Thursday, March 07, 2013

ကေအိုင်အေ တပ်ဖွဲ့ဝင် (၄၂) ဦးအား သေဒဏ်ပေးသည့်ကိစ္စနှင့် ပတ်သက်၍ ဗဟိုတွင် သဘောထားကွဲလွဲနေ

Posted by drmyochit Thursday, March 07, 2013, under | No comments

အစိုးရတပ်သို့ အလင်းဝင်ရန်ကြိုးပမ်းမှုဖြင့် KIA တပ်ဖွဲ့ဝင် (၄၂) ဦးတို့ ဖေဖော် ၀ါရီလ ၂၃ ရက်နေ့က လိုင်ဇာဟိုတယ်၌ အစည်း အဝေးပြု လုပ်ပြီး သေဒဏ်ပေး ခဲ့သည့် ကိစ္စအပေါ် ဗဟိုမှ ခေါင်းဆောင် များ အကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။ 

သေဒဏ်ချမှတ်ခဲ့မှုမှာ KIA စစ်ဦးစီးချုပ် ဂမ်ရှောင်၏ တစ်ဖက်သတ်ချမှတ်ခဲ့သည့် အမိန့် ဖြစ်ပြီး သဘော ထားကွဲလွဲမှုကြောင့် ၎င်းအမိန့်အား ဆိုင်းငံ့ထားောကာင်း ဗဟိုမှ အရာရှိတစ်ဦးမှ ပြောကြားခဲ့ပါသည်။

ဂမ်ရှောင်မှာ ဇန်န၀ါရီလဆန်းပိုင်းက အစိုးရတပ်၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်း အထန် ရခဲ့ပြီး တရုတ်နိုင်ငံတွင် ဆေ၀ါးကုသမှုများ ခံယူခဲ့သော်လည်း ပျောက်ကင်းမှုမရှိဘဲ ကျန်မားရေး ဆိုးဝါး နေကြောင်း ဂမ်ရှောင်၏ စစ်ဦးစီးချုပ်ရာထူးကို လက်ရှိဒုစစ်ဦးစီးချုပ် ဂွမ်မော် အား ခေတ္တပေး ထားကြောင်း သိရှိရပါသည်။ 

လက်အောက်တပ်မှူး များနှင့် KIO ဗဟိုကော်မတီဝင်များက ဂမ်ရှောင်အား စစ်ဦးစီးချုပ်ရာ ထူးမှ နှုတ်ထွက် ရန် တောင်းဆိုနေကြကြောင်း၊ တောင်းဆိုမှုကြောင့် KIA/KIO ခေါင်းဆောင်များအချင်ချင်း သဘော ထားကွဲ လွဲကာ လုပ်ကြံသတ်ဖြတ်မှုများအထိ ဖြစ်နိုင်ကြောင်း ဗဟိုဌာနချုပ်ရှိ အရာရှိတစ်ဦးမှ ပြောကြား ခဲ့ပါသည်။

From:ကချင်နေ့စဉ်သတင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်