Thursday, April 11, 2013

ဆီးရီးယားမှာ အရပ်သားတွေကို အစိုးရက ရည်ရွယ် တိုက်ခိုက်နေ

Posted by drmyochit Thursday, April 11, 2013, under | No comments


 ဒမားစကပ်စ်မြို့က တိုက်ခိုက်မှုရဲ့ အပျက်အစီး

ဆီးရီးယား အစိုးရဟာ အရပ်သားတွေ အပေါ် ထပ်တလဲလဲ မဆင်မခြင် ပြုမူဆက်ဆံ နေပြီး တခါတရံ လေကြောင်းက တိုက်ခိုက် နေတာကြောင့် ဒါတွေဟာ စစ်ရာဇဝတ်မှု ကျူးလွန်ရာ ရောက်နေ တယ်လို့ လူ့အခွင့် အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။

ဆီးရီး ယားက လက်နက်ကိုင် သူပုန်တွေကို အစိုးရက လေကြောင်းက နှိမ်နင်း ခဲ့ပြီး အရပ်သားတွေနေ ထိုင်ရာ နေရာ ၅ဝ လောက်ကို တိုက်ခိုက်ခဲ့တယ် ဆိုတဲ့ အထောက်အထားတွေ မကြာခင်တုန်းက ကျယ်ကျယ် ပြန့် ပြန့် ပြုလုပ်ခဲ့တဲ့ စစ်တမ်း ကောက်ယူချက်မှာ တွေ့ရတယ်လို့ ဆိုပါတယ်။


အစိုးရရဲ့ လေကြောင်းက ပစ်ခတ် တိုက်ခိုက်မှုတွေက ပေါင်မုန့် တန်းစီနေကြတ့ အရပ်သားတွေကို ရည်ရွယ် ပစ်မှတ်ထား တိုက်ခိုက် ခဲ့တာ ရှိသလို ဆေးရုံ နှစ်ရုံလည်း ထပ်တ လဲလဲ ထိမှန်ခဲ့ တယ်လို့ လူ့အခွင့် အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့က စွပ်စွဲ ပြောကြားထားပါတယ်။

တခါ ဆီးရီးယားက အစွန်းရောက် အစ်စလာမ် ဝါဒီ အတိုက်အခံ အဖွဲ့ Nusra Front ရဲ့ ခေါင်းဆောင် Abu Mohammad al-Joulani က အယ်ကိုင်းဒါး ခေါင်းဆောင် အိုစမာ ဘင်လာဒင် နေရာကို အစားထိုး ဝင်ရောက်လာတဲ့ Ayman al-Zawahiri ကို သစ္စာခံဖို့ ကတိပေးလိုက်ပါတယ်။

ဒါပေမယ့် ဒီအဖွဲ့နှစ်ခုကို ပေါင်းမယ် ဆိုတဲ့ အီရတ်က အယ်ကိုင်းဒါး ခေါင်းဆောင်ရဲ့ ကြေညာချက်နဲ့ ပတ်သက်လို့ သူ့အဖွဲ့က မသိသလို အဘူမိုဟာမက်က အယ်လ်ဂျူလာနီက ပြောထားပါတယ်။

အခုလို နှစ်ဖွဲ့ပေါင်းမယ့် ကိစ္စကို သူ့အဖွဲ့နဲ့ မတိုင်ပင် ရသေးဘူးလို့ အင်တာနက် ပေါ်မှာ တင်ထားတဲ့ အသံ ဖိုင်မှာ အဘူမိုဟာမက်က ဆိုထားတာ ဖြစ်ပါတယ်။

ဆီးရီးယားက သူပုန် ထိန်းချုပ်ရာ နေရာမှာ ရှိတဲ့ လူတွေ ထောက်ခံမှု ရအောင် ကြိုးစားနေတာကြောင့် အီရတ်က အယ်လ်ကိုင်းဒါးနဲ့ သူတို့ ဆက်ဆံရေးကို နက်စ်ရာ တပ်ဦးအဖွဲ့က လူသိ ရှင်ကြား မဖြစ် စေချင် ဘူးလို့ ဘေရွတ်မြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

From: BBC 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်