ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာ အယောက် ၂၀၀၀ ဟာ မြန်မာနိုင်ငံ ရခိုင်ပြည်ကလူတွေ ဟုတ် မဟုတ် ဆိုတာကို မြန်မာအစိုးရက စစ်ဆေးမှာဖြစ်ပြီး ဟုတ်မှန်တယ်ဆိုရင် မြန်မာနိုင်ငံမှာ ပြန်လက် ခံမယ် လို့ သိရပါတယ်။
မြန်မာ နိုင်ငံကနေ ထွက်ပြေး လာတဲ့ ရိုဟင်ဂျာတွေဟာ ပင်လယ်ပြင်မှာ ဒုက္ခရောက် ခဲ့ပြီး အိမ်နီးချင်း နိုင်ငံ မှာ ကယ်တင် ခံရတာတွေ လည်း ရှိခဲ့ (Credit: ABC Licensed)
ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေအားလုံးဟာ ရခိုင် ပြည်နယ်က ဖြစ်တယ် ဆိုတဲ့အပေါ် မြန်မာ အစိုးရက သံသယ ရှိနေ တာဖြစ်ပြီး အကယ်လို့ အဆိုပါ ရိုဟင်ဂျာတွေက မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ထွက်ခွာ သူတွေ မှန်မယ် ဆိုရင် မြန်မာ အစိုးရ အနေနဲ့ ပြန်လည် ခေါ်ယူ သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင် လွင် ပြောခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာ အယောက်ပေါင်း ၂၀၀၀ ထဲမှာ ၅၀၀ လောက်က အမျိုးသမီးနဲ့ ကလေး ငယ်တွေ ဖြစ်ကြတယ်လို့လည်း သိရပါတယ်။
ဘရူနိုင်းနိုင်ငံမှာ ကျင်းပမဲ့ အာဆီယံအသင်းဝင်နိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲမတိုင်ခင် မြန်မာနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ဒီတွေ့ဆုံမှုအတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာအစိုးရအနေနဲ့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ စစ်ပြေး ဒုက္ခသည်တွေ ကိုလည်း မြန်မာနိုင်ငံကို ပြန်လာနိုင်အောင် ကူညီပေးဖို့ ဦးဝဏ္ဍမောင်လွင်ကို ပြောခဲ့တယ် လို့ သိရ ပါတယ်။
ဒုက္ခသည်စခန်းက လူတချို့ မြန်မာနိုင်ငံမှာ ပြန်လည်နေထိုင်လိုကြပေမယ့် မြေမြုပ်မိုင်းရန်တွေ၊ ဘဝပြန် လည် ထူထောင် ရာမှာ ကြုံတွေ့ရမယ့် စားရေး၊ သောက်ရေး အခက်အခဲ တွေအပေါ် စိုးရိမ်မကင်း ဖြစ်နေကြ တယ်လို့လည်း ထိုင်းဝန်ကြီးက ပြောတဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထား ပါတယ်။
radioaustralia
0 comments:
Post a Comment