Thursday, March 07, 2013

နယ်စပ် တွဲဘက် အထက်တန်း ကျောင်းအုပ်ဆရာကြီး ရုံးခန်း ဖေါက်ထွင်းခံရ

Posted by drmyochit Thursday, March 07, 2013, under | No comments


ရခိုင်ပြည်နယ် မောင်တောမြို့နယ် တမန်းသားကျေးရွာ တွဲဘက် အထက်တန်းကျောင်းရှိ ကျောင်းအုပ် ဆရာကြီး ရုံးခန်း မတ်လ ၂ ရက်နေ့က ဖေါက်ထွင်း ခံရ သည်ဟု သတင်း ရရှိသည်။

နယ်စပ် တွင် လုံခြုံရေး တင်း ကျပ် ထားသော် လည်း ခိုးမူ၊ ဓါးပြမူနှင့် လူသတ်မူက မကြာခဏ ဖြစ်နေသည်။

ဖေါက်ထွင်း သူများသည် ကျောင်းရှိ စာရွက်စာ တမ်းများ ကို ယူဆောင် သွားသည်ဟု ကျောင်းဆရာ တစ်ဦး က ပြောသည်။


“ လွန်ခဲ့တဲ့ စနေနေ့ (မတ်လ ၂ ရက်) က ကျောင်းအုပ်ကြီး ရုံးခန်းကို အမည်မသိ လူတစုက ညဉ့်အ ချိန်မှာ ဖေါက်တွင်း ပြီးတော့ ရုံးခန်းမှာ ရှိတဲ့ စာရွက်စာတမ်းတွေကို ယူဆောင်သွားကြပါတယ်။ ကျောင်းပြန် ဖွင့်တဲ့ တနင်္လာနေ့မှာ ကျောင်း အုပ်ကြီးက ဖေါက်ထွင်းခံရတယ်ဆိုတာ သိတာပါ” ဟု ကျောင်းဆရာက ပြော သည်။

ဖေါက်ထွင်း ယူဆောင်သွား သူများမှာ မည်သူ မည်ဝါဖြစ် သည်ကို မသိရှိ ရသော်လည်း မြန်မာနိုင်ငံ၏ ပညာရေးကို မလိုလားသူ ဒေသ အတွင်းက အုပ်စု တစ်ခု  ဖြစ်နိုင် သည်ဟု အဆိုပါ ကျောင်း ဆရာက ပြောသည်။

ယခု စာသင်ကျောင်းကို ဖေါက်ထွင်း ဖျက်ဆီးမှူမှာ  ဒုတိယအကြိမ်ဖြစ်ပြီး လွန်ခဲ့သော ဇွန်လ အရေး အခင်း ကလည်း မသမာ တစ်စုက ကျောင်းထဲသို့  ၀င်ရောက်ပြီး စာသင်ခုံများ၊ ကျောင်းသင်ပုန်းကြီး များနှင့် ကျောင်း အသုံး အဆောင် ပစ္စည်း များကို ၀င်ရောက် ဖျက်ဆီး ခဲ့သည်ဟု သိရသည်။

“ ဇွန်လ အရေး အခင်း အတွင်းက ဖျက်ဆီး တာကတော့ ဆူပူ အကြမ်းဖက် မူတွေကို လိုလားနေတဲ့ ဘင်္ဂလီ တစ်စုက လုပ်တာ ပါ။ အခု တစ်ကြိမ်လည်း သူတို့ထဲက တစ်ချို့ ဖြစ်ဖို့ များပါတယ်။ တခြားသူတွေ ကတော့ လုပ်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျောင်းကို ဖျက်ဆီး တယ်ဆိုတာက ဘယ်လောက် ထိ အပြစ်ကြီး တယ်ဆိုတာ သိရှိကြ လို့ပါဘဲ” ဟု ဆိုသည်။

ဖေါက်ထွင်းမှုနှင့် ပတ်သက်ပြီး ကျောင်းအုပ်ဆရာကြီး ဦးစောမောင်ကြီးက သက်ဆိုင်ရာ အစိုးရ တာဝန် ရှိသူများကို တိုင်ကြား ထားသော်လည်း ဖေါက်ထွင်း သူများထဲမှ တစ်စုံ တစ်ဦး ကိုမျှ ယခုအချိန်ထိ ဖမ်းဆီး ရမိခြင်း မရှိသေးကြောင်း သိရသည်။

တမန်းသား တွဲဘက် အထက်တန်းကျောင်းတွင် ကျောင်းဆရာ ၂၀ နှင့် ဆရာမ ၆ ဦး စုစုပေါင်း ၂၆ ဦးရှိပြီး မူလ တန်းမှ အထက် တန်းထိ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာပေါင်း ၂၀ ကျော်မှ လာရောက်သင်ကြားနေသူ ကျောင်း သူကျောင်း သား တစ်ထောင်ကျော်ရှိသည်ဟု သိရသည်။

မောင်တောမြို့နယ် မြောက်ပိုင်းတွင် တိုင်းရင်းသားကျေးရွာများမှာ အနည်းငယ်ခန့်သာရှိပြီး အများစုမှာ ဘင်္ဂါလီကျေးရွာများ ဖြစ်သဖြင့် ကျောင်းသားအများစုမှာ မူဆလင်များ ဖြစ်ကြသည်။

တမန်းသား တွဲဘက်အထက်တန်းကျောင်း တည်ရှိရာ တမန်းသားကျေးရွာသည် မောင်တောမြို့မှ မြောက် ဖက် မိုင် ၄၀ ခန့်ဝေးကွာသော မြန်မာ-ဘင်္ဂလာနယ်စပ်တွင် တည်ရှိသည်။


မောင်ရမ္မာ
နိရဉ္စရာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်