Wednesday, April 24, 2013

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးဘေး၌ ရာဘာပင်စိုက်ပျိုးသောလုပ်ငန်းရှင်များကို ကျူးကျော် ၀င်ရောက် စိုက်ပျိုး သည်ဟု မပြော သင့်ဟုဆို

Posted by drmyochit Wednesday, April 24, 2013, under | No comments


 ရန်ကုန်- မန္တလေး အမြန်လမ်း မကြီးဘေးမိုင်တိုင် (၂၃) မိုင် (၃) ဖာလုံမှ (၂၇) မိုင် (၇) ဖာလုံ၌ နှစ်ရှည် ပင် စိုက်ပျိုး ထားသော လုပ် ငန်းရှင်များကို ကျူး ကျော်ဝင်ရောက်  စိုက်ပျိုး သူဟု မပြော သင့်ကြောင်း  ထို့ နေရာတွင် ရာဘာ စိုက်ပျိုးသူ လုပ်ငန်း ရှင် တစ်ဦး ကပြောကြား သည်။

“အန်တီ တို့ ရာဘာ စိုက်ပျိုး တုန်း က ဒီနေရာဟာ တပ်မ နေရာလို့ မသိ ခဲ့ပါဘူး။ အခုမှာ ဒီနေရာဟာ  တပ်ပိုင်မြေ ဆိုတာ တပ်မ ဆိုင်းဘုတ်  ထူမှ သိရတာပါ။ အခု အန်တီ တို့ကို တပ်မက သူတို့ မြေထဲကို ကျူး ကျော်  ၀င်ရောက် စိုက်ပျိုးတဲ့ လို့ ထင်ပြီး ဥပဒေ ကြောင်းအရ အရေးယူရန်  စီစဉ် နေကြတယ်”ဟု ပြော သည်။

ထို့နေ ရာ၌ ရာဘာ စိုက်ပျိုး သူအ များစုမှား “တပ် မ တော်ပိုင်”ဟု  ၎င်းတို့ ပြောဆိုသော မြေကို အဓမ္မ ကျူးကျော် နေခြင်း မဟုတ် ကြောင်း ၎င်းမြေ ပေါ်တွင် နှစ်ပေါင်းကြာ ရှည်  နေထိုင် လုပ် ကိုင် စားသောက် နေသူ များကို တန်ဖိုး တစ်စုံ တစ်ရာ ပေးပြီးမှသာရာဘာစိုက်ပျိုးခဲ့ ကြောင်း အကယ်၍ကျူးကျော်မြေ  ဟုသတ် မှတ်ပါက အစိုးရနှုန်းထား   (၁)ဧက နှစ်သောင်းနှုန်းကို နိုင်ငံ တော်သို့တရား၊ ၀င်ပေးသွင်းသွား  မည်ဖြစ် ကြောင်း နိုင်ငံတော်မှချ ထားပေးသော နှစ်ရှည်ပင်စိုက်ပျိုး  ခွင့် (၃၀ နှစ်အရန်)ကို နှောင်ကြိုး  မဲ့ရယူ လိုကြောင်း ဤသို့ပေးသွင်း မှုအပေါ်တပ်မတော်အနေနှင့် နစ်နာမှုရှိပါကတပ်မတော်သို့ရန် ပုံငွေ အဖြစ် လစဉ် တိုင် တစ် ဧကကို  နှစ်သောင်း နှုန်းဖြစ် ပေးသွင်း သွားလို့ ကြောင်း ရရှိ လာသော ရာဘာ အစေ့များ ကိုလည်း တပ်မတော် စက်ရုံးသို့ ဦးစားပေး ရောင်းချသွား မည်ဖြစ်ကြောင်း ၎င်းင်းကဆက် လက်ပြော ကြား ခဲ့ သည်။

ယင်း နေရာ တွင် နေထိုင်သော  ဦးတင် ငွေကလည်း “ကျွန်တော် ဒီပဲ   ခူးရိုးမ တွင် နေ ထိုင် ခဲ့သော (၃၇) နှစ်ရှိပြီ။ စစ်တပ် မြေဟု ဘယ်တပ် ကမှ မပြော ခဲ့ဘူး။ ကျွန်တော်ပိုင်  တဲ့ မြေဧ ကက (၂၀၃) ဧက ရှိ တယ်။ (၃) ဧက ပဲရာဘာ စိုက်ပျိုး  နိုင်ခဲ့ပြီး ကျန်ဧက (၂၀၀) ကို လုပ်ငန်းရှင် ဒေါ်ဌေး ဌေးဝင်း ကို ပေးပြီး ရာဘာ စိုက်ခိုင်း ခဲ့တယ်”ဟု ပြော သည်။

ထိုသို့ ၎င်းပိုင် မြေ နေ ရာ၌ လုပ်ငန်း ရှင် များကို ရာဘာ စိုက်ပျိုး ခိုင်း သည်မှာ စိုက်ပျိုး စရိတ်ကြီး မား၍ ငွေမ နိုင်ခြင်း၊ နှစ်ဦး နှစ်ဖက်  အကျိုး ရှိစေရေး တို့ အတွက် ၎င်း ကမြေ စိုက်၍ လုပ်ငန်း ရှင် ဘက်က ငွေစိုက်ပြီး ရာဘာ ပင်ကို စိုက်ပျိုး  ခဲ့ ကြောင်း ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်း စစ် ဌာနချုပ် စစ်ဦး စီးမှူး (ပထမတန်း) ဒုတိယ ဗိုလ်မှူးကြီး သက် ခိုင်က “ကျွန်တော် တိုက် ဒီမြေ တွေကို ၁၉၉၆ ခုနှစ် ဇွန် ၁၈ ရက်နေ့က ပြည်ထဲရေး အမိန့်  ဖြင့် မြေတွေကို တပ်ပိုင်မြေ အဖြစ်  သိမ်းခဲ့ တယ်။ အစထဲက သူတို့ကို  ဒီမြေမှာ ရာဘာပင် မစိုက် ဖို့ပြော ခဲ့တယ်။ ဒါကို ရှေ့ဆက်ပြီး စိုက်ပျိုး  မယ်ဆိုရင် ဥပဒေ လမ်းကြောင်း အရ အရေး ယူသွားမယ်”ဟု ပြော သည်။

ထို့မြေ များကို တရားဝင်ပိုင် ဆိုင်လို ပါက မြန်မာ နိုင်ငံ ရင်းနှီး မြှုပ် နှံမှု ကော်မရှင် သို့ တရား ၀င် လျှောက်  ထားနိုင် ကြောင်း ထို့သို့ သက်ဆိုင် ရာသို့မ တင်ပြ ပါက တရားဝင် မြေ ပိုင်ဆိုင်မှု ရရှိနိုင်မည့်မ ဟုတ်ကြောင်း  အဆိုပါ ပုဂ်္ဂိုလ် ဆက်လက် ပြောကြား သည်။

ဖြိုးအောင်
From: The Hot News 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်