Wednesday, April 24, 2013

တရုတ်သင်္ဘောတွေကို ဂျပန် မောင်းထုတ်မယ်လို့ အပြတ်သားဆုံး သတိပေး

Posted by drmyochit Wednesday, April 24, 2013, under | No comments

 
နှစ်နိုင်ငံ စလုံးက သင်္ဘော တွေ အဲဒီ နယ်မြေကို ရောက်ရှိ နေတဲ့ အချိန်မှာ ဂျပန်က သတိပေး လိုက်တာ ဖြစ်

အရှေ့ တရုတ် ပင်လယ်ပြင်က သူပိုင် ငါပိုင် အငြင်းပွား နေကြတဲ့ ကျွန်းစု တွေမှာ တရုတ် သင်္ဘောတွေ လာပြီး ဆိုက်ကပ် မယ်ဆိုရင် ဂျပန် အနေနဲ့ အင် အားသုံး မောင်းထုတ် ရလိမ့် မယ်လို့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးက ပြောကြား လိုက်ပါတယ်။

ဒါဟာ မစ္စ တာ အာဘေးရဲ့ အပြတ် သား ဆုံးသော သတိ ပေးချက် ဖြစ်ပြီး၊ နှစ်နိုင်ငံ စလုံးက သင်္ဘောတွေ အဲဒီ နယ်မြေကို ရောက်ရှိ နေတယ်လို့ သတင်းတွေ ထွက် နေတဲ့ အချိန်မှာပဲ အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။

တရုတ် ထောက် လှမ်းရေး သင်ဘော ၈ စီး နဲ့ ဂျပန် ငါးဖမ်းလှေ ၁၀ စီး တို့ အဲဒီ ဒေသမှာ ရောက်ရှိ နေတာ ဖြစ်ပြီး၊ ဂျပန် ငါးဖမ်းလှေ ပေါ်မှာ လက်ယာယိမ်း ဂျပန် အမျိုး သားရေး ဝါဒီ အဖွဲ့ဝင် တွေ ပါပါ တယ်။

အခုလို ဂျပန် အမျိုး သားရေး ဝါဒီတွေ ဒီနေရာကို ခရီးထွက် လာတာဟာ တရား မဝင်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန က တုံ့ ပြန် ပြောပါတယ်။

From: BBC

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်