(၄၈)လမ်း ဗလီမီးလောင်မှုမှာ ရှို့မီးမဟုတ်ပဲ ဗလီဆရာနှစ်ဦး၏ ပေါ့ဆမှုကြောင့်ဆိုကာ ၄င်းတို့ကို ဥပဒေ နှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဟု မီးလောင်မှုစုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာအရ သိရ သည်။
ဧပြီလ (၁၀) ရက်နေ့ ညနေ (၅း၀၀) နာရီတွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး၌ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့် ဆွေ နှင့် မီဒီယာများတွေ့ဆုံပွဲတွင် ကောလာဟာလများထွက်ပေါ်သကဲ့သို့ ရေကျော်ဗလီ မီးလောင်မှုသည် ရှို့မီးမ ဟုတ်ဘဲ ဗလီဆရာနှစ်ဦး၏ အားနည်းချက်ကြောင့်ဖြစ်သည့်အတွက် ၄င်းတို့ကို ဥပဒေနှင့်အညီ အရေး ယူ သွားမည်ဟု ပြောကြားထားသည်။
ဗလီဆရာနှစ်ဦးသည် မဟုတ်မမှန်သတင်းများပြောဆိုခဲ့ခြင်းကြောင့် ပြင်ပတွင် ကောလာဟလများ ထွက် ပေါ် ခဲ့ရပြီး လူမျိုးဘာသာအချင်းချင်း ယုံမှားသံသယဝင်မှုများဖြစ်ပေါ်လာခဲ့ရကြောင်းကိုလည်း ဆက်ပြော ခဲ့သည်။
မီးလောင်မှုကြောင့် ပျက်ဆီးသွားသည့် (၄၈)လမ်း ဗလီကိုလည်း ပြန်လည်ပြင်ဆင်နိုင်ရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
ဗလီအပါအဝင်သာသနာပိုင်အဆောက်အဦးများ ဆောက်လုပ်မည်ဆိုပါက သာသနာရေးဦးစီးဌာန၏ ထောက် ခံ ချက် ရယူရန် လိုအပ်မည်ဖြစ်ပြီး သက်ဆိုင်ရာအာဏာပိုင်အသီးသီးကို တင်ပြ ရမည်ဖြစ် ကြောင်း နှင့် ပြည်ထဲရေး ၀န်ကြီးဌာန၏ ခွင့်ပြုချက် မရရှိလျှင် ဆောက်လုပ်ခွင့်နှင့် ပြုပြင်ခွင့်မရှိဟု ရန်ကုန် တိုင်း ဒေသကြီး အစိုးရအဖွဲ့ အတွင်းရေမှူး ဦးခင်မောင်သိန်းက ပြောကြားခဲ့သည်။
မီးလောင်မှုနှင့် ပတ်သက်၍ ဧပြီလ(၂) ရက်နေ့ ရက်စွဲပါ စာအမှတ်၊ ၁/၂-၃(၆) စီမံဖြင့် ဖွဲ့စည်းတာဝန်ပေး အပ် ခဲ့ပြီး အဆိုပါစုံစစ်စစ်ဆေးရေးကော်မရှင်အဖွဲ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဌာနဆိုင်ရာ အဖွဲ့ အစည်း အသီးသီးပါဝင်ခဲ့ကြောင်းကိုလည်း သိရှိရသည်။
စုံစမ်း စစ်ဆေးရေး ကော်မ ရှင်ကို ဧပြီလ(၂)ရက်နေ့တွင် စတင် တာဝန် ပေးအပ် ခဲ့ပြီး (၁၀)ရက်နေ့တွင် အစီရင်ခံ စာထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
(၄၈)လမ်း ဗလီမီးလောင်ကျွမ်းမှုမှာ မီးအားမြှင့်စက်(အင်ဗာတာ)အပူလွန်ကဲရာမှ လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အာရ်ဗီ ကျောင်းသား(၁၃)ဦး သေဆုံးခဲ့ရသည်။
ထွန်းနေအောင် (မြစ်မခ)
Myit Makha Mediagroup
Time in Rangoon


0 comments:
Post a Comment