Thursday, April 11, 2013

"၄၈ လမ်းဗလီမီးလောင်မှု အတွက် တတိယ အကြိမ် သတင်းစာရှင်းလင်းပွဲပြုလုပ်"

Posted by drmyochit Thursday, April 11, 2013, under | No comments



ရန်ကုန် ဧပြီ ၁၀ ရက်

၄၈ လမ်း ဗလီမီးလောင်မှု နှင့် ပတ်သတ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးတွင် ၀န်ကြီးချုပ် ဦးမြင့်ဆွေ နှင့် တာဝန် ရှိသူ တို့က သတင်းစာ ရှင်းလင်းပွဲ ကို တတိယ အကြိမ်မြောက်ပြု လုပ်နေပြီဖြစ် သည်။

၁.၄.၁၃ ရက်နေ့တွင် ဗလီ မီးလောင်မှုနှင့် ပတ်သတ်၍ ထပ်ခိုးတွင် အိပ်သော ၁၆ ဦးတွင် ၃ ဦးမှ ထွက်ပြေး လွတ်မြောက် ခဲ့ပြီး ၁၃ ဦးမှာ လွတ်မြောက်မှု မရှိခဲ့ကြောင်း ၊ ဗလီဆရာမှာ အသိနောက်ကျ၍ အပေါ် ထပ် သို့ သွားရောက်မှု မရှိဘဲ မီးငြိမ်းသတ်မှု ကို သာအာရုံရောက်နေကြောင်းကျောင်းသား မောင်အောင်ကောင်းမြတ်၏ ထွက်ဆိုခြင်း တွင် ဗလီဆရာ ၂ ဦးမှ သွားရောက်ကြည့် ရှုချိန်နောက် ကျခဲ့ ခြင်းဖြစ် ကြောင်း၊မှုခင်းဆရာ ၏ ထွက်ဆိုချက် အရ ရှို့မီး ဟု ယူဆသော ကောလဟာလ သတင်းတွင် ရဲစခန်းမှ သက်သေ အပိုင်းအစ တို့ကို စစ်ဆေးကြည့်ရာတွင် ပေါ့ဆမှုကြောင့်သာဖြစ်ကြောင်း၊မီးလောင်မှု ကို ပထမ ဆုံးတွေ့ ရှိသော သူနှစ်ဦးအားခေါ်ယူစစ်ဆေးကြည့်ရာတွင် မသင်္ကာ သူဟု ယူဆရသူ တစ်ဦး တစ်ယောက် မှ မတွေ့ဟု ထွက်ဆိုခဲ့ကြောင်း၊စတင်လောင်ကျွမ်းသောမီးအားမြင့်စက်ကို သံပုံးအတွင်း ထည့်ပြီး အ ဆောက် ဦး အတွင်းရှိ ရေစက် ၊မော်တာတို့ဖြင့် ဆက်သွယ်ထားကြောင်း မီးအားမြင့်စက် သည် အပူ လွန်ကဲကာ ကျောဘက် တွင် အနီး ၀န်းကျင်ရှိလောင်စာ များကို လောင်ကျွမ်းရခြင်းဖြစ်ကြောင်း သုံးသပ် ချက်တွင် မီးအား မြင့်စက်အား မီးအားနည်းချိန်တွင် မြင့်တင်ထားသော ခလုတ်ကို ပြန်မချမိခြင်း၊လေ၀င်လေ ထွက် မကောင်းသည့်နေရာတွင် ထားမိကြောင်း အတွင်းရေးမှုးဦးခင်မောင်သိန်း ကပြော သည်။

ထို့ကြောင့်ဗလီဆရာ နှစ်ဦးကို ထိရောက်စွာ အရေးယူ နေပြီဖြစ်ကြောင်းသိရသည်။

ဝေမာ
From: Popular Myanmar News Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်