Thursday, March 07, 2013

မအူပင်မြို့နယ်မှ ပဋိပက္ခနှင့် ပတ်သက်၍ လယ်လုပ်ပိုင်ခွင့်အတွက် ကုမ္ပဏီနှင့် ညှိနှိုင်းပေးမည်ဟု အစိုးရအဖွဲ့ ပြောကြား

Posted by drmyochit Thursday, March 07, 2013, under | No comments


ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မအူပင်မြို့နယ်၊ ပလောင်ကျေး ရွာတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ အပေါ် စုံစမ်းစစ်ဆေးရေးဖွဲ့ကာ စစ်ဆေး သွား မည်ဖြစ်ပြီး ဖြစ်စဉ်၏ အဓိက အကြောင်း အရာဖြစ်သော လယ်လုပ်ပိုင်ခွင့် အတွက် ကုမ္ပ
ဏီနှင့် ညှိနှိုင်းပေးသွားမည်ဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေး မှူး ဦးအေးကျော်က ပြောသည်။

"ပဋိပက္ခဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးရေး ဖွဲ့စည်းပြီးသွားပါပြီ။ ဒေသခံတွေရဲ့ တောင်းဆိုချက်ဖြစ်တဲ့ Orchard ကုမ္ပဏီပိုင် ငါးကန်ကို လယ်လုပ်ဖို့ တောင်းဆိုတဲ့အချက်ကိုလည်း ညှိနှိုင်းဆောင်ရွက်ပေးသွားဖို့ လုပ်ဆောင်သွားမှာပါ" ဟု ဦးအေးကျော်က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းများက ပဋိပက္ခအသွင် ဖြစ်ပွားခဲ့သည့် မအူပင်မြို့နယ်၊ မလက်တိုကျေးရွာ အုပ်စုအတွင်းရှိ မြေလွတ်မြေရိုင်း ဧက ၁၀၀၀ ၀န်းကျင်သည် ၁၉၉၃ ခုနှစ်က နိုင်ငံတော်မှ ရေနက်ကွင်း စီမံကိန်းအတွက်ဟုဆိုကာ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်စိန်၏ Orchard ကုမ္ပဏီသို့ ခွင့်ပြုချထားပေးခဲ့ကြောင်း မအူပင်မြို့နယ်၊ မြေစာရင်းဦးစီးမှ သိရသည်။

အဆိုပါ မြေလွတ်မြေရိုင်းများသည် ဒေသခံတို့၏ ဘိုးဘွားစဉ်ဆက် ထွန်ယက်စိုက်ပျိုး စားသောက်ခဲ့သည့် စားကျက်မြေများဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

၂၀၀၇ ခုနှစ်မှ စ၍ နှစ်သုံးဆယ်သက်တမ်းရှိ ငါးမွေးမြူရေး လုပ်ကိုင်ခွင့်ရရှိထားသော Orchard ကုမ္ပဏီ၏ အဆိုပါ မြေနေရာကို ဒေသခံများက လယ်ယာလုပ်ငန်းများ ပြန်လည်လုပ်ပိုင်ခွင့် ရရှိရန် သက်ဆိုင်ရာသို့ တင်ပြခဲ့ကြပြီး ဖေဖော်ဝါရီ ၂၁ ရက်က တောင်းဆိုမှုများ စတင်ခဲ့သည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ညှိနှိုင်းပြေလည်မှု ရရှိရန် စောင့်ဆိုင်းနေသော ရွာသားများအား တွေ့ရစဉ်

-eleven.

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်