Thursday, April 11, 2013

ရေချိုးဆင်းသည့်မိန်းမပျိုအား BGF ခေါင်းဆောင်၏သား ကိုယ်ထိလက်ရောက်စော်ကား

Posted by drmyochit Thursday, April 11, 2013, under | No comments

သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့နယ် အမှတ် ၁၀၀၇ နယ်ခြားစောင့်တပ် ခေါင်းဆောင်၏ မွေးစား သားက ရေဆိပ် ဆင်းသည့် ဒေသခံ အမျိုး သမီးငယ်အား ကိုယ်ထိ လက်ရောက် စော်ကား ခဲ့ကြောင်း ဒေသတွင်း သတင်း ရပ်ကွက်က ဆိုပါသည်။

အခင်းဖြစ်ပွါးသည့် နမ့်ဟူးရေဆိပ်

“အရင်က လားဟူပြည်သူ့စစ် တပ်ဖွဲ့ပေါ့။ အခုတော့ အမှတ် ၁၀၀၇ နယ်ခြား စောင့်တပ် ခေါင်းဆောင် ဂျပီး ကွယ်။ သူ့ရဲ့ မွေးစား သားပေါ့။ ထိုင်းကပြန်လာတာ မကြာသေးဘူး။ ဗမာ စကား လဲကောင်း ကောင်း မပြော တတ်၊ သျှမ်း စကားကောဘဲ။ ထိုင်းစကား တော့မွတ်နေ တာဘဲ။ နမ့်ဟူးရေ ဆိပ်မှာ ရေဆင်း ချိုးတဲ့ ရပ်ကွက် ၄ က အသက် ၁၉ နှစ်အရွယ် ကောင်မလေးကို လိုက်ဆွဲတယ်။ ဖက်တယ်။ ဘော်ဒီဂတ် ၂ ယောက် လဲ ပါလာတယ်လေ။ ကောင်မလေးက အော်တော့ နောက်တဆိပ်မှာ ရေချိုး နေတဲ့ အမျိုး သားတွေ က ရောက်လာ တော့မှ ထွက်ပြေးကုန်တာ။ သူ့နောက် လိုက် တယောက်ဘဲ ဖမ်းမိတယ်” - ဟု ပုံပါကျင်မြို့ခံ တဦးက သျှမ်းသံတော် ဆင့် အားပြောပြသည်။

ယခုလ ၈ ရက်နေ့ ညနေပိုင်းက နမ့်ဟူး ရေဆိပ်၌ ရေဆင်းချိုးသည့် ပုံပါကျင် ဒေသခံ အသက် ၁၉ နှစ်အရွယ် အပျိုမလေး အား အမှတ် ၁၀၀၇ နယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင် ဂျပီးကွယ်၏ မွေးစားသား   ဂျန ဆိုသူက လိုက်ဖက်ကြောင်း၊ အနီး၌ ရေချိုးနေသည့် အမျိုးသားများ ရောက်လာမှ ဂျနနှင့် ၎င်း၏ ဘော်ဒီ ဂတ် တို့ထွက်ပြေးကြောင်း၊ ဘော်ဒီဂတ် တဦးအား ဖမ်းမိ သဖြင့် ဂျနအား ၉ ရက်နေ့ ညနေပိုင်း၌ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးသို့ ရုံးချိန်းခေါ်ယူ သော်လည်း ပျက်ကွက် ခဲ့ကြောင်း လူလတ်ပိုင်း အရွယ် ရှိ ဒေသခံ အမျိုးသားက ဆက်လက်ပြောပြသည်။

မောင်ဂျန အား ရပ်ကွက် အုပ်ချုပ်ရေးမှူး မေးမြန်းစဉ်က  - “ မိန်းခလေးက ချောတယ်။ သူ့ကိုကြိုက်တယ်။ ဒါကြောင့် လိုက်ဖက်တာ။ သူကျနော့် ကို ယူမယ်ဆိုရင် ကျနော်သူ့ကိုယူမယ်”  - ဟု ထိုင်း ဘာသာ စကားဖြင့်ပြော ကြောင်း သွားရောက် နားထောင်သည့် ပုံပါကျင်ဒေသခံက ပြောပြသည်။

“ သူ့တပည့်ဖြစ်တဲ့ ဂျတဲကို ရွာသားတွေက ဖမ်းမေးတယ်။ ဂျတဲ ကတော့ တာလေရွာက ဘဲဆိုတော့ ရွာသားတွေနဲ့ သိတော့ သူက အကြောင်း စုံပြောပြတာ။ ဒါပေမယ့်  ဂျပီးကွယ်ရဲ့ သားမှန်းမပြောဘူး။ နောက် တနေ့  ၉ ရက်နေ့ မနက်ပိုင်း လူကြီး အိမ်ကို သူ့ကိုမရမက ခေါ်လာတယ်။ လူကြီးတွေနဲ့ စကားပြော တာတောင် မျက်မှန်နက်ကြီးကို မချွတ်ဘူး။ ကျနော့်ကို မသိကြဘူး ထင်တယ်တဲ့။ နယ်ခြားစောင့် တပ်မှူးကြီးရဲ့ သားပါတဲ့ ။ သူတို့တပ်ဖွဲ့က အရာရှိ တချို့လဲသူနဲ့ လိုက်ပါ လာတယ် လေ။ နဲနဲခြိမ်း ခြောက် လိုက် တဲ့ပုံစံပေါ့။  ညနေပိုင်း ထွအေုပ်ရုံးမှာ ရုံးထပ်ချိန်းတော့ သူမလာတော့ဘူး။  ဆိုတော့ ပုံပါကျင် သားတွေ၊ အမျိုးသမီးရေးရာအဖွဲ့တွေ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွကေမကျနေပ်ဘူး။ စုပေါင်း လက်မှတ် ထိုးထားတဲ့ စာကို သျှမ်းပြည် အစိုးရ အထိ တင်ဖို့ စီစဉ် နေကြပြီ ” ဟုလည်း ဒေသခံ အမျိုး သမီးငယ် တဦး ကပြောသည်။

အဆိုပါ လက်မှတ် ထိုးထားသည့် တိုင်စာအား သျှမ်းပြည်နယ် ဝန်ကြီးချုပ် အထိ တင်ရန် အမျိုး သမီးရေးရာ အဖွဲ့က ဦးဆောင် စီစဉ်ထားကြောင်း ဒေသခံများ ကပြောပါသည်။ 

ဂျန ဆိုသူသည် နယ်ခြားစောင့် တပ်ရင်း မှူးကြီး ဂျပီးကွယ်၏ ထိုင်းလူမျိုး ဇနီးမှ ပါလာသော သားဖြစ်သည် ဟုလည်း ဒေသခံ များ ကပြောဆို နေကြသည်။

၂၀၁၀ မတ်လကုန်က နယ်ခြားစောင့်တပ်အမှတ် ၁၀၀၇ အသွင်ပြောင်းလိုက်သော လားဟူပြည်သူ့ စစ်တပ် ဖွဲ့ တွင် ယခုအခါ ထိုင်းစ ကားပြောသော တပ်ဖွဲ့ဝင် အများ အပြားတွေ့ ရကြောင်း၊ ထိုင်းနိုင်ငံ တောင်ပေါ် သား လက်မှတ် ရထားသူ များဖြစ်ဟန် တူကြောင်း ပုံပါကျင်ဒေသခံများ ကပြောသည်။

From: သျှမ်းသံတော်ဆင့်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်