Wednesday, April 24, 2013

ကျောင်းသားများကို ဒူးခေါင်းမှမလိုင်အား လျှာဖြင့်လျှက်ခိုင်းသည့် ဘုန်းကြီး

Posted by drmyochit Wednesday, April 24, 2013, under | No comments


စိန့် ဒိုမီနီကား ဆာဗီယို စီလစ်ဆီ ယမ်ကျောင်း ဝက် ဘ် ဆိုက်တွင် ဖော်ပြထား သည့် ပုံများကြောင့် မိဘ များ ထိတ် လန့် တုန်လှုပ်သွားခဲ့ကြရသည်။

ယင်းဝက်ဘ် ဆိုက်တွင် ဖော်ပြ ထားသည့် ပုံများ ထဲတွင် ကျောင်း သူလေး များသည် ဘုန်းတော်ကြီး မာစင် ကို ဇိုင်ရာ၏ ဒူးခေါင်းပေါ်တွင် ပုံထားသည့် မလိုင်မြှုပ်များကို လျှာဖြင့် လျှက်ပေးနေကြသည့် ပုံများအား ထူးဆန်းစွာ တွေ့ရှိ ခဲ့ကြရသည်။

ပိုလန်နိုင်ငံအရှေ့တောင်ပိုင်း၊ လူဘင်းမြို့ရှိ အဆိုပါကျောင်းတွင် ထိုနေ့က ကျောင်းသားသစ်လက်ခံပွဲ၌ ဘုန်းတော်ကြီး က ထိုသို့ကျောင်းသားများကို ပြုလုပ်ခိုင်းခြင်းဖြစ်ကြောင်း သိရသည်။

ပုံများထဲတွင် ဘုန်းတော်ကြီး ကိုဇိုင်ရာက ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး၊ ထောင်ပေးထားသည့် ဒူးခေါင်း ပေါ်တွင် မလိုင်များကို တင်ထားခြင်းအား တွေ့မြင်ကြရသည်။ ပုံထဲတွင် မျက်နှာများ၌ မလိုင်များ ပေနေ သည့် ကလေး များကိုတွေ့မြင်ရသကဲ့သို့၊ ဒူးခေါင်းတွင်တင်ထားသည့် မလိုင်များကို လျှာဖြင့် လျှက်နေသည့် ကလေး များကိုလည်းတွေ့ကြရသည်။

နောက်တစ်ပုံတွင် ဘုန်းတော်ကြီးသည် မြက်ခင်းပေါ်တွင် ထိုင်ကာ မိန်းကလေးငယ်များကို ဝန်းရံလျက်ရှိပြီး၊ ဘုန်းတော်ကြီးက မိန်းကလေးတစ်ဦးကို ကြာပွတ်ဖြင့် ရိုက်နှက်နေပုံကိုလည်း တွေ့မြင်ကြရသည်။

ပိုလန်အစိုးရ ကလေးသူငယ်ရေးရာဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရက် မစ်ချာလက်က "အတော်လေး စိတ် ပျက်စ ရာကောင်းတဲ့ပုံပဲ။ လူမှုရေးအရ လုံးဝလက်မခံနိုင်စရာ မရှိပါဘူး။ ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းအဆင့်ဆင့်ကို ပြောပါ့မယ်" ဟုဆိုသည်။

ဘုန်းတော်ကြီး ကိုဇာရက်ကလည်း ဤအပြုအမူကို နှစ်ပေါင်းများစွာ မိမိအနေဖြင့် ပြုလုပ်ခဲ့သော်လည်း ယခုလို ပြောဆိုဝေဖန်မှုမရှိကြောင်း၊ ယခုမှ ဝက်ဘ်ဆိုက်ပေါ်တွင် ပုံတွေကိုဖော်ပြပြီး တိုက်ခိုက်ခြင်းမှာ အံ့အားသင့်မိ ကြောင်း၊ ပုံကြီးချဲ့ခြင်းသာဖြစ်ကြောင်း၊ မကျေနပ်ပါက ဝက်ဘ်ဆိုက်ပေါ်မှ ပုံများကို ဖယ်ရှားလိုက်စေလို ကြောင်း" ခုခံပြောကြား
သွားသည်။

ကလေး များ၏ ရှေ့နေကမူ "အတုမြင် အတတ်သင် ဆို သကဲ့သို့ မဖြစ် စေလို ကြောင်း" ပြောကြား သည်။ ကလေး သူငယ်များ ဆိုင်ရာ အကြမ်းဖက်မှု ကာကွယ်ရေး အဖွဲ့၏ ဒါရိုက်တာ မော်နစ်ကာ ဆာဂျောက် စကာ ကမူ ဘုန်းတော်ကြီးသည် လိုအပ်သည် ထက်ပိုပြီး မလုပ်သင့် မလုပ် ထိုက်တာကို လုပ်ခြင်း ဖြစ် ကြောင်း၊ အဓိ ပ္ပာယ် မရှိ သည့်လုပ် ရပ်ကို ဖယ်ရှားပစ်ရမည့်အစား လက်ခံကာလုပ်ဆောင်နေခြင်းမှာ ရယ်စ ရာ ကောင်းေ ကြာင်း ပြောကြားခဲ့သည်။

မောက္ခပညာရေးမဂ္ဂဇင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်