Wednesday, April 24, 2013

ဘင်္ဂလားဒေ့ရှ်တွင် အဆောက်အအုံပြိုကျမှုကြောင့် လူ ၇၀ သေဆုံး

Posted by drmyochit Wednesday, April 24, 2013, under | No comments


ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော်တွင် အဆောက် အအုံ တစ်ခု ပြိုကျ မှုကြောင့် အနည်းဆုံး လူ(၇၀)မျှ သေဆုံး သွားကြောင်း သိရှိရသည်။ ဆာဗားရှိ အဆောက်အအုံသည် ဗုဒ္ဓဟူးနေ့ (ဧပြီ၂၄ ရက်) နံနက် ပိုင်းက ပြိုကျခဲ့ခြင်း ဖြစ်ပြီး လူပေါင်း(၆၀၀)ကျော် ဒဏ်ရာများ ရရှိခဲ့သည်။ (၈)ထပ်မြင့်သော အဆောက် အအုံ တွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေရဆဲ ဖြစ်ပြီး ကျန်းမာရေးဝန်ကြီး ရူဟယ်လ် ဟာကျူက "အသေအပျောက် စာရင်းက (၇၀)ထိ ရှိလာပါပြီ"ဟု အတည်ပြုခဲ့သည်။ ဆေးရုံအသီးသီးသို့ တင်ပို့ပေး လိုက်ရသူ အရေအတွက်မှာလည်း (၆၀၀)အထက်တွင် ရှိနေပြီဟု သက်ဆိုင်ရာ တာဝန်ရှိ သူများ က ဆိုသည်။

ထို့အပြင် အဆောက်အအုံ ပြိုကျထားသည့် နေရာအောက်တွင် လူပေါင်းများစွာ ပိတ်မိနေဆဲ ဖြစ်မည်ဟု ယူဆ ရကြောင်း သိရသည်။ ကယ်ဆယ်ရေးများက ထိုအခြေအနေသည် အသေအပျောက် စာရင်းကို ပိုမိုသိ သာစွာ မြင့်တက်လာစေမည်ကို စိုးရိမ်နေသည်။ မီးသတ်ဦးစီးဌာန တာဝန်ရှိသူ နီလူဖာ ယက်စ်မင် က အသင့်သုံး ဘိလပ်မြေ စက်ရုံတစ်ခု တည်ထောင်ထားပြီး ဘဏ်ခွဲတစ်ခု ဖွင့်လှစ်ထားသလို ဆိုင်ခန်းများ ရာနှင့် ချီ ထားရှိသည့် အဆောက်အအုံသည် ဒေသစံတော်ချိန် နံနက် (၉)နာရီတွင် ပြိုကျခဲ့ခြင်းဟု ပြောဆိုခဲ့ သည်။

မျက်မြင်များက အချို့သော သူများသည် အပျက်အစီးများအောက်မှ တွားသွားထွက်လာကြောင်း ပြောဆို ခဲ့ကြ သည်။ လက်ရှိတွင် မီးသတ်များနှင့်အတူ စစ်သားများကပါ ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင် ဆောင် ရွက်နေသည်။ အဆောက်အအုံ ပြိုကျမှုအတွင်း ပထမထပ် နေရာအများစုသာ အက်ရာ အနည်း ငယ်မျှ ထင်ကျန်ရုံမှလွဲပြီး အကောင်းအတိုင်း ရှိနေကာ ကျန်နေရာများမှာမူ လုံးဝ ပျက်စီးသွားကြောင်း သိရ သည်။ ဆရာဝန်များက ဒဏ်ရာရသူများထဲတွင် အလွန်အခြေအနေ ဆိုးရွားသူများ ပါဝင်နေရာ အသေ အပျောက် များလာဦးမည်ဟု ယူဆရကြောင်း ဝန်ခံခဲ့သည်။ အဆောက်အအုံနှင့် ပတ်သက်ပြီး နေထိုင် သွား လာသူ မည်မျှ ရှိသည်ကို တိတိကျကျ မသိရသေးသော်လည်း ဘိလပ်မြေ စက်ရုံအတွက် အလုပ်လုပ်သူ ထောင် ပေါင်း အတော်များများ ရှိနိုင်ကြောင်း နီးစပ်သူများက ပြောကြားခဲ့သည်။












Source: Xinhua
From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်