Thursday, April 11, 2013

မြောက်ကိုးရီးယား နိုင်ငံမှ အချိန်မရွေး ဒုံးကျည် လက်နက်ဖြင့် ပစ်လွှတ် တိုက်ခိုက်နိုင်သည်ဟု ပြောကြားခဲ့သည့် အမေရိကန်

Posted by drmyochit Thursday, April 11, 2013, under | No comments


အမေရိကန် အစိုးရ အနေဖြင့် မြောက် ကိုရီးယား သည် ရွေ့လျားနိုင်သည့် ဒုံးကျည်များကို မည်သည့် အချိန် တွင်မ ဆို ပစ်လွှတ်နိုင်ရန် အပြည့်အစုံ ပြင်ဆင် မှုများ ပြုလုပ်ထားသည်ကို ယုံကြည် ကြောင်း၊ စစ်ရေး ထောက် လှမ်း မှုများအရ သိရှိ ရကြောင်း အမေရိကန် အရာရှိ တစ်ဦးက ပြောကြား ခဲ့ပါသည်။

ဒုံးကျည်များကို စတင် ပစ်လွှတ်မှုနှင့် ပတ်သက်ပြီး လည်း မြောက်ကိုရီးယားက လေကြောင်းလမ်း ၊ ရေကြောင်း လမ်း ဆိုင်ရာ ဖြတ်သန်းမှုများကို သတိပေးမှု တစ်စုံ တစ်ရာ ပြုလုပ်လိမ့်မည် မဟုတ်ကြောင်း လည်း ပြောကြားခဲ့ပါသည်။ သို့သော် အတိမ်းအစောင်း အဖြစ် မခံနိုင်သည့် သတင်းများ ဖြစ်သည့်အတွက် ထိုအရာ ရှိကမူ သူ၏အမည်ကို ထုတ်ဖော်ပြောကြား ခဲ့ခြင်း မရှိပေ။ ထိုအရာရှိ သတိပေး ပြောကြား မှုများ သည် ဂြိုဟ်တုမှ ဖမ်းယူရရှိသည့် ပုံများအပေါ်တွင် မူ တည်ပြီး ပြော ကြားခြင်း ဖြစ်သည်။ မြောက်ကိုရီးယားမှ သတိပေး ချက် ထုတ်ပြန်ပေးရန် အမေရိကန် အနေဖြင့် လိုလားသော်လည်း မမျှော်လင့်ရဲကြောင်းနှင့် ၎င်းတို့အနေဖြင့် ထင်မြင်ယူဆချက်များဖြင့်သာ ဆောင် ရွက် လုပ်ကိုင်နေရကြောင်း ပြောကြား ခဲ့ပါသည်။

Source: http://edition.cnn.com/

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်