Thursday, April 11, 2013

ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ြ ဖစ်မြောက်ရေးကော်မတီ)မှ ရဲမင်းဦး အတွက်တောင်းဆို

Posted by drmyochit Thursday, April 11, 2013, under | No comments



ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဖြစ်မြောက်ရေး ကော်မတီ) မှ အထွေထွေ အတွင်းရေးမူး ကိုရဲမင်းဦး အား အမြန် ဆုံးပြန်လည် လွတ်ပေး ရန်နှင့် ကိုရဲမင်းဦးနှင့် ပတ် သက်ပြီး ထပ်မံ အမူဖွင့် ခံထား ရသော သူများ အား အမူပြန် လည် ရုပ်သိမ်းပေးရန်။ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဖြစ်မြောက်ရေးကော်မတီ)မှ အထွေထွေ အ တွင်းရေး မူး ကိုရဲမင်းဦးအား ဖမ်းဆီးခြင်းသည် အာဏာရှင် ဆန်ဆန် မတရား ဖမ်းဆီးခြင်း ဖြစ်သကဲ့ သို့ ရုံးထုတ် လာရာတွင်လဲ ကိုရဲမင်းဦး၏ ရသင့် ရထိုက်သော အခွင့် အရေးများအား အပြည့် အ၀ မပေးခြင်း သည် အစိုးရ တွင် အာဏာရှင်အရိပ်အငွေ့တို့ကျန်ရှိနေသေကြောင်းသိသာထင်ရှားပေးသည်။

ထိုအပြင် အစိုးရ အနေဖြင့် ယခု အခါ ၄င်းတို့သည် လူအခွင့် အရေး နိုင်ငံသား အခွင့် အရေးများ ဆက် လက် ချိုးဖောက်နေ မည်ဖြစ်ကြောင်း ကို ကိုရဲမင်းဦး ရုံးထုတ်သို့ လာရောက်သော ကိုရဲမင်းဦး အား မိသားစု နှင့်တွေ့ ဆုံခွင့်ပေး ရန် တောင်း ဆိုသော လည်းကောင်း၏ ညီငယ်နှင့် မိတ်ဆွေသုံးဦးအပေါ် ပုဒ်မ-၃၅၃/၅၀၅ ဖြင့် အမူဖွင့်အရေး ယူခြင်းဖြင့်သက်သေပြလိုက်ပြီးဖြစ်သည်။

ထိုကြောင့် ကျနော်တို့ ကျောင်းသားသမဂ္ဂများအဖွဲ့ချူပ်(ဖြစ်မြောက်ရေးကော်မတီ)မှ အောက်ပါ အချက်တို့ ကိုတောင်း ဆိုလိုက်သည်။

(၁)အစိုးရ အနေဖြင့် ယခုကဲ့သို့ အာဏာရှင် ဆန်ဆန်ပြုမူခြင်းများကို ဆက်လက်မပြုလုပ်ဘဲ လူအခွင့် အရေး နိုင်ငံသား အခွင့် အရေး အား ချိုးဖောက်နေမူများကိုရပ်တန့်ပေးရန်။
(၂)မတရား ဖမ်းဆီ ထိန်းသိမ်း ခံထားရသော ကိုရဲမင်းဦးအားခြွင်းချက်မရှိအမြန်ဆုံးပြန်လွတ်ပေးရန်။
(၃)ကိုရဲမင်းအောင် ကိုချစ်ကိုလင်း ကိုရဲမြတ်ဟိန်း မနိုးနိုး(ခ)မနွဲ့နှင်းရည် တို့အပေါ် ပုဒ်မ ၃၅၃/၅၀၅ ဖြင့် အမူဖွင့် ထားခြင်း အားပြန်လည် ရုပ်သိမ်းပေးရန်။

၁၃၇၄-ခုနစ် တပေါင်းလပြည့်ကျော်(၁၂)ရက် ၂၀၁၃ ခုနစ် ဧပြီလ(၇)ရက် စာအမှတ် ၀၇/က.သ.ဖ/၂၀၁၃
အလုပ်အမူဆောင်များ 
ကျောင်းသားသမဂ္ဂများအဖွဲ့အချူပ်(ဖြစ်မြောက်ရေးကော်မတီ)

From: Myanmar Daily News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်