ လိုက်ရပါ တယ် မဟုတ် မမှန် လုပ်ကြံ စွဲဆိုခံနေရသော အမှုများမှာ 

(၁) ဦးသောင်းတင်ပါ (၆) ဦးပုဒ်မ ၄၄၇
(၂) ဦးသောင်းတင်ပါ (၆) ဦးပုဒ်မ ၄၄၇/၅၀၆ အမှုအား ဒဏ်ငွေ ၁၀၀၀ ကျပ် ရိုက်ပါတယ် 
(၃) ဦးပိုအေးပါ (၁၅) ဦးပုဒ်မ ၄၂၇ ကိုလည်း ဒဏ်ငွေ ၁၀၀၀ ကျပ် ရိုက်ပါတယ် 
(၄) ဒေါ်စန်းလှပါ (၁၀) ဦးကိုပုဒ်မ ၂၉၄/၅၀၆ နဲ့စွဲဆိုပြီး ထောင်ဒဏ် တစ်လ ချပါတယ် 
(၅) ဦးမြင့်ဝင်းပါ (၇) ဦးကိုပုဒ်မ ၃၈၆/၁၁၄ နဲ့အမှုဖွင့်ဖမ်းဆီထားပါတယ် 
(၆) ဦးပိုအေးပါ (၁၅) ဦးကို တရားမမှုနှင့် တရားမ ကုန်ကျစားရိတ်တောင် ခံဖွင့်ပါတယ် 
(၇) ဦးသောင်းတင်ပါ (၇) ဦးကို တိုင်း တရားရုံးမှာ ထပ်ပြီး ပြင်ဆင် စွဲဆို ဖွင့်ထားပြန်ပါတယ် 

ရေစကြိုမြို့နယ် ဘုန်းတော်ပြည့် အုပ်စု ကျောက်ဖူး ကျေးရွာက လူကုန်အောင် မတရား အမှုဆင် စွဲဆိုနေခြင်း ခံနေရပါတယ်။ ။ 

ကူညီ ကယ်ဆယ်ပေးပါခင်ဗျာ 

ဦးတင့်ဆွေ - ၈/ရစက(နိုင်) ၀၀၀၀၉၆ ဖုန်း ၀၉-၄၀၁၅၂၂၀၃၂
ဦးသိန်းထွန်း - ၈/ရစက(နိုင်)၁၃၉၅၈၃
ဦးသန်းမျိုးဇော် - ၈/ရစက(နိုင်)၁၃၁၉၈၂
ဦးလွင်မင်းထွန်း - ၈/ရစက(နိုင်)၁၅၁၇၁၉
ဦးအောင်ဆွေဝင်း - ၈/ရစက(နိုင်)၀၁၇၇၀၈
ဦးသိန်းဇော် - ၈/ရစက(နိုင်)၁၇၁၁၆၄

Yoyarlay

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်