Thursday, April 11, 2013

ဗလီကျောင်းမီးလောင်မှု ဆရာနှစ်ဦးကို အရေးယူမယ်

Posted by drmyochit Thursday, April 11, 2013, under | No comments


 ဗလီကျောင်း မီးလောင်မှုမှာ ၁၃ ဦး သေဆုံးခဲ့

ရန်ကုန် ၄၈ လမ်းမှာ ဧပြီလ ၂ ရက်က ဗလီကျောင်း မီးလောင်မှုမှာ ဗလီဆရာနှစ်ဦးရဲ့ ပေါ့လျော့ မှုကြောင့် သာ ဖြစ်ရ တယ်လို့ ရန်ကုန်တိုင်း အစိုးရက ဖွဲ့ပေးထားတဲ့ စုံစမ်း စစ်ဆေးရေး အဖွဲ့က တွေ့ရှိပါတယ်။

စုံစမ်းရေး အဖွဲ့ရဲ့ တွေ့ရှိချက် တွေကို ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဧပြီလ ၁၀ ရက်နေ့က သတင်း ထောက်တွေကို တွေ့ဆုံ ရှင်းလင်း ခဲ့ပါတယ်။


ဒီမီးလောင်မှုကြောင့် ဗလီကျောင်းမှာ ရှိကြတဲ့ ဆယ်ကျော်သက် လူငယ် ၁၃ ဦး သေဆုံး ခဲ့ပါတယ်။

ဗလီကျောင်းမှာ အသက်ရှင် ကျန်ရစ်တဲ့ ကျောင်းသားတွေ ကလည်း မီးက အပြင် ဘက်က လာတာ မဟုတ်ပဲ အတွင်း မှာပဲ ဖြစ်တယ်လို့ သက်သေ ထွက်ကြ ကြောင်း၊ အစ်စလာမ် ဘာသာရေး အဖွဲ့ ငါးဖွဲ့ ကလည်း စုံစမ်းရေး အဖွဲ့ရဲ့ တွေ့ရှိချက်ကို သဘောတူ လက်ခံကြောင်း မြန်မာ နိုင်ငံလုံး ဆိုင်ရာ မော်လဝီ အဖွဲ့ချုပ်က အတွင်းရေးမှူးချုပ် စာရေးဆရာ ဦးကျော်စိုးက ပြောပါတယ်။

ဗလီ ဆရာ နှစ်ဦးကို ဥပဒေ အရ အရေးယူတဲ့ အခါမှာ လျော့လျော့ ပေါ့ပေါ့ စဉ်းစား ပေးဖို့ အစ်စလာမ် အဖွဲ့ ငါးဖွဲ့က ပန်ကြား ထားကြောင်းလည်း သူက ပြောပါတယ်။

ဗလီကျောင်း ပြန်လည် ပြင်ဆင်ခွင့် ကိုတော့ ဝန်ကြီးချုပ် ဦးမြင့်ဆွေက ကြိုးစား ဆောင်ရွက် ပေးမယ်လို့ ပြောကြောင်း ဦးကျော်စိုးက ပြောပါတယ်။

From: BBC 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်